top of page
Search
Writer's pictureMyat Tun Oo

တိုင်းပြည်ရဲ့အခက်ခဲဆုံးအလုပ်ကိုလုပ်နေရသောNLD မှဝန်ကြီးများ၊ဝန်ကြီးချုပ်များ

Updated: Aug 26, 2019


တိုင္းျပည္ရဲ႕အခက္ခဲဆံုးအလုပ္ကိုလုပ္ေနရေသာNLD မွဝန္ႀကီးမ်ား၊ဝန္ႀကီးခ်ဳပ္မ်ား


ယခင္ကအဂတိကအလုပ္ဒီေလာက္မလုပ္။ယခုေတာ့တပ္ကလြဲရင္အကုန္လိုက္မယ္လို႔ေျပာထားတယ္။သူတပ္ကိုမလိုက္ႏိုင္တာက၂၀၀၈ေျခဥေၾကာင့္။ျပည္သူကလဲယခင္၁၉၆၂ထဲကေန၂၀၁၆ဒီမိုအစိုးရမတက္ခင္အထိဝန္ႀကီးေတြကလာဘ္စားခဲ့ေတာ့ယံုၾကည္မႈကအားနည္းတယ္။ေစတနာနဲ႔လုပ္လို႔မွားရင္ေတာင္လာဘ္စားတယ္လို႔ထင္တယ္။ယခင္ကသူခိုးေတြနဲ႔ေပါင္းစားခဲ့တဲ့ခ႐ိုနီေတြကဆိုရင္သူတို႔ကန္ထ႐ိုက္မရရင္႐ံႈးရင္အဲ့ဒီဝန္ႀကီးကလာဘ္ယူတာဆိုၿပီးထင္တယ္။သူတို႔တစ္သက္လံုးမွာကလာဘ္ထိုးၿပီးစီးပြားေရးလုပ္လာတာဆိုေတာ့႐ိုးသားစြာမယွဥ္ၿပိဳင္တတ္ဖူး။ကန္ထ႐ိုက္ရသူကိုလာဘ္ေပးလို႔ရတာလို႔သာထင္တယ္။ဒါကသာမန္ခ႐ိုနီဆိုရင္ျပႆနာကဒီေလာက္မႀကီးေသးဘူး။

ဒါေပမယ့္အဲ့ဒီတင္ဒါ႐ႈံးတဲ့ကုမၸဏီဟာတိုင္းျပည္မွာေျခဥအရတရားစြဲေထာင္ခ်လို႔မရတဲ့ဗိုလ္ခ်ဳပ္ေတြကဒါ႐ိုက္တာလုပ္တဲ့ကုမၸဏီဆိုရင္ေတာ့သူတို႔ကကန္ထ႐ိုက္မရရင္ယုတ္မာတဲ့နည္းေတြသံုးၿပီးတိုင္တာေတြ၊သမၼတတို႔အတိုင္ပင္ခံတို႔ကိုဖိအားေပးၿပီးသူတို႔ကုမၸဏီကိုေရြးခိုင္းတာေတြစလုပ္လာပါတယ္။ဒါမွမရရင္မိမိတို႔ရဲ႕တပည့္ေတြမိုးက်ေတြရွိတဲ့အဂတိကိုတိုင္ၿပီးလူေတြထင္ေရာင္ထင္မွားျဖစ္ေအာင္စလုပ္ပါေတာ့တယ္။ရည္ရြယ္ခ်က္ကထိုဝန္ႀကီးေတြကဖိအားဒဏ္မခံႏိုင္ရင္ႏုတ္ထြက္ေအာင္လို႔ပါ။သူတို႔ပိုင္ရာခ႐ိုနီမီဒီယာေတြကေနလဲသတင္းတုေတြေရးၿပီးဖိအားစေပးပါေတာ့တယ္။တစ္ခ်ိန္ထဲမွာသူတို႔ရဲ႕အေကာင့္တုေတြကေနဝန္ႀကီးမေကာင္းေၾကာင္းလုပ္ၾကံၿပီးစေရးပါတယ္။

တခ်ိန္ထဲမွာဘဲဝန္ႀကီးေတြ၊ၫႊန္ခ်ဳပ္ေတြကအေၾကာက္လြန္ၿပီးအထက္ကိုအဆင့္ဆင့္တင္ျပခဲ့ရင္လဲေဘးကေနေဒါင္ခိုင္တို႔လိုလူေတြနဲ႔သူမေယာက်ၤားေတြကလူမွန္ေနရာမွန္မရွိသေရာင္ထိုလူေတြကဘဲမဆံုးျဖတ္ရဲသေရာင္အင္တာဗ်ဴးေတြမွာေျပာၿပီးအစိုးရကိုအပုတ္ခ်ပါမယ္။

ဒါေပမယ့္အစိုးရကသတိထားရမွာကဦးပိုင္ဟာလံုျခံဳေရးအရတိုင္းျပည္ကိုဒုကၡေရာက္ေစႏိုင္လားစဥ္းစားရပါမယ္။ဥပမာစီးပြားေရးပိတ္ဆို႔ရင္ျပည္သူေတြမီတာမရဘဲဂန္႔သြားႏိုင္ပါတယ္။ဒါကပထမအခ်က္ပါ။ဒါ့ထက္အေရးႀကီးတာကဦးပိုင္ကိုဒီ့ထက္ႀကီးတဲ့စီမံကိန္းေတြမွာကန္ထ႐ိုက္ေပးမယ္ဆိုရင္ကုမၸဏီကဒါ႐ိုက္တာေတြကိုရာဇဝတ္ေၾကာင္းအရတစ္ခုခုျဖစ္ရင္ဘယ္လိုတရားစြဲေထာင္ခ်ခြင့္ရွိမလဲရွင္းလင္းသင့္ပါတယ္။ဒါကcorporate responsibility နဲ႔health and safety လုပ္ငန္းခြင္နဲ႔စီမံခ်က္ေတြေဘးကင္းဖို႔အာမခံႏိုင္မႈပါ။ဥပမာတံတားတစ္စင္းကိုေပးေဆာက္တယ္ဆိုပါစို႔။အဲ့ဒီတံတားပ်က္လို႔လူေတြေသခဲ့ရင္အင္ဂ်င္နီယာေရာကန္ထ႐ိုက္ကုမၸဏီဒါ႐ိုက္တာေတြေရာပိုင္ရွင္သူေဌးေရာဟာရာဇဝတ္မႈနဲ႔တရားစြဲခံၿပီးေထာင္ခ်ခံရေလ့ရွိပါတယ္။ဒါကကမ႓ာေပၚကစံႏႈန္းပါ။

ဒါေပမယ့္အဲ့ဒီကုမၸဏီဟာဦးပိုင္ျဖစ္ေနခဲ့ရင္၊သူ႔ဒါ႐ိုက္တာေတြကဗိုလ္ခ်ဳပ္ေတြျဖစ္ေနလို႔ဘယ္လိုအေရးယူမလဲဆိုတာစဥ္းစားရပါမယ္။ဒါေတြဟာသူတို႔တင္ဒါဝင္အၿပိဳင္မခံခင္ကထဲကရွင္းလင္းစြာခ်ျပရမွာျဖစ္သလိုသူတို႔ကိုေပးမယ္ဆိုရင္ဝန္ႀကီးေတြ၊ဝန္ႀကီးခ်ဳပ္ေတြအေနနဲ႔ပိုေတာင္စဥ္းစားရပါမယ္။ဒါဟာအခ်စ္အမုန္းမပါဘဲေရးျပတာပါ။လႊတ္ေတာ္အမတ္ေတြလဲစဥ္းစားဖို႔ပါ။ျမန္မာျပည္ရဲ႕ကုမၸဏီေတြရဲ႕တာဝန္ယူမႈတာဝန္ခံမႈမွာဦးပိုင္ဟာ၂၀၀၈ေျခဥအရသူ႔ဒါ႐ိုက္တာမ်ားဟာလြတ္ေနပါတယ္။

အက်ဥ္းခ်ဳပ္ရရင္ျပည္သူေတြအေနနဲ႔ဒီမိုေတြအေနနဲ႔လွ်ပ္စစ္ဝႏ္ုႀကီးနဲ႔ဒုဝန္ႀကီးကိုဝန္းရံၿပီးဓမၼကအဓမၼကိုႏိုင္ေအာင္ၿငိမ္းခ်မ္းစြာလုပ္ျပၾကပါ။စာေရးသူဟာသူတို႔ကိုႏိုင္ငံေရးသမားမဟုတ္လို႔မီတာခတက္တာကိုေသခ်ာမရွင္းျပခဲ့လို႔မႀကိဳက္ခဲ့ေပမယ့္သူတို႔လုပ္တာဟာအမွန္ျဖစ္ၿပီးမေန႔ကအဓမၼသမားေတြကိုတစ္ေနရာထဲမွာေတြ႕လိုက္ရခ်ိန္မွာလွ်ပ္စစ္ဝန္ႀကီးနဲ႔ဒုဝန္ႀကီးကိုေထာက္ခံရမယ္ဆိုတာပိုက်ိန္းေသသြားခဲ့ပါတယ္။ဒီမိုမ်ားလဲဓမၼကအဓမၼကိုေအာင္ႏိုင္ေအာင္ဝန္ႀကီးနဲ႔ဒုဝန္ႀကီးကိုဝန္းရံႏိုင္ပါေစ။

Unicode version

တိုင်းပြည်ရဲ့အခက်ခဲဆုံးအလုပ်ကိုလုပ်နေရသောNLD မှဝန်ကြီးများ၊ဝန်ကြီးချုပ်များ

ယခင်ကအဂတိကအလုပ်ဒီလောက်မလုပ်။ယခုတော့တပ်ကလွဲရင်အကုန်လိုက်မယ်လို့ပြောထားတယ်။သူတပ်ကိုမလိုက်နိုင်တာက၂၀၀၈ခြေဥကြောင့်။ပြည်သူကလဲယခင်၁၉၆၂ထဲကနေ၂၀၁၆ဒီမိုအစိုးရမတက်ခင်အထိဝန်ကြီးတွေကလာဘ်စားခဲ့တော့ယုံကြည်မှုကအားနည်းတယ်။စေတနာနဲ့လုပ်လို့မှားရင်တောင်လာဘ်စားတယ်လို့ထင်တယ်။ယခင်ကသူခိုးတွေနဲ့ပေါင်းစားခဲ့တဲ့ခရိုနီတွေကဆိုရင်သူတို့ကန်ထရိုက်မရရင်ရှုံးရင်အဲ့ဒီဝန်ကြီးကလာဘ်ယူတာဆိုပြီးထင်တယ်။သူတို့တစ်သက်လုံးမှာကလာဘ်ထိုးပြီးစီးပွားရေးလုပ်လာတာဆိုတော့ရိုးသားစွာမယှဉ်ပြိုင်တတ်ဖူး။ကန်ထရိုက်ရသူကိုလာဘ်ပေးလို့ရတာလို့သာထင်တယ်။ဒါကသာမန်ခရိုနီဆိုရင်ပြဿနာကဒီလောက်မကြီးသေးဘူး။

ဒါပေမယ့်အဲ့ဒီတင်ဒါရှုံးတဲ့ကုမ္ပဏီဟာတိုင်းပြည်မှာခြေဥအရတရားစွဲထောင်ချလို့မရတဲ့ဗိုလ်ချုပ်တွေကဒါရိုက်တာလုပ်တဲ့ကုမ္ပဏီဆိုရင်တော့သူတို့ကကန်ထရိုက်မရရင်ယုတ်မာတဲ့နည်းတွေသုံးပြီးတိုင်တာတွေ၊သမ္မတတို့အတိုင်ပင်ခံတို့ကိုဖိအားပေးပြီးသူတို့ကုမ္ပဏီကိုရွေးခိုင်းတာတွေစလုပ်လာပါတယ်။ဒါမှမရရင်မိမိတို့ရဲ့တပည့်တွေမိုးကျတွေရှိတဲ့အဂတိကိုတိုင်ပြီးလူတွေထင်ရောင်ထင်မှားဖြစ်အောင်စလုပ်ပါတော့တယ်။ရည်ရွယ်ချက်ကထိုဝန်ကြီးတွေကဖိအားဒဏ်မခံနိုင်ရင်နုတ်ထွက်အောင်လို့ပါ။သူတို့ပိုင်ရာခရိုနီမီဒီယာတွေကနေလဲသတင်းတုတွေရေးပြီးဖိအားစပေးပါတော့တယ်။တစ်ချိန်ထဲမှာသူတို့ရဲ့အကောင့်တုတွေကနေဝန်ကြီးမကောင်းကြောင်းလုပ်ကြံပြီးစရေးပါတယ်။

တချိန်ထဲမှာဘဲဝန်ကြီးတွေ၊ညွှန်ချုပ်တွေကအကြောက်လွန်ပြီးအထက်ကိုအဆင့်ဆင့်တင်ပြခဲ့ရင်လဲဘေးကနေဒေါင်ခိုင်တို့လိုလူတွေနဲ့သူမယောကျင်္ားတွေကလူမှန်နေရာမှန်မရှိသရောင်ထိုလူတွေကဘဲမဆုံးဖြတ်ရဲသရောင်အင်တာဗျူးတွေမှာပြောပြီးအစိုးရကိုအပုတ်ချပါမယ်။

ဒါပေမယ့်အစိုးရကသတိထားရမှာကဦးပိုင်ဟာလုံခြုံရေးအရတိုင်းပြည်ကိုဒုက္ခရောက်စေနိုင်လားစဉ်းစားရပါမယ်။ဥပမာစီးပွားရေးပိတ်ဆို့ရင်ပြည်သူတွေမီတာမရဘဲဂန့်သွားနိုင်ပါတယ်။ဒါကပထမအချက်ပါ။ဒါ့ထက်အရေးကြီးတာကဦးပိုင်ကိုဒီ့ထက်ကြီးတဲ့စီမံကိန်းတွေမှာကန်ထရိုက်ပေးမယ်ဆိုရင်ကုမ္ပဏီကဒါရိုက်တာတွေကိုရာဇဝတ်ကြောင်းအရတစ်ခုခုဖြစ်ရင်ဘယ်လိုတရားစွဲထောင်ချခွင့်ရှိမလဲရှင်းလင်းသင့်ပါတယ်။ဒါကcorporate responsibility နဲ့health and safety လုပ်ငန်းခွင်နဲ့စီမံချက်တွေဘေးကင်းဖို့အာမခံနိုင်မှုပါ။ဥပမာတံတားတစ်စင်းကိုပေးဆောက်တယ်ဆိုပါစို့။အဲ့ဒီတံတားပျက်လို့လူတွေသေခဲ့ရင်အင်ဂျင်နီယာရောကန်ထရိုက်ကုမ္ပဏီဒါရိုက်တာတွေရောပိုင်ရှင်သူဌေးရောဟာရာဇဝတ်မှုနဲ့တရားစွဲခံပြီးထောင်ချခံရလေ့ရှိပါတယ်။ဒါကကမ႓ာပေါ်ကစံနှုန်းပါ။

ဒါပေမယ့်အဲ့ဒီကုမ္ပဏီဟာဦးပိုင်ဖြစ်နေခဲ့ရင်၊သူ့ဒါရိုက်တာတွေကဗိုလ်ချုပ်တွေဖြစ်နေလို့ဘယ်လိုအရေးယူမလဲဆိုတာစဉ်းစားရပါမယ်။ဒါတွေဟာသူတို့တင်ဒါဝင်အပြိုင်မခံခင်ကထဲကရှင်းလင်းစွာချပြရမှာဖြစ်သလိုသူတို့ကိုပေးမယ်ဆိုရင်ဝန်ကြီးတွေ၊ဝန်ကြီးချုပ်တွေအနေနဲ့ပိုတောင်စဉ်းစားရပါမယ်။ဒါဟာအချစ်အမုန်းမပါဘဲရေးပြတာပါ။လွှတ်တော်အမတ်တွေလဲစဉ်းစားဖို့ပါ။မြန်မာပြည်ရဲ့ကုမ္ပဏီတွေရဲ့တာဝန်ယူမှုတာဝန်ခံမှုမှာဦးပိုင်ဟာ၂၀၀၈ခြေဥအရသူ့ဒါရိုက်တာများဟာလွတ်နေပါတယ်။

အကျဉ်းချုပ်ရရင်ပြည်သူတွေအနေနဲ့ဒီမိုတွေအနေနဲ့လျှပ်စစ်ဝန်ုကြီးနဲ့ဒုဝန်ကြီးကိုဝန်းရံပြီးဓမ္မကအဓမ္မကိုနိုင်အောင်ငြိမ်းချမ်းစွာလုပ်ပြကြပါ။စာရေးသူဟာသူတို့ကိုနိုင်ငံရေးသမားမဟုတ်လို့မီတာခတက်တာကိုသေချာမရှင်းပြခဲ့လို့မကြိုက်ခဲ့ပေမယ့်သူတို့လုပ်တာဟာအမှန်ဖြစ်ပြီးမနေ့ကအဓမ္မသမားတွေကိုတစ်နေရာထဲမှာတွေ့လိုက်ရချိန်မှာလျှပ်စစ်ဝန်ကြီးနဲ့ဒုဝန်ကြီးကိုထောက်ခံရမယ်ဆိုတာပိုကျိန်းသေသွားခဲ့ပါတယ်။ဒီမိုများလဲဓမ္မကအဓမ္မကိုအောင်နိုင်အောင်ဝန်ကြီးနဲ့ဒုဝန်ကြီးကိုဝန်းရံနိုင်ပါစေ။

2,015 views0 comments

Kommentare


bottom of page