top of page
Search
Writer's pictureMyat Tun Oo

ဆေးကျောင်းသားများအတွက်သတင်းကောင်း


ကိုဗစ်ကိစ္စမှာ ဆေးကျောင်းတွေကို ပိတ်ထားခဲ့ရတာပါ။ ထိုအတွက် လက်ရှိအလုပ်သင်ဆရာဝန်တွေဟာ ဇန်နဝါရီဆို ပြီးပါတော့မယ်။ ပထမတင်ပြချိန်က ဗဟိုကိုဗစ်ကို အဓိက အဝင်အထွက်ထိန်းချုပ်ထားတဲ့ ထွေအုပ်ဝန်ကြီးဦးမင်းသူနဲ့ ဇော်သန်းသင်းတို့က လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီဘူးဆိုပြီး ဆေးကျောင်းပြန်ဖွင့်ဖို့ တင်ပြခဲ့တာကို ပယ်ချခဲ့တာကို တင်ပြခဲ့ပြီးပါပြီ။

ယခုနောက်ဆုံး ကျန်းမာရေးဝန်ကြီးက အစည်းအဝေးထိုင်ပြီး DASSK ထံ ပြန်တင်ပြအပြီးမှာနောက်ဆုံးနှစ် အပိုင်း(ခ) ဆေးကျောင်းအတန်းများကို ဖေဖော်ဝါရီ ၂၀၂၁ မှာ ပြန်ဖွင့်မယ်လို့ ကြားရပါတယ်။ ဒါဟာ ဖြစ်သင့်တဲ့အရာပါ။

ပြည်သူ့အစိုးရအနေနဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးလိုအပ်ချက်ကို အမြန်ကြည့်ပေးလို့ ကျေးဇူးပါ။

နောက်ဆရာဝန်တွေကို ကျန်းမာရေးဝန်ကြီးဌာနမှာ အလုပ်လျှောက်စေချင်ရင် ဖောင်ကြီးက ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ကို မသွားခိုင်းပါနဲ့။ အဲ့ဒီနေရာဟာ ဘာမှမတတ်တဲ့ မိုးကျအများစု ကြီးစိုးတဲ့နေရာဖြစ်နေလို့ ဆရာဝန်လောင်းအများစုက အလုပ်မလျှောက်ဘဲ လက်ရှောင်ကြတယ်လို့ကြားပါတယ်။

789 views1 comment

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

ကြေညာချက်က ရန်ဖြစ်စရာမဟုတ်

အချင်းချင်း ရန်မဖြစ်ပါနဲ့။ စာရေးသူက MNDAA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ TNLA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ AA က...

1 Comment


Myint Soe Oo
Myint Soe Oo
Dec 28, 2020

ဦးမြတ်!!! ထူး ထူး ဂုဏ်ပြုအပ်ပါသည်။ ဉာဏ်ထက်ထက် ကလောင်သွားသွက်သွက်က

အလင်းအား သက်သက်ဖြစ်ခဲ့သောကြောင့်။

သီချင်းနဲ့ လူ (ထူးအိမ်သင်)။

ဦးမြတ်အားထပ်မံ၍ ကဗျာတစ်ပုဒ်ဖြင့် ထုံမွှမ်းအပ်ပါသည်။


**ဆုတောင်း**

ဖတ်ဖွယ် နှင့် မှတ်ဖွယ်။

ဘက်စုံအောင် ဟိုသည်ကူး

ထူးတဲ့ စိန်ချယ်။

လောကအလယ်

ဆန်းကြယ်တဲ့ စာသား။

တစ်သက်ပန် အနေတင့်အောင်

မြင့်ပါစေဗျား။


ဆရာကြီး

မင်းသုဝဏ်

ဒီဇင်ဘာ ၊ ၁၉၉၄

Like
bottom of page