စစ်ကျွန်အဖြစ်နွံနစ်မခံပြီ
ယခုလွှတ်တော်မှာခြေဥပြင်ဖို့တပ်ကတင်နေတဲ့ဥပဒေမူကြမ်းတွေမှာဝန်ကြီးတွေကို၅၉(စ) ညီမှပေးလုပ်ဖို့နဲ့ကာလုံကိုလုပ်ပိုင်ခွင့်ပိုတိုးဖို့တင်လာတာတွေဟာဘာကိုအကျိုးဖြစ်ချင်လို့လုပ်သလဲစိတ်မှန်သေးရဲ့လားလို့စဉ်းစားစရာဖြစ်လာပါတယ်။
လွှတ်တော်ထဲမှာNLD ကမဲအများစုမိုလို့ဒီအဆိုဟာရှုံးမှာသေချာပါတယ်။ဒီအဆိုကိုတင်လိုက်လို့ဘယ်ပြည်သူကမှတပ်ကိုပိုချစ်လာမှာတိုးထောက်ခံလာမှာမဟုတ်တာသေချာပါတယ်။ တပ်ကိုတိုင်းရင်းသားဒေသတွေမှာတိုင်းရင်းသားများကမုန်းပါတယ်။ယခုလိုလုပ်ရင်ပြည်မကဗမာကပါထပ်မုန်းဖို့သာရှိပါမယ်။
နောက်ဒီရည်ရွယ်ချက်ကNLD နဲ့ပြည်သူကိုချောက်တာဆိုရင်လဲဟိုကကြောက်မှာမဟုတ်ပါ။NLD ကလက်နက်မရှိတာတောင်မကြောက်ခဲ့ပါ။ယခုအချိန်မှာကြောက်တတ်သူအချို့ကသာပရမ်းပတာနဲ့ဗလီတက်လိုက်၊ဘုရားကျောင်းတက်လိုက်လုပ်နေတာပါ။
ယခုတပ်ကတင်သွင်းလိုက်တဲ့ဥပဒေကဘာကိုပြသလဲဆိုတော့တိုင်းပြည်ကိုစစ်ကျွန်ပြုလိုတာကိုပြလိုက်တာပါ။
ပြည်သူများအနေနဲ့ကစစ်ကျွန်အဖြစ်နွံနစ်မခံလိုရင်၂၀၂၀မှာNLD ကိုသာမဲပေးပြီးအာဏာရှင်စနစ်ခေါင်းမထောင်နိုင်အောင်လုပ်ပြကြပါလို့တိုက်တွန်းပါရစေ။
zawgyi version
コメント