top of page
Search
Writer's pictureMyat Tun Oo

စိုးရိမ်သူ ဒီမိုသူတော်ကောင်းများအတွက်


စာရေးသူရဲ့ စာဖတ်သူများရော အသိများကပါစိုးရိမ်တာလေးရှိလို့ ဒီစာကို အသိအမြင်ပွင့်အောင်ရေးပါတယ်။ အချို့က တကယ်စိုးရိမ်တာဖြစ်နိုင်သလို အချို့က ဘောမစိုးရိမ်တာပါ။

ပထမက ဟိုဗုံးတစ်ခုပေါက်ချိန်မှာ အနားက အောင်ဘာလေထီရောင်းနေပါတယ်။ ဒါနဲ့ ဒီမိုတစ်ယောက်က အောင်ဘာလေထီသမားကို ထိမှာစိုးရိမ်ပါတယ်။ အပြစ်မဲ့ပြည်သူထိမယ်ပေါ့။ နောက်တာဝါတိုင်ထိတော့လဲ Mytel တော့လုပ်ပါ ကျွန်တော်တို့ Telenor လေး Oredoo လေးတော့ မထိပါစေနဲ့ ဘာညာပေါ့။ အိုကေ။ သီအိုရီကို လေ့လာရအောင်။ NUG ကတရားဝင်အစိုးရ။ ဒါက စာရေးသူရဲ့မျက်စေ့ထဲမှာ။ ပြည်သူများလဲ သဘောတူမှာပါ။ NUG က မအလအစိုးရနဲ့ တပ်ကို အကြမ်းဖက်အဖွဲ့ကြေညာထားတယ်။ ဒါ့ကြောင့် မအလအောက်မှာ အမှုထမ်းရင် အကြမ်းဖက်သမား၊ မအလကို အခွန်ပေးရင် အကြမ်းဖက်အဖွဲ့အားပေးသူပါ။ ဒါကို ဖွတ်သန်းဌေးနဲ့ မဲလုံးနေရာကဝင်ကြည့်။ NUG က တရားမဝင်အစိုးရ။ NUG အောက်မှာ အမှုထမ်းရင် အကြမ်းဖက်သမား၊ NUG ကို ငွေထောက်ပံ့ရင် အကြမ်းဖက်ထောက်ပံ့သူ၊ NUG ရဲ့ PDF ကို လက်ခံရင် အကြမ်းဖက်အားပေးသူ အိမ်သိမ်းမယ် ဘာညာလုပ်တယ်။

ဒီမိုသူတော်ကောင်းများနဲ့ Gen Lee များကို ပြောပြမယ်။ မအလတပ်က ဒီမိုဆန္ဒပြသူကိုဖမ်းတယ်၊ မမိရင် မိသားစုကိုဖမ်းတယ်။ အိမ်တွေကိုသိမ်းတယ်။ NUG နဲ့ အလုပ်လုပ်တဲ့ CDM ဝန်ထမ်းတွေကိုဖမ်းတယ်။ ပြီးရင်ပစ္စည်းသိမ်းတယ်။ NUG ထီရောင်းရင် ထီရောင်းသူကိုဖမ်းတယ်။ သတ်တယ်။ NUG ကို ငွေကြေးထောက်ပံ့ရင် အဆိုပါလူကိုဖမ်းတယ်။ NUG ကိုထောက်ပံ့တယ်ဆိုပြီး ထမင်းဆိုင်ကို ဘူဒိုဇာနဲ့ ထိုးပြီးဖျက်စီးတယ်။ ဒါက ထားလိုက်။ ရွာတွေကို သူ့တိုက်တာနဲ့ တစ်ရွာလုံး ဘုန်းကြီးကျောင်းပါမကျန် မီးရှို့တယ်။ ရိုဟင်ဂျာကလဲ သူ့ဖာသာမီးရှို့၊ ရခိုင်ရွာတွေကလဲ သူ့ဖာသာမီးရှို့၊ ယခု လူမျိုး ဗမာ၊ ဗုဒ္ဓဘာသာ စစ်ကိုင်းကရွာတွေကလဲ ကိုယ့်ဖာသာမီးရှို့တယ်ဆိုပြီး မအလတပ်က မီးရှို့ပြီး လိမ်ကြေညာတာ ယောင်္ကျားပီသပါသလား?

ဒါဆိုရင် မအလနဲ့ ပတ်သက်သူတွေ ဘာဖြစ်မလဲ? မအလတပ်ကကြည့်တဲ့အမြင်နဲ့ ပြန်ကြည့်ပါ။ မအလအောက်မှာ အမှုထမ်းရင် အကြမ်းဖက်သမားအောက်မှာ အမှုထမ်းလို့အကြမ်းဖက်သမားပါ။ အကြမ်းဖက်သမားဆိုရင် အမေရိကန်၊ အင်္ဂလိပ်က ချေမှုန်းပါတယ်။ထို့အတူဘဲ မအလကို အခွန်ပေးရင်၊ မအလထီရောင်းရင် အကြမ်းဖက်သမား အားပေးပါ။ထိုသူများဟာလဲ အကြမ်းဖက်သမား ကြံရာပါတွေပါ။ မအလတပ်ကို လက်ခံတဲ့အိမ်၊ မအလစစ်တပ်အရာရှိကို လက်ခံတဲ့အိမ်ဟာလဲ အကြမ်းဖက်အားပေးအိမ်ပါ။ မအလက PDF ကိုလက်ခံရင် အိမ်သိမ်းမယ်လို့ ကြေညာသလို မအလတပ်၊ရဲနဲ့ အကြမ်းဖက်အုပ်ချုပ်ရေးအဖွဲ့ကို လက်ခံတဲ့အိမ်ဟာလဲ ပြည်သူတွေရဲ့ သိမ်းတာခံရမှာပါ။

ဒါဆိုရင် Gen Lee နဲ့ ဒီမိုသူတော်ကောင်းများစိုးရိမ်သလို သူဖျက်ကိုယ်ဖျက်ဆိုရင် ပျက်ကုန်မှာပေါ့ဆိုတာလေးကိုလဲရှင်းပါ့မယ်။ ဥပမာ သူတို့က NLD ရပ်ကွက် ဥက္ကဌအိမ်ကိုဖျက်လို့ဖွတ်အိမ်၊ တပ်ထဲက လူရဲ့ပိုင်ဆိုင်တဲ့အိမ် ရဲအရာရှိခိုးဝယ်ထားတဲ့အိမ်ကို ဖျက်မိတယ်ဆိုပါစို့။ NLD ဥက္ကဌမှာက ခိုးထားတာဘာမှမရှိပါ။ ဖွတ်နဲ့ မအလတပ်က သူခိုးတွေမိုလို့ သူတို့အိမ်တွေက ပျက်စီးဆုံးရှုံးမှု ပိုများပါမယ်။ မအလက NUG ကို ထောက်ခံသူရဲ့အိမ်ကိုသိမ်းလို့ပြည်သူတွေက မအလကို အခွန်ပေးတဲ့ လုပ်ငန်းတွေကလဲ အကြမ်းဖက်အားပေးမိုလို့တိုက်ခိုက်လို့ အတိုက်ခံရရင် ဘယ်သူနာပါမလဲ? NLD အိမ်က သိန်း ၁၀၀ ဆို ဖွတ်သူခိုး၊ တပ်သူခိုးအိမ်က သိန်ူ ၁၀၀၀ပါ။ ဒါစီးပွါးရေးတွေမပါသေးဘူးနော်။ နောက်ဆုံးကတော့ ပြည်သူသာ အဓိကပါ။ ယခုရေးတာက သူတို့ကို သွားတိုက်ဖို့ ပြောတာ အားပေးတာမဟုတ်ဘဲအပြန်အလှန်တိုက်ရင် ဘယ်သူကပိုနာမလဲဆိုတာ သိရအောင် သဘောပြောပြတာပါ။ မအလက သူလူအားလုံးကို လုံခြုံရေးပေးနိုင်မယ်ထင်ပါသလား? သူ့စစ်တပ်ကလူတွေတောင် ရန်ကုန်မြို့လယ်ကောင်၊ မန္တလေးမြို့လယ်ကောင်မှာ အသတ်ခံနေရတာပါ။ ပြည်သူတွေက မလုပ်ချင်သေးလို့ပါ။ ပြည်သူရဲ့အိမ်ကို PDF လက်ခံလို့သိမ်းရင် တူသောအကျိုးပေးပါလိမ့်မယ်။ ရင်ကြားစေ့ရေးက ပြီးသွားပါပြီ။

337 views1 comment

1 Comment


Myint Soe Oo
Myint Soe Oo
Sep 10, 2021

ဦးမြတ်!!! ပြည်သူအများဟု စားဝတ်နေအတွက် ပူပန်ရသော နဂိုသောက အပြင်

မသမာသူတို့ကြောင့် အပိုသောကမီးပါတောက်လောင်နေပါသည်။

ကုန်စျေးနှုန်းကြီးမြင့်မှု

လမ်းပမ်းအဆက်အသွယ် မကောင်းမွန်မှု

ဆေးကုသခွင့် အလွယ်မရနိုင်မှု

ညကာလ အိပ်ရေးပျက်မှု(စိတ်ချလက်ချ မအိပ်နိုင်မှု)

စိတ်ပမ်း ကိုယ်နွမ်းနေကြရပါပြီ။

ဒီမိုသူတော်ကောင်းတွေ ဒါတွေအတွက်ကြတော့ သောက မရောက်ကြဘူးဆိုရင်

လိုရာရိတ်တဲ့ ကွက်ကြားသူတော်ကောင်းသာ ဖြစ်ပါလိမ့်မည်။

ကိုယ်ချင်းစာ နာပြီး ၊ ဆင်းရဲမှု မဖြစ်စေလိုသော စိတ်စေနာကို **ကရုဏာ**ဟုခေါ်ပြီး သူတော်ကောင်းမှန်သမျှ ကျင့်သုံးကြပါသည်။

~နယ်မြို့အသီးသီးမှာ ဒေါ်လာစျေးကြောင့် ကုန်စျေးတက်ရောင်း ရတာပါလို့ အကြောင်းပြနေတဲ့ ကြောင်သူတော် ကုန်သည်တွေကို အပြစ်မမြင် ၊ အပြစ်မတင် မရှုံ့ချသမျှ သူတော်ကောင်းဖြစ်ပါ့မလား???

~စာမျက်နှာဓါတ်ပုံတွေမှာ ဖော်ပြနေတဲ့ စားဖွယ်အလှူတွေထဲမှာ မပါမဖြစ် ပါရှိနေတာက ရသာချိုကုမ္ပဏီထုတ်သော**ယမ်ယမ်ခေါက်ဆွဲခြောက်**။ဒေါက်တိုင် ခေါက်ဆွဲခြောက်မှန်းသိလျက် (မိမိအမြတ်ရလို့ ရောင်းလိုမှုနဲ့)ဆိုင်မှာတင်ရောင်းနေသူတွေဟာ သူတော်ကောင်းတွေ ဟုတ်ရဲ့လား။

~ထူးကုမ္ပဏီပိုင် စက်သုံးဆီဆိုင်မှာ စည်ကားတိုးမပေါက် ဝယ်ယူအားပေးနေတာ အပြစ်လား?သူရောင်းပေးနေလို့ ဝယ်ရတာ အဆင်ပြေနေသေးတယ်လို့ ခုခံကာကွယ်ပြောသူတွေ ထူးဆီဆိုင်လည်း ဒေါက်တိုင်တခုလို့ မမြင်နိုင်တာ

~သောက်သူတွေတောင်းဆိုလာလို့ လက်သိတ်ထိုး ကြိတ်ပုန်းရောင်းတဲ့ မြန်မာဘီယာဆိုင် အပေါ်အမြစ်မမြင် ချစ်ခင်နေမှုအပေါ် အမှန်မမြင် မျက်ကွယ်ပြုထားမှုရှိနေသူတို့လည်း သူတော်ကောင်းဘဝ မခံယူသင့်ပါ။

သူတော်ကောင်းအဖြစ် ခံ ယူ လိုပါက

~PDF&GZ သတင်းများကို သိသမျှ နှုတ်လုံပါစေ။ မျက်နှာသိ ကျွမ်းဝင်သူနှင့်သာ

ပြောဆိုပါ။

~တို့ဟူးသုတ်သည် ခေါင်းရွက်ဗျတ်ထိုးစျေးသည် ကွမ်းယာသည် တက္ကဆီဒရိုင်ဘာမှန်သမျှ ယခုကာလ မယုံရဟူ၍လည်း နှလုံးသွင်းအပ်ပါသည်။ ကြုံကြိုက်၍ စကားပြောခဲ့လို့ စကားလာနှိုက်ရင် ဒင်း!!!တို့ပဲ ဟု ဆင်ခြင်ပါ။

(ဒီမိုစစ်စစ်တဦးက လိုက်ထရပ် ကားနံပါတ်ပေါ်အောင်ရိုက်ပြပြီး ကားပေါ်ပါ စျေးသည်အစုံ ပုံကို မြင်ရ၍ ယခုကဲ့သို့ပြန်လည် ရေးသားနိုင်ခြင်းဖြစ်ပါသည်)

**ဒီမိုသူတော်ကောင်းအစစ် အနှစ်ဖြစ်ပါသည်**

အချို့စွမ်းနိုင်သော ဒီမို သူတော်ကောင်းများက ကားအမျိုးအစား ကားနံပါတ် ကားအရောင်များတွဲဖက်လျက် ဘယ်နှစ်ယောက်…


Like
bottom of page