တော်လှန်ရေးဘယ်လောက် အောင်မြင်လဲဆိုတာကို စာရေးသူပြောတာ၊ NUG ပြောတာတွေ၊ အနောက်မီဒီယာပြောတာတွေမပါဘဲ မအလမီဒီယာတွေက ဒီလိုဝင်ခံထားပါတယ်။ ဒါက အောက်တိုဘာ ၂၀၂၄ အထိပါ။ အကျဉ်းချုပ်က မအလဟာ ၁၄၅ မြို့နယ်ကိုသာ ၂၀၂၄ အောက်တိုဘာအထိ အပြည့်အဝ ထိန်းချုပ်နိုင်ကြောင်းပါ။ ဒီသတင်းကိုဖတ်တဲ့ MRTV က ကြားတဲ့ မအလတပ်ထဲကလူတွေ အားတက်နိုင်ပါ့မလား? သတင်းက ဒီလိုပါ။
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံတစ်ဝှမ်းရာနှုန်းပြည့် ကောက်ယူ နိုင်ခဲ့သည့် မြို့နယ် ၁၄၅ မြို့နယ်သာရှိပြီး တစ်စိတ်တစ်ဒေသ ကောက်ယူနိုင်သည့်မြို့နယ် ၁၂၇ မြို့နှင့် လုံးဝမကောက်ယူနိုင်သည့်မြို့နယ် ၅၈ မြို့နယ် ရှိကြောင်း သိရသည်။
Comments