top of page
Search
Writer's pictureMyat Tun Oo

တော်လှန်ရေးက ဘယ်လောက်မြန်မှာလဲ


အားလုံးသိကြတဲ့အတိုင်း ဆီးရီးယားမှာ တော်လှန်ရေးက ၁၃နှစ်ကြာခဲ့ပါတယ်။ ဆီးရီးယားမှာ ယခုအချိန်အထိ အဖွဲ့ပေါင်းစုံကွဲနေသလို ကွဲနေဆဲပါ။ သူ့မှာ ပြည်သူကတင်မြှောက်ထားတဲ့ NUGလို အစိုးရလည်းမရှိပါ။

ဒါတင်လားဆိုတော့ ဆီးရီးယားမှာ အာဆတ်အဖေက အာဆတ်မတိုင်ခင် နှစ်၂၀ကျော် အုပ်ချုပ်ခဲ့ပါသေးတယ်။ သူက နေဝင်းလိုဆိုရှယ်လစ်ဝါဒကိုအခြေခံသလို သူ့လူမျိုးနွယ်စုတွေပေါ်မှာမူတည်ပြီးတော့လည်း အာဏာကိုတည်ဆောက်ခဲ့ပါတယ်။ ဒါတင်လားဆိုတော့မဟုတ်သေးပါ။ ယခုထွက်‌ ‌ ပြေးသွားတဲ့အာဆတ်က ဆရာဝန်ပါ။ သူက အင်္ဂလန်နိုင်ငံမှာ ဆရာဝန်ပညာသင်ယူနေရင်း သူ့အဖေမသေခင် သူ့ကို အာဏာရှင်အမွေပေးသွားခဲ့တာပါ။။ သူကအရေးအခင်းမဖြစ်ခင် ၁၀နှစ်လောက်အုပ်ချုပ်သွားခဲ့ပါတယ်။ သူအုပ်ချုပ်ချိန်အစပိုင်းမှာ အနောက်အုပ်စုက ဆီးရီးယားကပြုပြင်ပြောင်းလဲတော့မယ် ဘာညာဆိုပြီး ဝိုင်း‌ လော်ခဲ့ကြပြီး သူ့ကိုတောင် အင်္ဂလိပ်ဘုရင်မက လက်ခံတွေ့ဆုံဧည့်ခံခဲ့ပါတယ်။

ဒါဆိုမအလနဲ့ဘာကွာသလဲ။ အာဆတ်ကဆရာဝန်ဖြစ်ပြီး မအလလိုဆယ်တန်းကိုအမှတ်ခိုးချပြီးအောင်လာတဲ့သူ မဟုတ်ပါ။ ဒါကြောင့်ပထမဆုံးကဉာဏ်ရည်ကွာပါတယ်။ အာဆတ်က အင်္ဂလိပ်လိုအတော်ပြောနိုင်သူပါ။ မအလကတော့ ဗမာလိုတောင် လိမ့်ပတ်လည်အောင် မပြောနိုင်ပါ။ အာဆတ်မိန်းမကအင်္ဂလန်နိုင်ငံသူဖြစ်ပြီး မအလမိန်းမက ဆယ်တန်းမှာအမှတ်မမှီလို့မြန်မာစာနဲ့ တက္ကသိုလ်တက်ရရုံလေး တက်ရခဲ့သူပါ။ အာဆတ်မိန်းမနဲ့ မင်းအောင်လှိုင်မိန်းမ အိတ်အကောင်းကြိုက်တာချင်း ပိုက်ဆံဖြုန်းချင်တာချင်းတော့တူပါလိမ့်မယ်။

နောက်ပြီးတော့ အာဆတ်ကို ရုရှားကထောက်ပံ့မှုပေးတယ်ဆိုရာမှာ စိတ်ရောလူရောနှစ်ပြီးထောက်ခံပေးခဲ့တာပါ။ အာဆတ်တပ်ကို လိုလေသေးမရှိတဲ့ လက်နက်တွေ လေယာဉ်တွေကိုရုရှားကပံ့ပိုးပေးသလို သူ့လေယာဉ်ပြန်နဲ့တောင်ကူပြီးတော့ ပစ်ခတ် ဗုံးကြဲပေးခဲ့တာပါ။ အာဆတ်ကလည်း ရုရှားကို သူ့တိုင်းပြည်ထဲမှာ အခြေစိုက်စခန်းပေးပြီး ပြန်‌ ကျေးဇူးဆပ်ထားခဲ့ပါတယ်။ ဒါကြောင့်သူတို့မှာအပြန်အလှန်ချည်နှောင်ထားတဲ့ ခိုင်မာတဲ့ နှောင်ကြိုးတွေရှိနေပြီးသားပါ။ ပြောပြလိုတာကအာဆတ်က မအလထက်ရုရှားနဲ့ ဆက်ဆံရေးက ခိုင်တယ်ဆိုတာပါ။ နောက်အာဆတ်ကို မြေပြင်မှာတိုက်ဖို့စစ်သားတွေက ဟစ်ဇဘိုလာနဲ့ အီရန်ကအဖွဲ့တွေက ဝိုင်းကူပေးကြပါတယ်။ ဒါကြောင့်သူကငွေလက်နက် လူအားလုံးအကူအညီရတယ်လို့ပြောလို့ရပါတယ်။ အီရန်ကကူညီရာမှာ ဘောမဖွတ်တွေလိုမဟုတ်ဘဲ သူတို့ရဲ့ ရှီးရားဘာသာရေးဆိုင်ရာ ‌အရေးကြီး နေရာတွေက ဆီးရီးယားမှာရှိလို့ ဒါတွေကို သူတို့ရဲ့ ဘာသာရေးအရ ဆူနီတွေရန်က ကာကွယ်မယ်ဆိုတဲ့ ဘာသာရေးယုံကြည်ချက်နဲ့ကို ကာကွယ်တိုက်ခိုက်ပေးခဲ့ကြတာပါ။


မြန်မာပြည်ကိုပြန်ကြည့်ရအောင်

မအလက အာဆတ်လို့ဆရာဝန်မဟုတ်ပါ။ ဆယ်တန်းကို အောင်ရုံကပ်အောင်ခဲ့ပြီး ခိုးချလို့အောင်တာပါ။ ဗိုလ်သင်တန်းကိုလည်းတစ်ခါတည်းနဲ့မအောင်ပဲ နောက်တစ်ကြိမ်ပြန်ဖြေခဲ့ရသူပါ။။ တကယ်အသုံးမကျတဲ့ ဗိုလ်သင်တန်းကိုတောင် နှစ်ခါပြန်ဖြေခဲ့ရတယ်ဆိုတော့ သူကတော်တော်လေးကို အသုံးမကျတာပါ။ ဒါကြောင့် ဆရာဝန်အာဆတ်နဲ့ ဆယ်တန်းကပ်အောင်မအလတို့ရဲ့ ညာဏ်ပညာက မိုးနဲ့မြေကွာနေပါပြီ။

နောက်လူတွေမသိသေးတဲ့ အာဆတ်နဲ့မအလကွာတာက အာဆတ်က သူ့လူမျိုး ငါးသိန်းကျော်ကိုသတ်ခဲ့ပေမယ့် ICC က သူ့ကိုဖမ်းဝရမ်း မထုတ်ခဲ့ပါ။ မအလကိုတော့ ဖမ်းဝရမ်းထုတ်ဖို့ အဆိုတင်သွင်းထားပါတယ်။ ဒါကလည်းသတိပြုရမယ့်အချက်တစ်ခုပါ။

နောက် မအလစစ်တပ်မှာ ရုရှားလို လိုအပ်လျှင် ဝင်ကူဗုံးကြဲပေးမယ့်ရုရှား/တရုတ်တပ်မရှိပါ။ နောက်ဆုံး လူဝင်ပြီး တိုက်ခိုက်ပေးမယ့် တိုက်ခိုက်ရေးစစ်သားတွေ အခြားဘာသာရေးအဖွဲ့တွေမရှိပါ။။ မအလတပ်များက စစ်တပ်ထဲဝင်ရင် ခိုးလို့ရမယ် ခိုးရင်သူဌေးဖြစ်မယ်ဆိုတဲ့ မူဝါဒကိုအခြေခံထားသူများပါတယ်။ အဖွဲ့အစည်းတွေဟာ value လို့ခေါ်တဲ့ လူ့တန်ဘိုးတွေပေါ်မူတည်ပြီး ဖွဲ့စည်းတယ်ဆိုလို့ရှိရင် မအလတပ်က ခိုးမယ်ဆိုတဲ့တန်ဘိုးအပေါ်မူတည်ပြီးဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပါ။ သူ့ကိုထောက်ခံသူအချို့ထဲမှာ တကယ့်ကို အမျိုး ဘာသာ သာသနာကိုယုံကြည်ပြီးထောက်ခံသူအနည်းစုတော့ ရှိနိုင်ပါတယ်။


မအလကို သေချာပြန်လေ့လာရင် သူဟာ သန်းရွှေနဲ့ခင်ညွန့်တို့ ပျိုးထောင်ထားပြီး ဖက်စပ်မွေးလာသူပါ။ သူဟာ သန်းရွှေလိုရက်စက်ဖို့ကြိုးစားပေမယ့် သန်းရွှေလိုအကွက်မမြင် အသုံးမကျပါ။ ထို့အတူပါပဲ ခင်ညွန့်လိုရက်စက်ဖို့ ယုတ်မာဖို့ ကြိုးစားပေမယ့် ခင်ညွန့်လိုပွဲကြိုက်ပေမယ့် ခင်ညွန့်လို အသုံးလုံးဝမကျသူပါ။ ဒါကြောင့် သူဟာ ခင်ညွန့်နဲ့သန်းရွှေကနေပြီးတော့မကောင်းတဲ့အကျင့်တွေချည်းပဲရပြီး ကောင်းတာတွေမပါဘဲမွေးဖွားလာသူလို့ပြောရင်လည်းမပါပါဘူး။


အခုဆီးရီးယားမှာလို အစပိုင်းမှာ မြန်မာ့တော်လှန်ရေးက မမြန်ပေမယ့် ၂၀၂၃ ကစလို့ တော်လှန်ရေးဟာ အရှိန်အဟုန်နဲ့ တိုးတက်လာနေပါတယ်။ နောက်တော်လှန်ရေးကိုကူညီနေတဲ့အချက်က မအလပါ။ မအလဟာ လူတွေအားလုံးက သူ့ကိုမုန်းနိုင်အောင်စုစည်းပေးနိုင်သူပါ။ ဒါ့အပြင် မအလက လူတွေကိုရာထူးပေးရမှာလည်း စစ်မတိုက်တတ်သူတွေကို စနစ်တကျ ရာထူးပေးနိုင်တာကလည်း ထူးခြားတဲ့အချက်ပါ။ ယခုဖြစ်နေတာက မော်ရင်ညိုကို မန်ယူအုပ်ချုပ်ခိုင်းတာမျိုးမဟုတ်ပါ။ မအလလုပ်နေတာက မျိုးလှိုင်ဝင်းကို မြန်မာအသင်းအုပ်ချုပ်ခိုင်းတာမျိုးပါ။ မျိုးလှိုင်ဝင်းကလည်းကမ္ဘာ့ဖလား မနိုင်ဖူးသလို မြန်မာအသင်းကလည်း ၁၉၇၀ မတိုင်ခင်ကသာ နိုင်ဖူးခဲ့ပြီး နောက်ပိုင်းဘာမှမနိုင်ဘူးတဲ့အသင်း ဖြစ်နေခဲ့ပါပြီ။ ဒါကြောင့်သူကဘယ်သူတွေနဲ့ ဘာရာထူးလဲလဲ ပိုတိုးတက်လာစရာ မရှိပါဘူး။။ ကျော်စွာလင်းကလည်း ဘာမှစစ်မတိုက်တတ်လို့ စစ်တိုက်ဖို့ အစဉ်အလာရှိသူမဟုတ်လို့ စစ်ထပ်ရှုံးဖို့က သေချာသွားခဲ့ပါပြီ။


ဒါဆိုဘယ်တော့တော်လှန်ရေးနိုင်မလဲ။ အဖြစ်အပျက်တွေက တစ်လှိုင်းပြီးတစ်လှိုင်း လာနေပါပြီ။ စစ်တပ်ထဲမှာ ထင်ရှားတဲ့ပြုပြင်ပြောင်းလဲမှုတွေဖြစ်ဖို့က ရှမ်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ပြီးရင်ရခိုင်ကအမ်း နပခ၊ ပြီးရင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မြစ်ကြီးနားကျရမယ်လို့ စာရေးသူယခင်ထဲက ပြောခဲ့ပါတယ်။ ယခုတိုင်းစစ်ဌာနချုပ်နှစ်ခုကျသွားလို့ အတော်နီးစပ်လာနေပါပြီ။ အချိန်အားဖြင့် အနည်းငယ်ကွာတာရွေ့တာတော့ရှိပါတယ်။ ဥပမာ နပခကိုစာရေးသူက သြဂုတ်လ ၂၀၂၄ လောက်ထဲကသိမ်းပိုက်မယ်လို့ထင်ပေမယ့် ဒီဇင်ဘာလောက်ဖြစ်သွားတာမျိုးပေါ့။ ဒါပေမယ့် မအလရှုံးတာကတော့ ရှုံးတာပါပဲ။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ ရှေ့နှစ် ၂၀၂၅ မှာ ကျခဲ့ရင် ၂၀၂၅ဟာ မအလကျဆုံးဖို့နှစ် ဖြစ်သွားမှာပါ။ မဟုတ်ရင်လည်း ၂၀၂၆ဟာ သေချာပေါက် မအလကျရှုံးတဲ့နှစ်ဖြစ်မှာပါ။ ဘာလို့ဒီလိုပြောနိုင်သလဲဆိုတော့ လက်ရှိမှာ လက်နက်ကြီး ကျည်မရှိလို့ မတိုက်နိုင်သေးရင်တောင်မှ အေအေကရခိုင်သိမ်း၊ ကချင်က မြစ်ကြီးနားအထိ သိမ်းထားရင်၊ ချင်းကလဲ ယခုအတိုင်း မြို့တွေဆက်သိမ်းနိုင်ရင် မအလတပ်အတွက် ဆက်ထိန်းဖို့ အလွန်ခက်သွားမှာပါ။ ထောက်ပို့လမ်းကြောင်းကလည်းပွင့်လာမှာပါ။ AAက ဧရာဝတီတိုင်းကို ထိုးစစ်ဆင်ခဲ့ရင် စာရေးသူတို့ကစစ်ကိုင်းကိုယခုထဲပိုပြီးသိမ်းပိုက်နိုင်ရင် မအလလရဲ့မြို့တွေက အလိုလိုရိက္ခာပြတ်သွားမှာပါ။ တောင်ဘက်မှာကရင်က ယခုထက်ပိုအလုပ်လုပ်နိုင်ခဲ့ရင် မြဝတီလိုမြို့ကြီးကို သိမ်းပြနိုင်ခဲ့ရင်တော့ မအလကျဆုံးမှုက ပိုမြန်သွားမှာပါ။ ယခုတွက်ထားတာက မဖြစ်နိုင်တာတွေကိုသိပ်မထည့်တွက်ဘဲ လက်ရှိနိုင်နေတဲ့ AAနေရာ ရခိုင်ပြည်နယ်၊ KIA က ကချင်ပြည်နယ်၊ TNLA က ရှမ်းမြောက်နဲ့ MDY PDF ရဲ့ မန္တလေးတဝိုက်ကိုသာထည့်တွက်ထားသေးတာပါ။

ယခုလိုရလာတဲ့လက်နဲ့အတွေ့အကြုံနဲ့မြစ်ကြီးနားကျသွားရင် စစ်ကိုင်းဟာစာရေးသူတို့ရဖို့ လုံးဝကျိမ်း‌သေသွားမှာပါ။ ဒါကြောင့်အကျဉ်းချုပ်ရရင် အာဆတ်ကိုတိုက်တာ ၁၃ နှစ် ကြာခဲ့ပေမယ့် မအလကတော့ အများဆုံး ခြောက်နှစ်သာ ကြာမှာပါလို့ပြောပါရစေ။

339 views0 comments

Recent Posts

See All

အမ်းအပြီး

အမ်းနဲ့ အဆက်အသွယ်ပြတ်သွားအပြီး ၅ ရက် အကြာမှာ AA က အမ်း နပခ ကျပြီဆိုတာ အတည်ပြုတာ တွေ့ရပါတယ်။ AA သာ အမှန်သိမှာပါ။ နေပြည်တော်နဲ့...

Comments


bottom of page