top of page
Search
Writer's pictureMyat Tun Oo

စိုးရိမ်ရင် တိုးတက်မလား?

စိုးရိမ်ရင် တိုးတက်မလား?



စာရေးသူတို့တိုင်းပြည်မှာ မအလအုပ်ချုပ်ရင် ဘာဖြစ်မလဲဆိုရင် နေဝင်း၊ သန်းရွှေခေတ်ထက်၁၀ ဆ ဆိုးသွားမယ်ဆိုတာပါ။ မြောက်ကိုရီးယားမဟုတ်ဘဲ ဆီးရီးယား (သို့) ယီမင်လို ဖြစ်သွားမှာပါ။ ဒါက မအလသာ အုပ်ချုပ်ခွင့် အပြည့်ရရင် ဖြစ်သွားနိုင်တာပါ။ မအလအုပ်ချုပ်ရင် ပန်းပန်ဖို့ခွင့်တောင်းရသလို င်္အကျီတောင် အနီဝတ်ဖို့ ခွင့်တောင်းရမှာပါ။

ဒီနေရာမှာ အချို့က အုပ်ကြီးသေတာ အုပ်ကြီးရုံးက စာရေးမသေတာကို စိုးရိမ်ကြပါတယ်။ မလုပ်ပါနဲ့ အနောက်အုပ်စုက ကြိုက်ပါ့မလားပေါ့။ စာရေးသူရဲ့ မိန်းမကတောင် ဒီလိုမေးခွန်းမျိုးမေးပါတယ်။ ဒါပေမယ့် စာရေးသူက ပြန်ဖြေတာက ဆန္ဒပြသူတွေ အပစ်ခံရလို့ သေနေချိန်မှာလဲအနောက်အုပ်စုရော ကုလရောက စိုးရိမ်နေတာနဲ့ ပြီးနေတာပါ။ အုပ်ကြီးကတိုင်လို့ သတင်းပေးလို့ အဖမ်းခံရသူတွေ ဘဝပျက်သွားသူတွေ အများကြီးပါ။ အုပ်ကြီးတိုင်လို့ အဖမ်းခံရချိန် ပစ်သတ်ခံရချိန် ဘယ်ကုလတပ်က လာကယ်ပါသလဲ? ဘယ်အမေရိကန်တပ်က လာကယ်ပါသလဲ?

စာရေးသူက ဥပမာနဲ့ ပြောပြလိုပါတယ်။ ဥပမာ ဒေါက်တာထားထားလင်း လင်မယားအဖမ်းခံရတာ စစ်ဗိုလ်ကတော် ခင်ခင်ကြီးကြောင့်ပါ။ ထားထားလင်းရဲ့ ကလေးပါ အဖမ်းခံရတာပါ။ ဒါကိုတော်လှန်ရေးသမားက ခင်ခင်ကြီးကို မုန်ဟင်းခါးကျွေးရင် နင်က ကုလက မကြိုက်မှာမိုလို့ သွားတားမှာလားလို့ ပြန်မေးခွန်းထုတ်ခဲ့ပါတယ်။ ထို့အတူ စစ်ခွေးအောင်လင်းဒွေးညီမ မန္တလေးဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးကြောင့် မန္ဒလေးက ဆရာဝန်များစွာ အဖမ်းခံရသလို မန္တလေးဆေးတက္ကသိုလ်ပါချုပ်လဲ ထွက်ပြေးနေရပါတယ်။ စုစုဒွေးဟာ CDM ဆရာဝန်တွေ ဆေးကျောင်းသားတွေလုပ်တဲ့ လိုင်းပေါ်ကပွဲကို ခိုးတက်ပြီး သတင်းယူတာပါ။ သူမကြောင့် အချို့ဆရာဝန်တွေက အသတ်ခံခဲ့ရပါတယ်။ ဒလန်စုစုဒွေးကို တော်လှန်ရေးသမားက မုန့်ဟင်းခါးကျွေးလို့ သေသွားခဲ့ရင် နင်က ကုလက မကြိုက်မှာစိိုးလို့ သူ့ကိုမသတ်ဘဲ ထားမှာလားလို့ ပြန်မေးခွန်းထုတ်ခဲ့ပါတယ်။

ဒီနေရာမှာ ဒေသခံအဖွဲ့တွေကလုပ်တာကို PDF နာမည်ကြောင့် NUG နာမည်ပျက်မှာ စိုးရိမ်သူများလဲ ရှိနိုင်ပါတယ်။ ယခုအချိန်မှာ ဒီတိုက်ပွဲက ပြည်သူကသာ ဦးဆောင်နေလို့ NUG က မိမိမလုပ်ခိုင်းထားရင် မိမိအဖွဲ့မဟုတ်ဘူးဆိုတာပြောရင် လုံလောက်မှာပါ။ ရခိုင်မှာတော့ AA က အဖွဲ့အားလုံးကို ထိန်းချုပ်နိုင် လက်နက်ရိက္ခာ ထောက်ပံ့နိုင်လို့ ပြောရတာလွယ်ပါတယ်။လောလောဆယ်က NUG မှာ တစ်နိုင်ငံလုံးကို လက်နက် ရိက္ခာမထောက်ပံ့နိုင်သေးပါ။

အကျဉ်းချုပ်က သင်ဆန္ဒပြလိုရင်ပြပါ။ CDM လုပ်လိုရင် လုပ်ပါ။ ငွေထောက်ပံ့နိုင်ရင် ထောက်ပံ့ပါ။ ဇွတ်ဇွတ် ဖောင်းဒိုင်းလုပ်နိုင်ရင်လုပ်ပါ။ တပ်ထဲကသတင်း စုဆောင်းနိုင်ရင် စုဆောင်းပါ။ မအလကို တပ်ထဲကနေ ဒန်ပေါက်ကျွေးနိုင်ရင် ကျွေးပါ။ NUG ရဲ့ PDF ထဲ ဝင်လိုရင် ဝင်ပါ။ ဒါပေမယ့် ဟိုဟာဖြစ်မှာစိုးလို့ ဒီဟာဖြစ်မှာစိုးလို့ဆိုပြီး သိပ်မစိုးရိမ်နေပါနဲ့။ တိုက်ပွဲတိုင်းမှာ ပေးဆပ်မှုရှိမှာပါ။ ဥရောပလဲ ဒုတိယကမ္ဘာစစ်မှာ နာဇီအောက်မရောက်ဖို့ ဗုံးအကြဲခံ ပေးဆပ်ခဲ့ရပါတယ်။စာရေးသူတို့လဲ မပေးဆပ်ဘဲ ဘာမှ မရပါဘူး။ စိုးရိမ်တာဟာ စာရွက်ပေါ်မှာ ဖတ်လို့ကောင်းပေမယ့် တော်လှန်ရေးမှာတော့ အဆင်မပြေပါလို့ ပြောပါရစေ။ စာရေးသူတို့ မျက်စွာဘုရားကကိုယ်ထူကိုယ်ထကိုသာ ဟောခဲ့တာပါ။ မိမိကိုယ်တိုင် တရားထိုင်မှ နိဗ္ဗန်ရောက်မှာပါ။ ဒါ့ကြောငိ့လုပ်စရာရှိတာကို သွေးပူတုန်း ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီးသာ လုပ်ကြပါ။နောက်ဆုံးကတော့ ပြည်သူသာ အဓိကပါလို့ ပြောပါရစေ။

1,342 views2 comments

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

ကြေညာချက်က ရန်ဖြစ်စရာမဟုတ်

အချင်းချင်း ရန်မဖြစ်ပါနဲ့။ စာရေးသူက MNDAA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ TNLA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ AA က...

2 Comments


Myint Soe Oo
Myint Soe Oo
Jun 29, 2021

မငြိမ်းချမ်းသော လောကကို ငြိမ်းချမ်းအောင် လုပ်သင့်လုပ်ထိုက်တာမှန်သမျှ လုပ်ဆောင်ခြင်းသည် တရား မျှတပါသည်။

~ဖြစ်ရပ်မှန်တစ်ခု ရက်ပိုင်းအတွင်းဖြစ်ပွါးခဲ့ပါသည်။ ----ဒေသ စစ်ဘေးရှောင် ပြည်သူအတွက် ထောက်ပံရန်ရည်ရွယ်၍ရပ်ကွက်ထဲက ခင်ရာမင်ရာများထံ အလှုငွေတိုးတိုးတိတ်တိတ် လိုက်လံကောက်ခံသူ နှစ်ဦးကို ည၁၂နာရီ မထိုးမီ၊ အိမ်ရှေ့ပေါက်ဝရောက် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပါသည်။အတွင်းလူ ခေါ် ဒလန် ခေါ်ရာမှုး အုပ်ကြီး အားထုတ်မှု မပါပဲနဲ့ သည်အမှုမဖြစ်ပေါ်နိုင်ပါ။

စစ်ဘေးရှောင်ရမည့် ကောင်းကျိုးတွေလည်း ဆုံး ၊ လူမှုကိစ္စ လှုပ်ရှားဆောင်ရွက်သူ (အရွယ်ကောင်း ၃၀ ဝန်းကျင်နှစ်ဦး)လည်း နစ်နာ၊ လှုဒါန်းမိသူတွေတော့ မိမိအလှုအတွက် စိတ်တထင့်ထင့်။ စိုးရိမ်သောက ရရှိခံရပါသည်။ ဝန်းကျင်မှာ ဆိုးကျိုးပေါ်ခြင်း၏ လက်သည်တရားခံသည် ရာမှုး ဒလန် အုပ်ကြီး။ အကြောင်းသတ်လျှင် အကျိုး ရပ်ပါမည်။ သို့ပါ၍ အုပ်ကြီး ရာမှုး မှန်သမျှ ဇွပ် ဇွပ် ခံရပါသည်။ မငြိမ်းချမ်းတဲ့ ဘဝတွေ ငြိမ်းချမ်းချင်လွန်းလို့ပါ။ ငြိမ်းချမ်းရေး ဖော်ဆောင်သူကို အပြစ်သားဟု မြင်သူသည် သူကိုယ်တိုင် အဓမ္မသမားဖြစ်ပါသည်။

သို့ပါ၍လည်း စာတွေ အထပ်ထပ်ထုတ်၍ ငြိမ်းချမ်းရေးလိုလားသူ ဓမ္မဝါဒီများအဖြစ် ဖော်ပြ ဂုဏ်ထုတ်နေကြခြင်းဖြစ်ပါသည်။

စကစ လှုပ်ရှားမှုအတွက် အုပ်ကြီးနှင့် သူ့လူ(ဒလန်)မျာက ရေသောက်မြစ် အသက်။ရေသောက်မြစ်ဖြတ်နိုင်ပါက အပင်ရေရှည်မတည်တံ့နိုင်။

**တရား သိသောသူသည် ၊ မတရားတာကို မတရားတာမှန်း (တရား မသိသောသူများထက်)

ပို၍ သိပါသည်**။

သို့ပါ၍ **ဓမ္မ နှင့် အဓမ္မ ၊ ရေရှည်မှာ ဓမ္မက လွှမ်းမိုး အနိုင်ယူပါသည်**

ယင်းပွဲတွင် ဓမ္မဖက်မှ မိမိကိုယ်တိုင် တတ်စွမ်းသမျှသော ကံသုံးပါးဖြင့်ကိုယ်တိုင်ကိုယ်ကျ ပါဝင်မှသာ အောင်ပွဲပန်းတိုင်သို့မြန်ဆန်စွာရောက်ရှိပေမည်ဟု ခံယူကျင့်သုံးအပ်ပါသည်။


Like

Myint Soe Oo
Myint Soe Oo
Jun 29, 2021

ဦးမြတ်!! ဖွားစု အစိုးရလက်ထက်မှာ နယ်ပယ်အနှံ့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြရပါသည်။ အကြောင်းမှာ အမှောင်ကိုဖယ် အလင်းနယ် ရောက်စေသည့် **လျှပ်စစ်မီး**ရပြီး ၊ လောကနိဗ္ဗာန်တစ်ခု ထူထောင်မှု ပြုခဲ့ကြရသောကြောင့်ဖြစ်ပါသည်။

~မျက်မှောက် စကစ ထိန်း ၊ မငြိမ်းတဲ့ခဏလေးမှာ နယ်စွန်ဖျားမှသည် ကျေးလက်တောင်သူအဆုံး အပူလုံးကြွ ၊ မီးလောင်မှုကို အကြီးအကျယ် ခံစားလိုက်ရပါပြီ။ တောက်လောင်ခံရသောမီးက စိုးရိမ်ပူပန်မှုဟူသော ##သောကမီး သာဖြစ်ပါသည်။


<<<<<<<<<<<<<>>>>>>>>>>>>>>>>>


တရားကို စိတ်လက်ကိုယ်ပါ အားထုတ်ငြား တရားမရသော် စိုးရိမ်ပူပန်မှု ဖြစ်တတ်ပါသည်။ ထို့သို့သော စိုးရိမ်ပူပန်မှု(သောက/ဒေါသအုပ်စုဝင်)သည် ဖြစ်ကောင်းသည်ဟု သတ်မှတ်ပါသည်။

ဘုရားရှင်ကိုယ်တော်တိုင်၊ ဟိံသက(အဂင်္ုလိမာလ လျောင်းလျာ)မှ မိခင်ဖြစ်သူအား သတ်ဖြတ်ရန် လိုက်လံရန်ပြုစဥ့် မိခင်နှင့် သားကြား အရံအတားဖြစ်စေပြီး လူသားနှစ်ဦး၏ အသက်နှင့် ဘဝကို ကယ်ဆယ်ဆောင်ယူတော်မူခဲ့ပါသည်။ မနော ဝစီ ကံများလွန်မြောက်ပြီး

ကာယကံ မြောက် ဆောင်ယူတော်မူခဲ့ပါသည်။

(ဘုရားရှင်သည် ကိလေသာအမြစ်ပြတ်ပယ်ပြီးဖြစ်၍ စိုးရိမ်သောက မရှိငြား၊ သတ္တဝါအကျိုးလိုလားသော မဟာကရုဏာတော်သည် ကိန်းဝပ်ပါသည်)။


************************************


လောကကို ငြိမ်းချမ်းစေရန်ရည်သန်၍လုပ်သင့် လုပ်ထိုက်သော ကာလမှာ လုပ်သင့်သမျှကို

Like
bottom of page