စစ်ကိုင်းငလျင်လား မန္တလေးငလျင်လား?
- Myat Tun Oo
- Apr 8
- 1 min read

စစ်ကိုင်းငလျင်လား မန္တလေးငလျင်လား?
မအလက လူတွေကို စစ်ကိုင်းငလျင်အစား မန္တလေးငလျင်လို့ခေါ်ခိုင်းနေတာက စစ်ကိုင်းဟာ တော်လှန်ရေးရဲ့ အစဖြစ်ပြီး တော်လှန်ပုန်ကန်နေတဲ့မြို့ရဲ့သင်္ကေတပါ။ ယခုငလျင်ဟာ မန္တလေးကိုဖျက်ဆီးခဲ့သလို နေပြည်တော်ကိုလည်း အကြီးအကျယ်ဖျက်ဆီးခဲ့ပါတယ်။ နေပြည်တော်က နန်းတွေရဲ့အစိုးရအဆောက်အအုံတွေ ရုံးတွေဟာ နေလို့မရအောင်ပျက်စီးသွားခဲ့ပါပြီ။ စစ်တပ်ထဲက အဆောက်အအုံတွေဟာလဲ ပျက်ခဲ့သလို လူနေဖို့ခက်ခဲသွားပါပြီ။ လွှတ်တော်မှသည် သမ္မတအိမ်အထိ မအလကို CDM လုပ်သလို ငလျင်က လုပ်သွားခဲ့တာပါ။ ဒါကြောင့် မအလက ဗေဒင်ဆရာနဲ့သွားတွေ့ရာမှာ စစ်ကိုင်းငလျင်လို့ခေါ်ခဲ့ရင် စစ်ကိုင်းကတော်လှန်ရေးဟာ နေပြည်တော်အထိရောက်လာပြီး သူစစ်ရှုံးမယ်ဆိုတာကို နိမိတ်ဖတ်လို့ ဒါကို ယတြာချေတဲ့အနေနဲ့ စစ်ကိုင်းငလျင်အစား မန္တလေးငလျင်ဆိုပြီးနာမည်ပြောင်းဖို့ကြိုးစားတာပါ။ ဒါဟာသာမန်မှာ ဘာမှအရေးမကြီးဘူးလို့ထင်ရပေမယ့် ဗေဒင်ယတြာတွေကို ယုံကြည်သူ မအလအတွက်ကတော့ နိမိတ်မကောင်းလို့ နာမည်ပြောင်းလိုတာပါ။ ပြီးရင် လူတွေကိုကယ်မယ့်အစား ဘုရားထီးတော်ပြန်တင်တာ ဘုရားပြင်တာတွေကိုလည်း အဓိကထား ဦးစားပေးလုပ်ဖို့ ညွှန်ကြားထားပါတယ်။ ကျန်တာကနောက်မှဆက်ရေးပါ့မယ်။ ဗေဒင်ရူးအတွက်က နိမိတ်မကောင်းလို့ သူ့အာဏာအတွက် နာမည်ပြောင်းတာပါ။
Comments