မြန်မာပြည်မှာ PDF စပေါ်ပြီး လက်နက်ကိုင်တော်လှန်ရေးစချိန်မှာ ပညာရှင်ဆိုသူများကလက်ရှိတပ်ဟာ နှစ် ၇၀ ကျော်အတွေ့အကြုံရှိလို့ မနိုင်နိုင်ဘူးပြောကြတပါတယ်။ နောက်ပညာရှင်ဆိုသူများကလဲ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းက လက်နက်ထောက်ပံ့တာကို အားပေးမှာမဟုတ်လို့ မအောင်မြင်နိုင်ဘူးဆိုပါတယ်။ စင်ကာပူ ဝန်ကြီးဟောင်းက အမေရိကန်စစ်တပ်က မလာနိုင်ကြောင်း ဒါကြောင့်စစ်ရေးအရ မဖြစ်နိုင်ကြောင်း အင်တာဗျူးမှာ ပြောခဲ့ကြပါတယ်။ အချို့ပညာရှင်များက လစ်ဗျားလို အနောက်ကဝင်လဲ မအောင်မြင်နိုင်သလို ဆီးရီးယားလို ထောက်ပံ့လဲ မအောင်မြင်နိုင်ကြောင်း ပြောခဲ့ကြပါတယ်။ ဒါက ဖေဖော်ဝါရီလမှာပါ။
သူတို့ပြောတာတွေက အမှန်လား? မှန်သင့်သလောက်မှန်ပါတယ်။ အမေရိကန်တပ် ဝင်မလာခဲ့ပါ။ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ အမေရိကန်၊ အင်္ဂလိပ်တို့က လက်နက်မထောက်ခဲ့ပါ။ ဒါဆိုရင်မအောင်မြင်တော့ဘူးလား? မြန်မာဟာ လစ်ဗျား၊ ဆီးရီးယားမဟုတ်ပါ။ မြန်မာလူမျိုးတွေဟာ လွတ်လပ်တဲ့လူမျိုးတွေပါ။ မြန်မာပြည်မှာ ပထမဆုံး လစ်ဗျား၊ ဆီးရီးယားနဲ့မတူတာကတရားဝင်အစိုးရရှိပြီးသားပါ။ နောက် အာဆတ်တပ်ဟာ သူ့လူမျိုးအပေါ်မူတည်ပြီး ဖွဲ့ထားတာဖြစ်ပေမယ့် မအလတပ်က အချောင်သမား၊ မုဒိမ်းကောင်များနဲ့သာ ဖွဲ့ထားတာပါ။အခြေခံစိတ်ဓာတ်မအလတပ်မှာ မရှိတော့ပါ။ စီစီဝမ်တာပန်တိုက်ခဲ့တဲ့ စိတ်ဓာတ်က ရာဇဝင်ထဲမှာ ကျန်ခဲ့ပါပြီ။
မအလတပ်ဟာ ဆန္ဒပြသူတွေကို ရက်စက်စွာ နှိမ်နင်းပြီးနောက်မှာ ပြည်သူအများစုကလက်နက်ကိုင်ဖို့ ဆုံးဖြတ်လိုက်ပုံပါ။ ဒီနေရာမှာ နဂိုကလဲ တိုင်းရင်းသားဒေသတွေမှာလက်နက်ကိုင်တွေရှိခဲ့ပါတယ်။ သူတို့တွေက လူမျိုးရေးအခြေခံဖွဲ့ထားလို့ သူတို့အင်အားကလူမျိုးကို အခြေခံရပါတယ်။ ယခင်ပွဲတွေက ဗမာမပါခဲ့ပါ။ ဒီပွဲမှာ ဗမာ့သူရဲကောင်းတွေ မွေးထုတ်လေ့ရှိတဲ့ စစ်ကိုင်းနဲ့ မကွေးမြောက်ပိုင်း၊ မန္တလေးအချို့ဒေသတွေက ပါဝင်လာခဲ့ကြပါတယ်။ အစပိုင်းမှာ တူမီးလောက်သာရှိခဲ့ပါတယ်။ ငွေကြေးမလုံလောက်လို့ PDF တိုင်းလက်နက်မရှိပါ။ ဒီနေရာမှာ မြန်မာလူမျိုးများက လက်နက်တွေကို စတင်ပြီး မိမိဖာသာထုတ်လုပ်လာခဲ့ကြပါတယ်။ မိုင်းတွေကိုလဲ စတင်တီထွင်ပြီး ခွဲလာခဲ့တာ တစ်ပွဲထက်တစ်ပွဲအားပိုကောင်းလာပါတယ်။ မအလတပ်က ရွာတွေမီးရှို့ လူတွေသတ် တုန့်ပြန်ခဲ့ပေမယ့် လင်သေရင် မယားက PDF၊ အဖေသေရင် သားက PDF ဖြစ်လာခဲ့ပါတယ်။ ယခုဆိုရင် PDF ကပြည်ပအားမကိုးဘဲ လက်နက်ကြီး အသေးစားတွေတောင် စထွင်လာတာကို စစ်ကိုင်းတိုက်ပွဲတွေမှာ တွေ့လာနေရပါပြီ။ ယခင်က မိုင်းကြောက်နေရတဲ့ မအလတပ်ဟာ ဘယ်ကမှန်းမသိတဲ့ လက်နက်ကြီးထိပြီး ဆေးရုံရောက်တာတွေ စရှိလာနေပါပြီ။ ဒါက ပြည်ပနိုင်ငံများက မကူညီတဲ့ကြားက ကိုယ့်အားကိုယ်ကိုးပြီး ဖြစ်လာတဲ့ မြန်မာ့တော်လှန်ရေးပါ။
ဒီနေ့ဆိုရင် စစ်ကိုင်းမှာ PDF က ကုန်ကားတွေ အခွန်ဆောင်တာ စစ်နိုင်တဲ့အဆင့်အထိအုပ်ချုပ်မှုက မြင့်မားလာနေပါပြီ။ မအလကရက်စက်စွာ တုန့်ပြန်နေပေမယ့် သူမသိတာကစစ်ကိုင်းအနီးနားပတ်ဝန်းကျင်က မြန်မာ့သူရဲကောင်းတွေ ထွက်လေ့ရှိပြီး နိုင်ငံတော်သစ်ပေါ်လေ့ရှိတယ်ဆိုတာပါ။ နောက်တော်လှန်ရေးမှာ လက်နက်ကိုင်အဖွဲ့များစွာ ကွဲနေတာဟာရေရှည်မှာ ပြဿနာရှိနိုင်ပေမယ့် ရေတိုမှာ စရဖက လိုက်မရဖြစ်စေခဲ့ပါတယ်။ စရဖက NUG ပို့တဲ့ လက်နက်အချို့ကို မိခဲ့ရင်တောင် အောက်ကအဖွဲ့တိုင်းက NUG အောက် မရှိသေးလို့အကုန်မမိနိုင်ခဲ့ပါ။ နောက် NUG အောက်မဟုတ်တဲ့ အဖွဲ့အချို့ရှိလို့ ပြည်သူက မုန့်ဟင်းခါးကျွေးချင်လဲ NUG နဲ့ မပတ်သက်ဘဲ ပြည်ပနိုင်ငံတွေကို မျက်နှာပူစရာမလိုဘဲ ကျွေးလို့ရခဲ့ပါတယ်။ ဒါကအဖွဲ့ကွဲနေချင်းရဲ့ ရေတိုအားသာချက်ပါ။
တော်လှန်ရေးဟာ လွယ်သလားဆိုတော့ မလွယ်ပါ။ ပေးဆပ်ရတာတွေများပါတယ်။ ပေးဆပ်မှုတွေလဲ ရှိနေဆဲပါ။ ကားနဲ့အတိုက်ခံရတာ မီးနဲ့အရှို့ခံရတာတွေက စိတ်မကောင်းစရာပါ။ ဒါပေမယ့် မအလတပ်ထဲမှာလဲ အထူးသဖြင့် စစ်ကိုင်းမှာသေတာက အများကြီးပါ။ တပ်တွေပိတ်မိတာ၊ ကျွံသွားတာတွေ ခဏခဏ ဖြစ်နေတာပါ။ ဒါတွေကို ဒီလိုမျိုးအထိ ပြည်သူ့တပ်မတော် PDF က တိုက်နိုင်လိမ့်မယ့်လို့ ဘယ်ထင်ထားပါ့မလဲ။ တပ်ထဲက ရခိုင်စစ်မြေပြင်က ပြန်လာသူအချို့တောင် ရခိုင်ကထက် ရဟတ်ယဉ်အကြိမ်များစွာခေါ်ပြီး ပစ်ကူတောင်းနေရတာ ဝန်ခံကြပါတယ်။ ဗျူဟာမှူးလဲလိုက် တိုက်လိုက် လုပ်နေပေမယ့် သေဆုံးနှုန်းက မအလတပ်မှာ မကျသွားခဲ့ပါ။ ယခုဆိုရင် ပညာရှင်ဆိုသူများက PDF က အားကြီးလာပြီး မအလထွက်ပေးပြီး ဆွေးနွေးမှရမယ်လို့ လေသံပြောင်းလာကြပါပြီ။ ယခုအချိန်မှာ ပြည်ပရောက် မြန်မာလူမျိုးများကလဲ နေ့စဉ်နေ့တိုင်း လှူနေကြလို့ NUG ကလဲ လက်နက်တွေပို ဝယ်လာနိုင်မှာပါ။ နယ်မြေထိန်းနိုင်ဖို့က NUG မှာ လက်နက်ကြီးတွေ၊ လေယဉ်ပစ်လက်နက်တွေလိုပါတယ်။ အနောက်နိုင်ငံတွေက ဒီနေ့ပေးရင် မကွေးကနေ ကချင်အထိ ချက်ခြင်းလွတ်လပ်ရေးရသွားမှာပါ။ မပေးရင် ပြည်ပက မြန်မာတွေရဲ့ ထောက်ပံ့မှုအပေါ် မှီခိုနေရလို့အချိန်ကြာပေမယ့် ပိုက်ဆံစုပြီး လက်နက်ကြီးဝယ်တဲ့ပုံစံမိုလို့ အချိန်ကြာလာလေ ငွေများလာလေဖြစ်မှာပါ။ အချိန်ယူရနိုင်ပေမယ့် ယခုဆိုရင် စစ်ကိုင်းမှာ အချုပ်အခြာ အာဏာကို NUG က စပြလို့ရနေပါပြီ။ စစ်ကိုင်းမှာ တရုတ်ကုမ္ပဏီ၊ အာဆီယံကုမ္ပဏီတွေဟာ NUG ကိုအသိအမှတ်ပြု အခွန်ဆောင်ရတော့မှာပါ။ အခွန်မဆောင်ရင် တရုတ်ပြည်မှာ၊ အာဆီယံမှာအခွန်မဆောင်တဲ့သူတွေဟာ တည်ဆဲဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူခံရမှာပါ။ သူတို့ကိုအရေးယူနိုင်မှာပါ။ အရေးတော်ပုံက အောင်နေပါပြီ။
ဦးမြတ်!!! ချင်း စစ်ကိုင်း မကွေး(မြောက်) နယ်မြေသည် ၊အသက် စည်းစိမ် အိုးအိမ်တို့ကို စွန့် နိုင်သူတို့က စွန့်
သောကြောင့် ယခုသို့ အောင်မြင်ရခြင်း
ဖြစ်ပါသည်။ စံပြ အတုယူစရာပါ။
နှမ်း မြေပဲ ရောင်းတာ ၊ ယမ်း ထောင်းဖို့
ဟူသော အမြင်ေလးမှ စတင်ခဲ့ကြပါသည်။ နာကျည်းမှုဟူသော အပြစ်ကို
ဂုဏ် ဖြစ်အောင် အရောင် တင် နိုင်ခဲ့ကြပါပြီ။
**အရိုးနဲ့ စည်းရိုးထိုး ကာမယ်**
လေနဲ့ လွှင့်သော စကားမဟုတ်။ ရင်ထဲက အမှန် မြတ်နိုးသော သစ္စာတရားနဲ့ ရင်းနိုင်သမျှ ရင်း ယူကာပြသခဲ့ပါပြီ။
ယနေ့ ကြေညာချက်အရ
အိပ်ကပ်ထဲက ပဲလှော် ၊ ဘယ်အချိန် ကောက်ဝါးဝါး စကားအတိုင်းဖြစ်တည်ခဲ့ပါပြီ။
ယနေ့သတင်းပုံအရ မြန်မာဘီယာပုလင်းများကို
ဆယ်ဘီးကားဖြင့် တက်ကြိတ်ချေမှုန်းပုံကို ပြသခဲ့ပါပြီ။
မြန်မာပြည်ထဲက (ကုမ္ပဏီကြီးကြီးများ၏ ) ထုတ်ကုန်များ သူတို့အလိုကျမှ
ဖြတ်ခွင့်ပေးမယ် ဟူသော အသိ ပေးခြင်းဖြစ်ပါသည်။
စစ်ကိုင်းတိုင်းသည် ကချင်ပြည်နယ်၏ (ပြည်မဖက်မှ)ဝင်ပေါက် ထွက်ပေါက် တစ်ခုလည်းဖြစ်ပါသည်။ မီးရထားလမ်းနှင့် ရေလမ်း သုံးရန် မလွယ်ချိန်မှာ ကားလမ်းကို သုံးရပါတော့မည်။
အနောက်မြောက်တခွင် ကိုယ့်ကုန်စည် မြန်ဆန်သွက်လက် ခရီးဆက်ချင်လျှင်တော့ အခွန်အကောက် ဆောင် ရပါတော့မည်။
ပြေစာ လက်မှတ်ပြရုံမျှသာ။ ကျစ် ရစ်ယူမည် မဟုတ်ကြောင်းလည်း ယုံကြည်ရပါသည်။ အဘယ်ကြောင့် ဆိုသော
မှန်တာ လုပ်
ဟုတ်တာသာ ပြောသူများဖြစ်သောကြောင့်ပါ။
သစ္စာတရား မြတ်နိုးသူများဖြစ်သောကြောင့်ပါ။
ကံအပေါ် သစ္စာ ရှိခြင်းကြောင့်၊ ကံက ပေးသော လက်ဆောင် ဉာဏ်အရောင် ထွန်းလင်းမှုသာဖြစ်ပါသည်ဟူ၍။