top of page
Search
Writer's pictureMyat Tun Oo

စစ်ကျွန်ခံသူ ဆရာဝန်များကို ဘာလုပ်ရမလဲ?


အာဏာမသိမ်းခင်က ပါတီကွဲတာဟာ ဝါဒကွဲတာလောက်မိုလို့ အမြင်မတူရင် ကျော်သွားလို့ရခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးချိန်မှာ အပြစ်မဲ့ပြည်သူ ရာပေါင်းများစွာကို စစ်တပ်က ပစ်သတ်ခဲ့လို့မအလရဲ့တပ်ဟာ အကြမ်းဖက်အဖွဲ့ ဖြစ်သွားခဲ့ပါပြီ။ ဆရာဝန်တွေထဲမှာ CDM လုပ်သူရှိသလို မလုပ်သူများလဲရှိပါတယ်။ ဒီအထိက ကြံဖန်နားလည်ပေးလို့ ရပါသေးတယ်။

ဒါပေမယ့် လူသတ်သမား သူခိုးမိသားစုက ဖွင့်ထားတဲ့ ဖက်ဆစ်တပ်အမည်ခံထားတဲ့ မိုးကောင်းရတနာဆေးရုံမှာ အလုပ်လုပ်တာကတော့ စစ်ကျွန်ခံတာ ဘောမတာ ဖြစ်သွားပြီး အကြမ်းဖက်အဖွဲ့ကို ဝင်ငွေရှာပေးတဲ့ အကြမ်းဖက်သမားစာရင်း ဝင်သွားခဲ့ပါပြီ။

အဆိုပါဆရာဝန်များထဲက အချို့ဟာ နိုင်ငံခြားမှာ သူတို့သားသမီးများကို ကျောင်းထားထားသူများလဲ ရှိပါတယ်။ နောက်မှ အကျယ်ရေးပါ့မယ်။ အချို့က ယခင်မဆလဝန်ကြီးရဲ့သား အချို့က လက်ရှိဒုဝန်ကြီးကတော် အချို့ကတော့ ဗိုလ်ကတော်၊ အချို့က စစ်ထောက်လှမ်းရေးသမီးပါ။ ဒီလို မအလကို ပံ့ပိုးပေးနေတဲ့ ဆရာဝန်များကိုလဲ ပိတ်ဆို့နိုင်အောင် နည်းလမ်းရှာကြပါ။ပြည်တွင်းမှာကတော့ ပြည်သူကသာ ဘာလုပ်ရမလဲ ဆုံးဖြတ်ရမှာပါ။ ဆုံးဖြတ်ချက်ခိုင်သောပြည်သူများ အဆိုပါဆရာဝန်တွေရဲ့ လိပ်စာသိလိုရင် CB ကို လာခဲ့ပါ။ စီးပွါးရေးပိတ်ဆို့တာနိုင်ငံခြားကို သင်တန်းတက်မရအောင်လုပ်တာ သူတို့သားသမီးတွေ ဗီဇာမရအောင် တားနိုင်ရင်အကောင်းဆုံးပါ။ အခြားနည်းနဲ့ ပြည်တွင်းမှာ ပြည်သူမှ ပြည်သူသို့ ဆုံးမလိုရင်လဲ ပြည်သူတွေရဲ့သဘောသာပါ။ မအလဟာ သူ့အုပ်ချုပ်ရေးမှူးတောင် လုံခြုံရေးမပေးနိုင်ပါ။ ပြည်သူသာ အဓိကပါ။ ဆရာဝန်ဆိုတာက စစ်တပ်လို ဘန်ကာနဲ့ ဆေးကုလို့မရပါ။ လူလိုနားလည်ရင်တော့ ပြည်သူဒဏ်ခတ်တာ မခံရဘူးပေါ့။

47 views0 comments

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

ကြေညာချက်က ရန်ဖြစ်စရာမဟုတ်

အချင်းချင်း ရန်မဖြစ်ပါနဲ့။ စာရေးသူက MNDAA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ TNLA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ AA က...

Comments


bottom of page