ၫႊန္ခ်ဳပ္ႀကီးကိစၥ၂ႏွစ္ျပည့္
ဒီေန႔Facebook ကစာေရးသူကြီးၿဖိဳးကိုၫႊန္ခ်ဳပ္ကိစၥေျပာတာေထာက္ခံခဲ့တာ၂ႏွစ္ျပည့္အထိမ္းအမွတ္တက္လာတယ္။ဒါကယခုျဖစ္ေပၚေနတဲ့Victoria တို႔၊ဘဂၤါလီတို႔၊ရခိုင္ကိစၥတို႔ကိုအမွတ္ရေစပါတယ္။
စာေရးသူအေနနဲ႔ျမန္မာျပည္ကေျခဥမွာၫႊန္ခ်ဳပ္ကိုဒုသမၼတေနရာေပးထားလို႔မွားေနတယ္ဆိုတာကိုအစကထဲကယံုၾကည္ပါတယ္။ဒီအခ်ိန္မွာသကၠဖြတ္ညိဳတို႔ကမွားတယ္ဘာညာေျပာၿပီးအဘဘက္ကရပ္တည္ခဲ့ပါတယ္။သူကစစ္တပ္ကိုလဲေဝဖန္ခဲ့တယ္လို႔မေန႔ကအင္တာဗ်ဴးမွာေျပာပါတယ္။အခါ၁၀၀ေရးရင္တစ္ခါေလာက္ေဝဖန္တာကိုစကားအျဖစ္ထည့္ေျပာရင္ေတာ့ရပါမယ္။စာေရးသူတို႔ကေတာ့ကိုယ့္တပ္ကို၇၀% ေလာက္ေဝဖန္ေရးပါတယ္။ဓာတ္ခဲကိုလဲသူပုန္လို႔သာေခၚပါတယ္။ဒါေပမယ့္ရခိုင္မွာအရပ္သားေတြစစ္ေဆးေနခ်ိန္ေသတာမ်ိဳးကိုမႀကိဳက္ပါ။ဒါေတြဟာစာေရးသူေရးခဲ့တဲ့မူေပၚမွာအေျခခံၿပီးေျပာဆိုေရးသားတာပါ။
ဒီေနရာမွာအခ်ိဳ႕ကပုဂိၢဳလ္ေရးအရDASSK ကိုေထာက္ခံတယ္လို႔ေျပာသူေတြရွိပါတယ္။သူမနဲ႔ကြီးၿဖိဳးကိုမေထာက္ခံရင္ဘယ္သူ႔ကိုေထာက္ခံရမလဲေျပာျပပါ။အခ်ိန္မေရြးစကားရည္လုေျပာရဲပါတယ္။အဘကမဖမ္းဘူးအာမခံရင္ေပါ့။ဗမာလိုစကားရည္လုလို႔ရသလိုအဂၤလိပ္လိုေျပာခ်င္လဲရပါတယ္။ဆိုလိုခ်င္တာကပညာမတတ္လို႔ေလွ်ာက္ေထာက္ခံေနတာမဟုတ္ဘူးဆိုတာပါ။
အခ်ိဳ႕ကVictoria အေရးကိုႏိုင္ငံေရးမပါနဲ႔ေျပာသူမ်ားရွိပါတယ္။ဘာေၾကာင့္ျဖစ္ျဖစ္ဘယ္သူမွန္မွန္ယခုလိုျဖစ္တာဟာတရားဥပေဒစိုးမိုးမႈမရွိလို႔ပါ။ဒါဆိုတရားဥပေဒစိုးမိုးမႈအတြက္အေရးႀကီးတဲ့ရဲကၫႊန္ခ်ဳပ္ေအာက္ေရာက္ေနတယ္ဆိုတာစာဖတ္သူတိုင္းသိမွာပါ။
ကယားမွာေၾကး႐ုပ္ေအာ္သူမ်ားေျမသိမ္းေတာ့ပါးစပ္ပိတ္ေနပါတယ္။အားလံုးသိမွာပါ။သူပုန္ကဗိုလ္ခ်ဳပ္ေၾကး႐ုပ္ကိစၥဘာညာေအာ္ေပမယ့္ေျမသိမ္းကိစၥမွာေတာ့လက္နက္ကိုင္အခ်င္းခ်င္းရာဇသံမေပးရဲပါ။ဒီလိုကိစၥေတြဟာအစိုးရနဲ႔ေပါင္းၿပီးေျခဥျပင္ႏိုင္ရင္ေျဖရွင္းႏိုင္မွာပါ။ဘာျဖစ္ျဖစ္အစိုးရကိုေဖာင္းထုေနလို႔မၿပီးပါ။မေန႔ကဓာတ္ခဲကိုဝင္ဖမ္းတယ္သူကအစိုးရကဖမ္းခိုင္းလို႔ဆိုၿပီးေဖာင္းထုတယ္။ဒီေန႔ျပန္လာေတာ့ရဲကမဖမ္းေသးဘူး။ဒါကအစိုးရကလုပ္တာမဟုတ္ဘူးဆိုတာကိုျပပါတယ္။ေထာက္လွမ္းေရးခ်င္းေျပာတာေတာ့ျဖစ္ႏိုင္ပါတယ္။ဒါလဲေျခဥပါဘဲ။ထိုင္းမွာတရားဝင္သံအမတ္ႀကီးကဘာမွမေျပာေပမယ့္စစ္သံမႉးကေျပာလို႔တိုင္းရင္းသားေဆြးေႏြးပြဲကိုထိုင္းကပိတ္ပါတယ္။ဒါလဲၫႊန္ခ်ဳပ္ရဲ႕စနက္ပါ။
ၫႊန္ခ်ဳပ္ကိစၥဟာငါနဲ႔မဆိုင္ေျပာခဲ့သူကိုယခုအဲ့ဒီၫႊန္ခ်ဳပ္ေအာက္ကအဖြဲ႕ကမိမိကိုဖမ္းၿပီးတရားျပန္စြဲတာဟာအင္မတန္မွသိသာတဲ့သံေဝဂရစရာပါ။
စာေရးသူတို႔စဥ္းစားရမွာကရန္သူကိုသူစုေနတဲ့ေနရာကိုဗံုးႀကဲမလား၊တစ္ေယာက္ခ်င္းလိုက္တိုက္မလားဆိုတာပါ။မိမိမွာဗံုးတစ္လံုးသာရွိရင္ဒါကိုပစ္မွတ္မွန္ေအာင္ပစ္ရမွာပါ။
ျမန္မာျပည္မွာတရားမမွ်တမႈေတြဟာေတာင္တန္းနဲ႔ျပည္မမွာအသြင္မ်ိဳးစံု၊ေခါင္းစဥ္မ်ိဳးစံုနဲ႔ရွိေနမွာပါ။ျပန္ခ်ဳပ္လိုက္ရင္ဒီၫႊန္ခ်ဳပ္နဲ႔ေျခဥမွာလာဆံုးပါတယ္။ဒါေၾကာင့္အဓိကရန္သူကိုတိုက္ရမွာပါ။
Unicode version
ဒီနေ့Facebook ကစာရေးသူကွီးဖြိုးကိုညွှန်ချုပ်ကိစ္စပြောတာထောက်ခံခဲ့တာ၂နှစ်ပြည့်အထိမ်းအမှတ်တက်လာတယ်။ဒါကယခုဖြစ်ပေါ်နေတဲ့Victoria တို့၊ဘင်္ဂါလီတို့၊ရခိုင်ကိစ္စတို့ကိုအမှတ်ရစေပါတယ်။
စာရေးသူအနေနဲ့မြန်မာပြည်ကခြေဥမှာညွှန်ချုပ်ကိုဒုသမ္မတနေရာပေးထားလို့မှားနေတယ်ဆိုတာကိုအစကထဲကယုံကြည်ပါတယ်။ဒီအချိန်မှာသက္ကဖွတ်ညိုတို့ကမှားတယ်ဘာညာပြောပြီးအဘဘက်ကရပ်တည်ခဲ့ပါတယ်။သူကစစ်တပ်ကိုလဲဝေဖန်ခဲ့တယ်လို့မနေ့ကအင်တာဗျူးမှာပြောပါတယ်။အခါ၁၀၀ရေးရင်တစ်ခါလောက်ဝေဖန်တာကိုစကားအဖြစ်ထည့်ပြောရင်တော့ရပါမယ်။စာရေးသူတို့ကတော့ကိုယ့်တပ်ကိုရ၀% လောက်ဝေဖန်ရေးပါတယ်။ဓာတ်ခဲကိုလဲသူပုန်လို့သာခေါ်ပါတယ်။ဒါပေမယ့်ရခိုင်မှာအရပ်သားတွေစစ်ဆေးနေချိန်သေတာမျိုးကိုမကြိုက်ပါ။ဒါတွေဟာစာရေးသူရေးခဲ့တဲ့မူပေါ်မှာအခြေခံပြီးပြောဆိုရေးသားတာပါ။
ဒီနေရာမှာအချို့ကပုဂ္ဂိုလ်ရေးအရDASSK ကိုထောက်ခံတယ်လို့ပြောသူတွေရှိပါတယ်။သူမနဲ့ကွီးဖြိုးကိုမထောက်ခံရင်ဘယ်သူ့ကိုထောက်ခံရမလဲပြောပြပါ။အချိန်မရွေးစကားရည်လုပြောရဲပါတယ်။အဘကမဖမ်းဘူးအာမခံရင်ပေါ့။ဗမာလိုစကားရည်လုလို့ရသလိုအင်္ဂလိပ်လိုပြောချင်လဲရပါတယ်။ဆိုလိုချင်တာကပညာမတတ်လို့လျှောက်ထောက်ခံနေတာမဟုတ်ဘူးဆိုတာပါ။
အချို့ကVictoria အရေးကိုနိုင်ငံရေးမပါနဲ့ပြောသူများရှိပါတယ်။ဘာကြောင့်ဖြစ်ဖြစ်ဘယ်သူမှန်မှန်ယခုလိုဖြစ်တာဟာတရားဥပဒေစိုးမိုးမှုမရှိလို့ပါ။ဒါဆိုတရားဥပဒေစိုးမိုးမှုအတွက်အရေးကြီးတဲ့ရဲကညွှန်ချုပ်အောက်ရောက်နေတယ်ဆိုတာစာဖတ်သူတိုင်းသိမှာပါ။
ကယားမှာကြေးရုပ်အော်သူများမြေသိမ်းတော့ပါးစပ်ပိတ်နေပါတယ်။အားလုံးသိမှာပါ။သူပုန်ကဗိုလ်ချုပ်ကြေးရုပ်ကိစ္စဘာညာအော်ပေမယ့်မြေသိမ်းကိစ္စမှာတော့လက်နက်ကိုင်အချင်းချင်းရာဇသံမပေးရဲပါ။ဒီလိုကိစ္စတွေဟာအစိုးရနဲ့ပေါင်းပြီးခြေဥပြင်နိုင်ရင်ဖြေရှင်းနိုင်မှာပါ။ဘာဖြစ်ဖြစ်အစိုးရကိုဖောင်းထုနေလို့မပြီးပါ။မနေ့ကဓာတ်ခဲကိုဝင်ဖမ်းတယ်သူကအစိုးရကဖမ်းခိုင်းလို့ဆိုပြီးဖောင်းထုတယ်။ဒီနေ့ပြန်လာတော့ရဲကမဖမ်းသေးဘူး။ဒါကအစိုးရကလုပ်တာမဟုတ်ဘူးဆိုတာကိုပြပါတယ်။ထောက်လှမ်းရေးချင်းပြောတာတော့ဖြစ်နိုင်ပါတယ်။ဒါလဲခြေဥပါဘဲ။ထိုင်းမှာတရားဝင်သံအမတ်ကြီးကဘာမှမပြောပေမယ့်စစ်သံမှူးကပြောလို့တိုင်းရင်းသားဆွေးနွေးပွဲကိုထိုင်းကပိတ်ပါတယ်။ဒါလဲညွှန်ချုပ်ရဲ့စနက်ပါ။
ညွှန်ချုပ်ကိစ္စဟာငါနဲ့မဆိုင်ပြောခဲ့သူကိုယခုအဲ့ဒီညွှန်ချုပ်အောက်ကအဖွဲ့ကမိမိကိုဖမ်းပြီးတရားပြန်စွဲတာဟာအင်မတန်မှသိသာတဲ့သံဝေဂရစရာပါ။
စာရေးသူတို့စဉ်းစားရမှာကရန်သူကိုသူစုနေတဲ့နေရာကိုဗုံးကြဲမလား၊တစ်ယောက်ချင်းလိုက်တိုက်မလားဆိုတာပါ။မိမိမှာဗုံးတစ်လုံးသာရှိရင်ဒါကိုပစ်မှတ်မှန်အောင်ပစ်ရမှာပါ။
မြန်မာပြည်မှာတရားမမျှတမှုတွေဟာတောင်တန်းနဲ့ပြည်မမှာအသွင်မျိုးစုံ၊ခေါင်းစဉ်မျိုးစုံနဲ့ရှိနေမှာပါ။ပြန်ချုပ်လိုက်ရင်ဒီညွှန်ချုပ်နဲ့ခြေဥမှာလာဆုံးပါတယ်။ဒါကြောင့်အဓိကရန်သူကိုတိုက်ရမှာပါ။
Comments