တိုင္းျပည္ကိုဘုန္းႀကီးွနင့္တပ္ေပါင္းအုပ္ခ်ဳပ္သည့္အခါ
အီရန္မွာ၁၉၇၉မွာေတာ္လွန္ေရးျဖစ္ၿပီးအယာတိုလာခိုမီနီကအာဏာရလာပါတယ္။သူကေတာ့ရွီးယားဘုန္းႀကီးေပါ့။ယခုအီရန္ရဲ႕စနစ္ကဘုန္းႀကီးေတြကဝင္ၿပိဳင္မယ့္သမၼတကိုcouncil of guardians လို႔ေခၚတဲ့ေခါင္းေဆာင္ႀကီးsupreme leader ဘုန္းႀကီးခ်ဳပ္ကခန္႔တဲ့ဘုန္းႀကီး၆ပါးနဲ႔ဥပေဒပညာရွင္၆ေယာက္ကဆံုးျဖတ္ပါတယ္။
အီရန္ရဲ႕အေျခခံဥပေဒမွာစစ္တပ္၊ေထာက္လွမ္းေရး၊ရဲနဲ႔သိပၸံပညာဌာနဟာသမၼတေအာက္မွာမရွိဘဲေခါင္းေဆာင္ဘုန္းႀကီးေအာက္မွာရွိပါတယ္။
ဒီဥပေဒကိုမျပင္ဘဲထားလာခဲ့တာအီရန္ဟာအိမ္နီးနားခ်င္းနဲ႔စစ္ျဖစ္၊အေမရိကန္နဲ႔စစ္ျဖစ္နဲ႔ပြဲမၿပီးႏိုင္ပါ။
ေလာကမွာဘုန္းႀကီးကဘုန္းႀကီးအလုပ္လုပ္၊တပ္ကတပ္အလုပ္လုပ္ၿပီးႏိုင္ငံေရးသမားကႏိုင္ငံေရးလုပ္တာေကာင္းပါတယ္။မဟုတ္ရင္တိုင္းျပည္ပ်က္ပါမယ္။
ဒီေနရာမွာအေနာက္ႏိုင္ငံေတြမွာလဲမာမူအစြန္းေရာက္ကိုမႀကိဳက္လို႔ဆန္႔က်င္တဲ့အဖြဲ႕ေတြရွိတာကိုနားလည္ပါတယ္။စာေရးသူတို႔တိုင္းျပည္မွာလဲရွိႏိုင္တာသဘာဝပါ။ဒါေပမယ့္အဓိကကဘုန္းႀကီးအေနနဲ႔အမုန္းတရားကိုမသင္ဖို႔ပါ။ေနာက္အမုန္းတရားေျပာသူဝရမ္းေျပးကိုလဲဝရမ္းေျပးလို႔ေျပာရဲတဲ့သတၱိေတာ့ရွိဖို႔လိုပါတယ္။တရားစာေတြဖတ္ၿပီးဓမၼနဲ႔အဓမၼကိုမခြဲျခားတတ္ရင္သူခိုးရဲ႕ခိုးေငြေတြနဲ႔လာလႉတာကိုသာယာေနရင္ေတာ့မေကာင္းႏိုင္ပါ။အားလံုးေတြးလို႔ရေအာင္ပါ။
Unicode version
တိုင်းပြည်ကိုဘုန်းကြီးှနင့်တပ်ပေါင်းအုပ်ချုပ်သည့်အခါ
အီရန်မှာ၁၉၇၉မှာတော်လှန်ရေးဖြစ်ပြီးအယာတိုလာခိုမီနီကအာဏာရလာပါတယ်။သူကတော့ရှီးယားဘုန်းကြီးပေါ့။ယခုအီရန်ရဲ့စနစ်ကဘုန်းကြီးတွေကဝင်ပြိုင်မယ့်သမ္မတကိုcouncil of guardians လို့ခေါ်တဲ့ခေါင်းဆောင်ကြီးsupreme leader ဘုန်းကြီးချုပ်ကခန့်တဲ့ဘုန်းကြီး၆ပါးနဲ့ဥပဒေပညာရှင်၆ယောက်ကဆုံးဖြတ်ပါတယ်။
အီရန်ရဲ့အခြေခံဥပဒေမှာစစ်တပ်၊ထောက်လှမ်းရေး၊ရဲနဲ့သိပ္ပံပညာဌာနဟာသမ္မတအောက်မှာမရှိဘဲခေါင်းဆောင်ဘုန်းကြီးအောက်မှာရှိပါတယ်။
ဒီဥပဒေကိုမပြင်ဘဲထားလာခဲ့တာအီရန်ဟာအိမ်နီးနားချင်းနဲ့စစ်ဖြစ်၊အမေရိကန်နဲ့စစ်ဖြစ်နဲ့ပွဲမပြီးနိုင်ပါ။
လောကမှာဘုန်းကြီးကဘုန်းကြီးအလုပ်လုပ်၊တပ်ကတပ်အလုပ်လုပ်ပြီးနိုင်ငံရေးသမားကနိုင်ငံရေးလုပ်တာကောင်းပါတယ်။မဟုတ်ရင်တိုင်းပြည်ပျက်ပါမယ်။
ဒီနေရာမှာအနောက်နိုင်ငံတွေမှာလဲမာမူအစွန်းရောက်ကိုမကြိုက်လို့ဆန့်ကျင်တဲ့အဖွဲ့တွေရှိတာကိုနားလည်ပါတယ်။စာရေးသူတို့တိုင်းပြည်မှာလဲရှိနိုင်တာသဘာဝပါ။ဒါပေမယ့်အဓိကကဘုန်းကြီးအနေနဲ့အမုန်းတရားကိုမသင်ဖို့ပါ။နောက်အမုန်းတရားပြောသူဝရမ်းပြေးကိုလဲဝရမ်းပြေးလို့ပြောရဲတဲ့သတ္တိတော့ရှိဖို့လိုပါတယ်။တရားစာတွေဖတ်ပြီးဓမ္မနဲ့အဓမ္မကိုမခွဲခြားတတ်ရင်သူခိုးရဲ့ခိုးငွေတွေနဲ့လာလှူတာကိုသာယာနေရင်တော့မကောင်းနိုင်ပါ။အားလုံးတွေးလို့ရအောင်ပါ။
Comments