top of page
Search
Writer's pictureMyat Tun Oo

တော်လှန်ရေးအောင်ဖို့ ဘာအရေးကြီးဆုံးလဲ?


ဒါကလူတိုင်းမေးတဲ့မေးခွန်းပါ။ ပထမထင်တာက နိုင်ငံခြားက အမေရိကန်က၊ တရုတ်က လာကယ်ရင် နိုင်မယ်လို့ထင်သလို အချို့က အာဏာရှင်ပြုတ်ကျဖို့သာ အရေးကြီးပြီး နောက်မှ မတူတာတွေရှင်းမယ်ဆိုတဲ့ အတွေးအခေါ်လဲရှိပါတယ်။ အချို့က ဒေသခံတွေကသာ ကိုယ့်ဒေသကိုအုပ်ချုပ်ပြီး စစ်ဘုရင်လေးတွေနဲ့ တိုက်ရမယ် NUG လို အစိုးရမလိုဘူးဆိုပြီး ပြောသူများလဲရှိကြပါတယ်။ ဒါတွေကို အထောက်အထားတွေနဲ့ ရေးပြပါ့မယ်။

ပထမက လစ်ဗျားပါ။ လစ်ဗျားမှာ နေတိုးကကူပြီး ကဒါဖီကို ဖြုတ်ပေးခဲ့ပါတယ်။ ကဒါဖီသေပေမယ့် လစ်ဗျားဟာ ယခုအချိန်အထိ မငြိမ်းချမ်းသေးပါ။ ပြီးခဲ့တဲ့လက အစိုးရသေချာမရှိလို့ လူတွေအများကြီး ရေကြီးပြီးသေခဲ့ပါတယ်။ စစ်လဲ နေ့တိုင်းအဖွဲ့တွေကြားဖြစ်နေခဲ့ပါတယ်။ ရွေးကောက်ပွဲလုပ်ပေမယ့် ကဒါဖီကိုတိုက်စဉ်က ဖွဲ့ခဲ့တဲ့ တပ်တော်ရဲ့ စစ်ဗိုလ် Khalifa Haftar က ရွေးကောက်ခံ အစိုးရကို အသိအမှတ်မပြုဘဲ တိုက်နေဆဲဖြစ်သလို အခြားလူမျိုးတွေကလဲ တော်လှန်ရေးဆိုပြိး ဆက်တိုက်နေဆဲပါ။ အချို့ကဆို ကဒါဖီကမှ တော်သေးတယ်ဆိုပြီး ဖြစ်လာနေပါပြီ။

အဓိကကတော့ တော်လှန်ရေးအဖွဲ့တွေကြား မညီညွတ်တာရယ် လက်နက်ရှိချိန်မှာ ရွေးကောက်ခံအစိုးရအမိန့်ကို မနာခံလို့ပါ။ ဒါကြောင့်နေတိုးမကလို့ ဘယ်သူကူကူ မိမိလူမညီရင် ရွေးကောက်ခံအစိုးရအမိန့်ကို မနာခံရင် တော်လှန်ရေးက မအောင်ဘဲ ကြာသွားတတ်တယ်ဆိုတာ လစ်ဗျားက ဥပမာ သက်သေအထောက်အထားပါ။

ဒုတိယက ဆီးရီးယားပါ။ သူတို့က အာဏာရှင်အစိုးရကို ဆန္ဒပြရာကစခဲ့ပြီး အာဆတ်က မအလလို ဆန္ဒပြသူတွေကို ပစ်သတ်ရာက တော်လှန်ရေးစခဲ့တာပါ။ သူ့မှာ ပြည်သူကရွေးကောက်ခံမဟုတ်ပေမယ့် Syria National Coalition ဆိုပြီး ဆန္ဒပြသူတွေ နိုင်ငံခြားက ပညာတတ်တွေနဲ့ တတီယအင်အားစုမျိုး အမျိုးသားညွန့်ပေါင်းအစိုးရကို ဖွဲ့ခဲ့ပါတယ်။ သူ့ကို အိမ်နီးချင်း အာရပ်နိုင်ငံတွေက ငွေကြေး၊ လက်နက်ထောက်ပံ့ခဲ့ပါတယ်။ အနောက်နိုင်ငံတွေကလဲ ထောက်ခံခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ မြို့တွေကိုသိမ်းနိုင်ချိန်မှာ အဆိုပါဒေသတွေမှာ စစ်ဘုရင်တွေက တပ်တော်တွေနဲ့ အုပ်ချုပ်ပြီး ညွန့်ပေါင်းအစိုးရရဲ့ အမိန့်ကိုလဲ မနာခံတော့ပါ။ နောက်ပိုင်းမှာ ဒေသမတူလို့ အချင်းချင်းမညီညွတ်လို့ အာဆတ်က မြို့တွေကိုဝိုင်း ငြိမ်းချမ်းရေးယူ အချိန်ဆွဲခဲ့ပြီး နောက်ပိုင်းရုရှားနဲ့ အီရန်အကူအညီနဲ့ ပြန်တိုက်ခဲ့ပါတယ်။ သူကလဲ စာရေးသူတို့ထက် နိုင်ငံခြားက ထောက်ပံ့မှုရခဲ့ပါတယ်။ စည်းလုံးမှုမရှိ မိမိဖွဲ့ထားတဲ့အစိုးရကို လေးစားမှုမရှိ မိမိဒေသမှာ တပ်တော်ဖွဲ့ဖို့နဲ့ အုပ်ချုပ်မင်းလုပ်ဖို့သာ စိတ်ဝင်စားခဲ့လို့ အာဆတ်က အပေါ်စီးရသွားခဲ့ပါတယ်။

စာရေးသူတို့ကို နေတိုးကမကူသလို အိမ်နီးချင်းကလဲ မကူပါ။ ဒါပေမယ့် ပြည်သူအချင်းချင်းကသာ ကူနေပါတယ်။ စာရေးသူတို့ရဲ့ အားသာချက်က ပြည်သူတင်ထားတဲ့ တရားဝင်လွှတ်တော်ရှိနေပြီး သူကတင်ထားတဲ့ တရားဝင်အစိုးရရှိနေခဲ့တာပါ။ စာရေးသူတို့ရဲ့ လူငယ်တွေက ဩဇီကထွင်တဲ့မောင်းသူမဲ့လေယာဉ်မျိုးကို သူ့ရဲ့ အပုံ တစ်တောင်ပုံတစ်ပုံတောင်မရှိတဲ့ငွေနဲ့ ထုတ်နိုင်တာပါ။ နောက် NUG အစိုးရက အုပ်ချုပ်ရေးအဖွဲ့၊ တရားရေးအဖွဲ့၊ PDF အဖွဲ့တွေကို ဆီးရီးယားနဲ့ လစ်ဗျားလိုမဖြစ်အောင် တည်ဆောက်လာနေနိုင်တာပါ။

ဒါဆိုအရေးကြီးဆုံးကဘာလဲ? ငွေကြေးထောက်ပံ့တာ ဘာညာကလဲအရေးကြီးပေမယ့် အရေးကြီးဆုံးကတော့ စည်းလုံးညီညွတ်မှုပါ။ NUG ထဲမှာစည်းလုံးရင် NUG နဲ့ တိုင်းရင်းသားစည်းလုံးရင် အောင်မြင်မှာပါ။ ဘယ်သူက စည်းရုံးရမှာလဲဆိုတော့ အဲ့ဒါက အားလုံးမှာတာဝန်ရှိတာပါ။ NUG က မစည်းရုံးလို့ဆိုတာက အလကားဆင်ခြေပါ။ ဖထီးမူတူးကပြောနေတာက ဘယ်အဖွဲ့မှာမဆို စည်းလုံးရေးက အရေးကြီးတယ်ဆိုတာပါ။ မအလဟာ KNU လို နာမည်ကြီးအဖွဲ့ကိုတောင် ထပ်ကွဲအောင် ကြိုးစားနေတယ်ဆိုတာ မမေ့ပါနဲ့။ ဖထီးကိုတောင် စည်းရုံးနိုင်တယ်ဆိုရင် အခြားတပ်တော်လောက်တော့ အေးဆေးပါလို့ ပြောပါရစေ။ ယခုရှမ်းနီတပ်တော်က မအလနဲ့ပေါင်းပြီး PDF ကိုတိုက်နေတယ်ဆိုတာ မမေ့ပါနဲ့။

ပြည်သူက ဘာလုပ်ရမလဲဆိုတော့ စည်းလုံးရေးကိုအားပေးပါ။ NUG အောက်က PDF တပ်ကို ဦးစားပေးထောက်ပံ့ပါ။ လစ်ဗျားနဲ့ ဆီးရီးယားကို သင်ခန်းစာယူပါလို့ ပြောပါရစေ။ တော်လှန်ရေးအောင်ဖို့က ပြည်သူများရဲ့ စည်းလုံးညီညွတ်မှုသာပါ။ ပြည်သူသာ အဓိကပါလို့ ပြောပါရစေ။

858 views0 comments

Comments


bottom of page