ယခုတလော စစ်တပ်တွေဟာ အာဏာသိမ်းပြီး အရူးထလာတာတွေ့ရပါတယ်။ မအလအာဏာသိမ်းခါစမှာ စာရေးသူတို့ မျှော်မှန်းခဲ့တာက ဆူဒန်လိုများ ပြောင်းလဲလာမှာလားဆိုတာပါ။ ဒါပေမယ့် ဆူဒန်မှာလဲ မအလလိုအကောင်က နောက်လပိုင်းမှာ သူအာဏာစွန့်ရမှာမိုလို့ အရူးထပြီး အာဏာသိမ်းခဲ့ပါတယ်။ အာဏာမသိမ်းခင် နာရီပိုင်းအလိုမှာ အမေရိကန်က ဝင်ညှိပေးပါသေးတယ်။ တရုတ်နဲ့ ရုရှားမြန်မာပြည်က ပြန်သွားသလိုပေါ့။ သူကအဆင်ပြေသလိုပြောပြီး အမေရိကန်အဖွဲ့ပြန်သွားအပြီး နာရီပိုင်းအကြာမှာ အာဏာသိမ်းခဲ့တာပါ။ ဆူဒန်ဟာလဲ မြန်မာပြည်လို စီးပွါးရေးဆိုးရွားနေတာပါ။အာဏာသိမ်းရတဲ့ နောက်အကြောင်းတစ်ခုက အာဏာရှင်ဟောင်း အိုမာဘာရှားကို အရပ်သားအစိုးရက ICC ကို လွှဲပေးခဲ့ရင် ဘာရှားက ဖော်ကောင်လုပ်ရင် လက်ရှိတပ်ထဲက စစ်ဗိုလ်ချုပ်တွေပါ အမှုပတ်မှာမိုလို့ပါ။ ဆူဒန်ကလော်ဘီကလဲ မအလတို့ငှါးတဲ့ ကနေဒါ လော်ဘီပါဘဲ။ ဒါ့ကြောင့် ဆူဒန်နဲ့ မအလတို့ဟာ တွေးခေါ်ပုံတူညီပါတယ်။ ဆူဒန်မှာလဲ တောင်ပိုင်းမှာ သူပုန်တွေရှိပါတယ်။
ဆူဒန်နဲ့ မြန်မာပြည် ဘာကွာလဲ။ စစ်တပ်ယုတ်မာတာတွေက အတူတူပါဘဲ။ စစ်ခေါင်းဆောင်အာဏာရူးတာလဲ တူပါတယ်။ ICC ရောက်နိုင်တာလဲ တူပါတယ်။ ပြည်သူကို သတ်တာလဲ တူပါတယ်။ဒါပေမယ့် မြန်မာပြည်မှာက တရားဝင်အစိုးရ ပြည်သူ့ခေါင်းဆောင် DASSK ရှိနေပါတယ်။ရွေးကောက်ပွဲ နိုင်ထားတဲ့ အစိုးရအဖွဲ့ရှိတာ ကွာပါတယ်။ ဆူဒန်က ၁၉၈၈ ကညအတိုက်အခံအခြေအနေပါ။ နောက်မအလဟာ NLD ထဲက DASSK က အစ သဘောထားပျော့ပြောင်းသူအားလုံးကို ဖမ်းလိုက်လို့ ပြည်သူတွေက တွေဝေမနေတော့ပါ။ အစပိုင်းမှာ လက်နက်မကိုင်ဘဲ ဆန္ဒပြသူတွေကိုနှိမ်နင်းခဲ့လို့ ယခုက လက်နက်ကိုင်တော်လှန်နေကြပါပြီ။ ယခုဆို PDF တွေဟာ အာဏာသိမ်းအပြီး ၉လအတွင်းမှာ အလွန်အားကောင်းနေပြီး မအလကို စိန်ခေါ်နိုင်နေပါပြီ။ ဆူဒန်က သုံးနှစ်လောက်အချိန်ပုတ်သွားခဲ့ပါတယ်။ ဒါ့ကြောင့် ဆူဒန်က ဒီမိုတွေလို စာရေးသူတို့ ဒီမိုတွေက အမှားမလုပ်မိခဲ့ပါ။ ဒါ့ကြောင့် ယခုအချိန် စာရေးသူတို့ပြည်သူမှာ အားကိုးရတဲ့ PDF တွေ ရှိနေခဲ့ပါပြီ။
ဒါဆိုထန်တလန်ကနေ ဘာသင်ခန်းစာယူရမလဲ? မအလတပ်က လုပ်ပြနေတာက အိမ်တွေကိုမီးရှို့အရပ်သားတွေကိုဖမ်းပြ ဖြတ်လေးဖြတ်လုပ်ပြရင် ပြည်သူက PDF ကို ဖိအားပေးမယ် ဒါဆိုရင် သူတို့နိုင်မယ်လို့ ယခင်က ဗကပကိုတိုက်ခဲ့စဉ်က အတွေးအခေါ်နဲ့ လုပ်နေတာပါ။ ဒါတွေဟာ ရိုဟင်ဂျာကိုသွားလုပ်ချိန်မှာ ဟိုကထွက်ပြေးပြီး သူ့ကို ICC ပို့ထားခဲ့ပါပြီ။ သူတို့အနာခံပြေးခဲ့လို့ မအလဟာ ICJ ကိုရောက်နေပြီး ICC ကိုလဲ ရောက်တော့မှာပါ။ ရခိုင်မှာ သွားလုပ်ချိန်မှာ ရခိုင်လူမျိုးတွေက AA ကို ဖိအားမပေးဘဲ မအလကို ခံချကြလို့ AA က နယ်မြေစိုးမိုးမှု ရလာနေပြီး ရခိုင်တွေက လွတ်လပ်ရေးကိုအတန်အသင့် ရလာနေပါပြီ။ သူတို့အနာခံခဲ့လို့ အသာစံရတာပါ။
ယခုထန်တလန်ကို မအလက မီးရှို့ပြီး သူ့ရဲ့လော်ဘီတပ်ကြပ်ကြီး ခွေးဖိုးစီတို့ နန့်မီမီဇော်တို့လို ခွေးအကောင့်တွေက အားရကြောင်းတင်ချိန်မှာ ကမ္ဘာက သက်သေအထောက်အထားရသွားခဲ့ပါပြီ။ ဒါတင်မဟုတ်ဘဲ ပြည်သူတွေကလဲ မကြောက်သွားတဲ့အပြင် ပြည်မမှာ ထန်တလန်အတွက် ဆန္ဒပြပွဲတွေ တိုးလာသလို ပြည်ပနိုင်ငံခြားရောက် မြန်မာတွေကလဲ ထန်တလန်အတွက်လှူ NUGရဲ့ PDF အတွက် ပိုလှူလာကြပါတယ်။ ဒါက မအလဖက်ဆစ်တပ်က ကြောက်စေလိုပေမယ့် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုပါ။ အချို့ဆို ထန်တလန်မီးပုံကိုကြည့်ပြီး လက်နက်ကိုင်တော်လှန်ဖို့ PDF ထဲ ဝင်သွားသူတွေတောင် ရှိနေပါတယ်။
အကျဉ်းချုပ်အနေနဲ့က ဆူဒန်ကြည့်ကြည့် မာလီကြည့်ကြည့် စစ်ခွေးဟာ စစ်ခွေးပါ။ ခွေးကျင့် ခွေးကြံခွေးတွေး တွေးပါတယ်။ ခေါင်းဆောင်က ပြစ်မှုကျူးလွန်သလို လက်အောက်ကကောင်တွေကလဲ ခိုးထား ပြစ်မှုကျူးလွန်ထားလို့ အများစုက သူခိုး ဓားမြ မုဒိမ်းကောင်တွေပါ။ ကောင်းသူရှိလားဆိုတော့DASSK အစိုးရအဖွဲ့ထဲပါသူ စစ်သားတွေထဲက တစ်ယောက်သော သာဝန်သာ အဖမ်းခံပြီး ဒီမိုလုပ်ပြသွားတာပါ။ ဒါဆိုရင် အခြေအနေမှန်ကိုသိကြမှာပါ။ တိုက်စရာရှိတာတိုက်ပါ။ လှူစရာရှိတာလှူပါ။လုပ်စရာရှိတာ လုပ်ပါ။ စစ်ခွေးမိဘ၊ မိန်းမ၊ ကလေးတွေကို တပ်ထဲက အပြင်ထွက်လာရင် မုန့်ဟင်းခါးကြုံသလိုကျွေးပါ။ ဒုတိယကမ္ဘာစစ်ကလို ရေတိုမှာ အဆုံးအရှုံးရှိနိုင်ပေမယ့် ရေရှည်မှာ ဖက်ဆစ်စနစ်အောက်က နာဇီစနစ်အောက်က လွတ်သွားပါလိမ့်မယ်။ အဆုံးတစ်နေ့မှာ ငြိမ်းချမ်းရေးစာချုပ် ချုပ်ရပေမယ့် စစ်နိုင်သူကချုပ်တဲ့စာချုပ်ဖြစ်ဖို့ နိုင်အောင်တိုက်ကြပါ။ မဟုတ်ရင် ၁၉၆၂ ထဲကလို မပြီးသော ပန်းချီကားဖြစ်ပြီး မြောက်ကိုရီးယားလို ဇတ်သိမ်းသွားပါလိမ့်မယ်။
ဦးမြတ်!!!အာဏာရှင်တို့ ထိုင်ရာ ပလ္လင်သည်၊ ယဇ် ပူဇော်ရာ ခုံ။ ပလ္လင်အောက်ခြေ တူးဆွကြည့်ပါက မဆွေ့မမြေ့နိုင်သေးသော ဦးခေါင်းခွံများကို တွေ့ရှိရပါပေမည်။ဦးခေါင်းခွံအပုံ မြင့်လေ ပလ္လင် လှုပ်လေ။
ွ့ သွား စေ၊ လာ စေ၊ စေတလုံး အပိုင်သုံးသည့် စေတလုံး ပိုင်များဖြစ်ကြပါသည်။
သူ့လိုဘ မပြည့်လျှင် ညီအကိုအရင်းပင် မထား အရှင်လတ်လတ် ယဇ်ပူဇော်တတ်ကြပါသည်။
ညှာတာထောက်ထား သနားကြင်နာခြင်းတို့ မရှိ။ ပလ္လင်အတွက်ဆိုလျှင် ရက်စက် ကြမ်းကြုတ်ခြင်းဟူသော တောတွင်းအရိုင်းတို့၏ အယူမျှသာ။
မိမိတို့နိုင်ငံမှာ အာဏာအပြင် ယတြာဆရာတင်၍ ရူး ကြသည်က ပိုဆိုးရွားလှပါသည်။ ဓါတ် နတ် ယတြာ ယုံကြည်မှုအား မည်မျှ ကောင်းနေသလဲ။အပွင့်အခက်တွေ သေတဲ့အခါမှာတောင် အိပ်ကပ်ထဲမှာက ကျည်ကွင်းဂါထာ နှင့် ပုတီး။ **ဉာဏ်စွမ်းရည် တုံး မှု**ကို ဖော်ပြနေပါသည်။ တပ်အမိ တပ် အဖဆိုသော အယူသည် (ဘာသာဝင်တိုင်း ယုံကြည်အပ်သည့် )ကံ အမိ ကံ အဖ ဆိုသောအယူ ပစ်ပယ်သည့်နောက် ဘာသာဝင်တို့ ကိန်းအပ်သော ကမ္မဿကာတဉာဏ်ပင်မရှိတော့။သို့ပါ၍ အရာရာ ကောင်းကျိုးရအောင် ဓါတ် နတ် ယတြာနောက် တကောက်ကောက်လိုက်ရင်း မပြုမိသင့်တာတွေပြုမိလို့ တိုင်းပြည် ဆင်းရဲတွင်းနက်ခဲ့ရပါသည်။
ကြက်ဆူပင် ငှက်ပျောပင်။ အတွင်းပိုင်း ထောက်ကြည့်လေလေ အနှစ်သာရ မရှိလေလေဖြစ်ကြောင်း တွေ့ရပါမည်။
ဘယ်သူက ဘယ်အရပ်မှာ ဘယ်အပင်စိုက်။ မြေဆီစိုခိုက် သစ်ပင်စိုက်။ သစ်တောသစ်ပင်ချစ်ခင်တဲ့လူမျိုး သစ်ပင်ကိုနှစ်စဉ်စိုက် ဘဏ္ဍာတိုက်ကိုစိုး။
နောက်ဆုံးတော့ ဘဏ္ဍာတိုက်ကို မည်သူတွေ စိုး အုပ်သွားပါသနည်း။ အမြင်ကောင်းအောင် အဝေးပြေး လမ်းဟောင်း မြို့အဝင် လမ်းဘေးတွေမှာ သစ်ပင်တွေ စိမ်းစိမ်းစိုစိုရှိသလောက် ရိုးမပေါ်မှာတော့ မွဲပြာခမ်းခြောက် သက်ရင့်သစ်ကြီးပင်ဆိုတာ မရှိ သလောက်ပါ။
မျက်နှာမှာ သနပ်ခါး
ပေါင်မှာက သေးကြောင်းနဲ့ ဆိုသောစကား သူတို့အတွက်…