top of page
Search
Writer's pictureMyat Tun Oo

တော်လှန်ရေးအတွက် ရန်ပုံငွေ


တော်လှန်ရေးဟာ တန်ဖိုးကြီးပါတယ်။ လူ့အသက်က တန်ဖိုးအကြီးဆုံးပါ။ ဒါပေမယ့် သူ့ကိုတိုက်ခိုက်ဖို့ကလဲ ပိုက်ဆံလိုပါတယ်။ တရုတ်ပြည်မှာ ကွန်မြူနစ်တွေ တော်လှန်ရေးလုပ်နိုင်ခဲ့တာက ထိုအချိန်ကဆိုဗီယက်ပြည်ထောင်စုက ထောက်ပံ့ခဲ့လို့ပါ။ မဟုတ်ရင် လက်နက်ကအစ ကိုယ့်အားကိုယ်ကိုးပြီးစုဆောင်းရပါတယ်။ ကမ္ဘာပေါ်က တော်လှန်ရေးတွေ ဘယ်လိုရန်ပုံငွေရှာလဲလေ့လာကြည့်ရအောင်။

အိုင်ယာလန်က IRA ဆိုတာ မြောက်ပိုင်းအိုင်ယာလန်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့အဖွဲ့ပါ။ သူဟာ အမေရိကန်မှာရှိတဲ့ အမေရိကန်ရောက် သူ့လူမျိုးတွေထံကနေ ပိုက်ဆံကောက်ခံပြီး စစ်တပ်ဖွဲ့ခဲ့တာပါ။ သူ့မှာပါတီလဲရှိပြီး နိုင်ငံရေးအရ ပါတီကဆုံးဖြတ်တာကို သူကလုပ်ပါတယ်။ သူ့ဖွဲ့စည်းပုံကအင်မတန်စည်းစနစ်ကျခဲ့ပါတယ်။ ဒါက အဝေးက ဥပမာပါ။ အနီးနားမှာက AA ဟာလဲ သူ့လူမျိုးထံကထောက်ပံ့မှုတွေနဲ့ တော်လှန်ရေးစခဲ့ပါတယ်။ သူ့မှာအခြားဝင်ငွေရလမ်းလဲ ရှိခဲ့ပါတယ်။ သူပြင်ဆင်ခဲ့တာဟာ ၂၀၁၄ လောက်ကဖြစ်ပြီး ယခုလို အကြီးအကျယ်တိုက်နိုင်တာ ၂၀၁၉ လောက်မှပါ။

ယခုအချိန်မှာ CRPH တို့ NUG တို့က လိုင်းပေါ်ကနေ အလှူငွေကောက်ခံရင် ကောင်းတဲ့အချက်က ပြည်သူတွေက ဝိုင်းလှူကြလို့ ကောက်ရလွယ်ပါတယ်။ ဒါကအားသာချက်ပါ။ အားနည်းချက်က မအလရဲ့ဖက်ဆစ်တပ်ရဲ့ သံရုံးကလူတွေက ပိုက်ဆံဝင်လှူသလိုလုပ်ပြီး US နဲ့ UK မှာ အဆိုပါ ပိုက်ဆံကောက်ပေးတဲ့ နေရာဌာနတွေကို သူတို့ပိုက်ဆံကို အကြမ်းဖက်မှုအတွက်သုံးတယ်လို့ လိမ်တိုင်ပြီး CRPH ပိုက်ဆံကောက်တာကို အနှောက်အယှက်ပေးတာပါ။ တကယ်က မအလနဲ့ သူ့ဖက်ဆစ်တပ်ကသာအကြမ်းဖက်အဖွဲ့ပါ။ သူခိုးက လူပြန်ဟစ်တဲ့သဘောပါ။ နောက် စင်ကာပူ၊ ထိုင်းနဲ့ အာဆီယံနိုင်ငံတွေက မအလရဲ့ ဩဇာသက်ရောက်လို့ အလှူငွေကောက်ရင် အဆိုပါဒေသတွေကို အခြေမခံမိဖို့လိုပါတယ်။

အကျဉ်းချုပ်ရရင် တော်လှန်ရေးအတွက် ငွေလိုပါတယ်။ NUG အနေနဲ့ လစဉ်အလှူငွေကောက်ခံလို့ရအောင် US၊ UK မှာ ကုမ္ပဏီမျိုးဖွင့်ပြီး လစဉ်ကောက်ခံနိုင်အောင် ကြိုးစားပါ။ ပြည်တွင်း ပြည်ပရောက် မြန်မာများကလဲ လစဉ်လှူနိုင်အောင် ကြိုးစားပေးကြပါ။ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး ဇွဲရှိရှိနဲ့ တိုက်ကြရမှာပါ။ အရေးတော်ပုံ အောင်ရမည်။

759 views0 comments

Comments


bottom of page