top of page
Search
Writer's pictureMyat Tun Oo

တာဝန်ယူမှု တာဝန်ခံမှုဂျင်း


စစ်တိုက်ရင် စစ်စည်းကမ်းနဲ့တိုက်ရပြီး ယူနီဖောင်းဝတ် လက်နက်ကိုင်များက လိုက်နာရပါတယ်။ ဒါကို မအလဖက်ဆစ်တပ်က မလိုက်နာတာ အားလုံးအသိပါ၊ လူတွေကိုသတ်တယ်။ စစ်ရာဇဝတ်မှု ကျူးလွန်တယ်။ ကုလက စိုးရိမ်တယ်။ အာဆီယံကစိုးရိမ်တယ်။ တရုတ်နဲ့ ရုရှားက ပြည်တွင်းရေးပြောတယ်။ပြည်သူတွေက အသတ်ခံရတယ်။

ယခု NUG က PDF ဖွဲ့တယ်။ သူ့တပ်က ပြည်တွင်းထဲ အကြီးအကျယ်မရောက်သေးဘူး။ ဒီကြားထဲမှာ ပြည်သူတွေကို ဖက်ဆစ်တပ်က ဖမ်းတာ သတ်တာနေ့စဉ်လုပ်နေတယ်။ အချို့ပြည်သူတွေက ရရာလက်နက်နဲ့ ခံချတယ်။သတင်းပေး ဒလန်တို့ ထွေအုပ်တို့ကို ရရာလက်နက်နဲ့ ရှင်းကြတယ်။ မအလဖက်ဆစ်တပ်ကလဲ ဒီမိုထောက်ခံတဲ့ဒေသက စျေးတွေ၊ ကျောင်းတွေကို မီးရှို့တုန့်ပြန်တယ်။ ဒီမောဆိုမှာဆိုရင် အိမ်ပါမီးရှို့တယ်။ ဒီနေရာမှာ အချို့ဒလန်မီဒီယာနဲ့ ဖက်ဆစ်လော်ဘီများက အသတ်ခံရသူအချို့အတွက် NUG ကို တာဝန်ခံခိုင်းတဲ့ မေးခွန်းတွေမေးပြီး ချောက်တွန်းလာတာ တွေ့ရပါတယ်။

သူတို့ပြောတာကို လေ့လာကြည့်ရင် ဒီမိုတွေကလဲ အမေရိကန်တပ်ကြီးလို စစ်စည်းကမ်းဥပဒေတွေလိုက်နာပြီးဒလန်တွေ Non CDM သမားတွေကို မသတ်နဲ့ဆိုတဲ့ ပုံစံပါ။ ခံရတဲ့ ပြည်သူမှာက အမေရိကန်တပ်လို လက်နက်ကောင်းကောင်းမရှိသလို ယူနီဖောင်းမရှိ လစာမရပါ။ မိမိအသက်ကို ခုခံကာကွယ်နေရတာပါ။ ဒလန်မီဒီယာများမေးပုံက မုဒိမ်းမှု ကျူးလွန်ဖို့ ကြိုးစားသူကို သတ်လိုက်ရတာကို ဥပဒေအတိုင်း ဘာလို့မဖမ်းလဲဆိုတာမျိုးပါ။

ယခုပြည်သူတွေဟာ မိမိကိုယ်ကို ခုခံကာကွယ်နေရတဲ့အချိန်ပါ။ သူတို့အားလုံးဟာ ယူနီဖောင်းဝတ်ထားတာမဟုတ်သလို NUG အောက်မှာလဲမရှိပါ။ ကျုံပျော်မှာဖြစ်သွားတာက ဒလန်နဲ့ Non CDM က ပြည်သူကို ဘယ်လောက် ဒုက္ခပေးနိုင်သလဲဆိုတာ ပြသွားခဲ့ပါပြီ။

လက်ရှိပြည်သူကို ကုလက လာမကယ်နိုင်ပါ။ ပြည်သူဟာ အသက်လုပြီး နေထိုင်နေရပါတယ်။ စာအုပ်ကြီးအတိုင်းဒလန်နဲ့ Non CDM သေတာကို စိုးရိမ်ပေးတဲ့ သတင်းထောက်အချို့ကို လေးစားပါတယ်။ ပြည်သူကတော့ မိမိကိုယ်မိမိ R2P ဆက်လုပ်ရမှာပါ။ ပြည်သူက စျေးတွေ ကျောင်းတွေကို ရှောင်ပါတယ်။ ဒလန်နဲ့ မအလဖက်ဆစ်ပိုင် နေရာတွေ လုပ်ငန်းတွေကတော့ မိမိတာဝန်သာဖြစ်ကြောင်း သတိပေးပါရစေ။ ပြည်သူသာ အဓိကပါ။

341 views1 comment

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

ကြေညာချက်က ရန်ဖြစ်စရာမဟုတ်

အချင်းချင်း ရန်မဖြစ်ပါနဲ့။ စာရေးသူက MNDAA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ TNLA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ AA က...

1 Comment


Myint Soe Oo
Myint Soe Oo
Jun 07, 2021

ဦးမြတ်!!!ခေါင်းစည်းမှာ ဂျင်း ဆိုသော စာလုံးအရ **ဂျင်းစိမ်း နှင့် မိဿလင် ၊ သူကြင် မှ ကိုယ်ကြင်မှာပေါ့** ။ အသွားရှိလျှင် အပြန်လည်းရှိပါသည်။ သို့ပါ၍ အပြန်အလှန်အားဖြင့် ဆိုသောစကား ထားရှိပါသည်။

နျုတန်ရဲ့ နိယမ မကျေညက်ခြင်းသဘောပါ။

ငြိမ်းချမ်းနေသောအဖွဲ့စည်း (ရပ်တည် အင်နားရှားနှင့်နေသောအဖွဲ့)ကို မငြိမ်းချမ်း ဆူပွက်အောင်(ရွေ့လျား အင်နားရှား ရအောင်) လက်နက်အားကိုးဖြင့်(ပြင်ပ အသားတင် အား သက်ရောက်မှု)ပြုခဲ့ခြင်းကြောင့် အလျင်ပြောင်းနုန်း(အရှိန်)မြန်ဆန်စွာဖြင့် အပြောင်းလဲကြီး (တိုးရှိန်/+ a)ပြောင်းလဲခဲ့ပါပြီ။

မြန်မာဆန်ဆန်ပြောရလျှင်

ပျားအုံကို တုတ်နဲ့သွားထိုး မိခဲ့ပါပြီ။

သစ်ငုတ် မြင့်တုံ ၊ မြက် မြင့်တုံ

ဗုံလုံ တလှည့် ၊ ငါးပျံ တလှည့်

အသာချည်း စံ၍ မရသလို

အနာလည်း တောက်လျှောက်ခံရမည်မဟုတ်ပါ။ အရာရာ ဘာမျှ မမြဲ၊ အစဥ် ပြောင်းလဲလျက်ပါ။ မြဲချင်ခိုင်ချင်နေသမျှ အရူးမျှသာ။

အရူး ပြောသမျှ မည်သူမျှ လက်မခံသည်မှာ သဘာဝပါ။


Like
bottom of page