တက်တက် မတက်တက် ရှုံးထွက်
အာဆီယံက မအလကို မုန့်ဟင်းခါးခေါ်ကျွေးဖို့ ခေါ်ထားရာမှာ အထဲမှာ မအလကို တက်သင့်ကြောင်းပြောသူရှိသလို မတက်ရန် ပြောသူများလဲရှိပါတယ်။
ပထမ မအလကို အင်ဒိုနီးရှားမှာ အစည်းအဝေးလုပ်ဖို့ နေရာကို ဆွေးနွေးရာမှာ သူက အင်ဒိုကလူများလို့မသွားလိုလို့ ဘရူးနိုင်းမှာလုပ်ဖို့ တိုက်တွန်းပေမယ့် မအောင်မြင်ခဲ့ပါ။
ယခုအချိန်မှာ မအလ နိုင်ငံပြင်ပကိုထွက်ရင် ကြောက်တာက တပ်တွင်းမှာ အာဏာပြန်သိမ်းမှာပါ။အပြင်ထွက်ရင် အဖမ်းခံရမှာ လေယဉ်ပျက်ကျမှာနဲ့ လုပ်ကြံခံရမှာတွေကိုလဲ ကြောက်ပါတယ်။ သူကရိုဟင်ဂျာတွေကို အဓိကသတ်ခိုင်းသူတရားခံဆိုတာ အင်ဒိုကလူတွေက မမေ့သေးပါ။ ဒါ့အပြင် လက်ရှိမြန်မာပြည်မှာ အစ္စလမ်ဘာသာဝင်တွေကို ပိုအငြိုးနဲ့ သတ်နေတာကိုလဲ ဟိုကသိပါတယ်။
အတွင်းတပ်ကိစ္စကိုပြင်ဆင်ဖို့ ဒုဗိုလ်ချုပ်ကြီးအဆင့် ၂၀ လောက်ကို တပ်ဝင်းထဲမှာထားပြီး သူတို့မိန်းမတွေကိုလဲ အဆောင်မှာလာနေခိုင်းပြီး ပြန်ပေးစွဲထားသလိုပုံစံ လုပ်ထားပါတယ်။ ဖမ်းတာမဟုတ်ပေမယ့် ပြန်ပေးစွဲတာ အကျယ်ချုပ်ပုံမျိုးပါ။ ကြည့်ရတာက မအလနိုင်ငံခြားထွက်ရင် အောက်ကလူတွေအာဏာပြန်မသိမ်းရဲအောင် သူတို့မိန်းမတွေကို ၂၅ ရက်လောက်အထိ ထိန်းထားမဲ့သဘောပါ။
အကယ်၍ ထွက်ခဲ့ရင်မောင်းရမဲ့ လေယဉ်မောင်းသမားတွေ ဝန်ထမ်းတွေကိုလဲ နောက်ကြောင်းမှာDASSK ထောက်ခံခဲ့လား စစ်နေပြီး သူတို့မိသားစုတွေကိုလဲ အကျယ်ချုပ်ထားဖို့ပြင်နေပါတယ်။
ဒါပေမယ့် တကယ်သွားမသွားက ဆုံးဖြတ်ချက် မချရသေးပါ။
ပြည်သူတွေအနေနဲ့ အာဆီယံကို မျှော်လင့်ချက် သိပ်မထားပါနဲ့။ မိမိတို့ ဆန္ဒပြစရာရှိတာ ဆက်ပြပါ။CDM လုပ်စရာရှိတာ ဆက်လုပ်ပါ။ CDM ဖျက်ပြီး အလုပ်ပြန်သွားလဲ အဖမ်းခံရပါမယ်။ မီးရှို့စရာရှိတာ ဆက်ရှို့ပါ။ ခံချစရာရှိတာ ခံချပါ။ သင်တန်းတက်စရာရှိတာ တက်ပါ။ စစ်ပညာကို သင်ယူပါ။စာရေးသူတို့မှာ စစ်ကိုင်းတိုင်းလို တစ်တိုင်းပြည်လုံး ခံချနိုင်ရင် ကုလတပ်မလာလဲ နိုင်ပါမယ်။ စစ်ကိုင်းပြည်သူတေက တူမီးသေနတ်နဲ့ မအလဖက်ဆစ်တွေကို ရခိုင်မှာလို ခံချတာပါ။ သူတို့မှာစက်သေနတ်သာရှိရင် တပ်မတစ်ခုနဲ့တောင် နှိမ်နင်းလို့မရဘဲ လေယဥ်ပစ်ကူတောင်လိုမှာပါ။
ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိပါတယ်။
ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးကြပါ။
တရုတ်ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဟာ တောရွာကလေးကနေ ယခုတရုတ်တစ်ပြည်လုံးကို အုပ်ချုပ်နိုင်ခဲ့ပါတယ်။ ဒါက ဥပမာပါ။
နောက်ဆုံးက ပြည်သူသာ အဓိကပါလို့ ထပ်ပြောပါရစေ။
ဦးမြတ်!!! ဦးဝင်းထိန်ပြောစကား ပြန်ကြားယောင်မိပါတော့သည်။**တယ် မိုက်တာကိုး**
မိုက်တော့ ထင်ရာစိုင်းလို့ အရိုင်းဘဝ ရောက်နေကြောင်း အာဆီယံသည် သက်သေပြနေပါပြီ။ ဦးဆုံး စည်းစိမ်အတွက် အာဏာကို ရမက်တပ်လိုချင်မှုမှ အစပြုခဲ့ပါသည်။ မိမိ၏ အသက် ကို ထည့်တွက်ခဲ့ပုံမရပါ။ ရိုင်းခဲ့သော အပြုအမူများက စည်းစိမ်အာဏာကိုပင်မက အသက်ကိုပင် မျက်စပြစ်လာကြပါပြီ။ ပုထုဇဥ်မှန်သမျှ သေရမှာကြောက်သူချည်းပါ။ ကြောက်နေငြားလည်း နေ၍ မရ၊ အခြေပင် ချ မရတော့ကြောင်း သတင်းမုန်တိုင်းဆိုးများက နေ့စဥ် ရိုက်ခတ်လျက်။ မနေရ၍ သူတစ်ပါးလက်ချက်ဖြင့် သေရခြင်းအတူတူ မြတ် မမြတ်က လုပ်ရပ်က သက်သေခံနေပါပြီ။ကိုယ့်ပယောဂကြောင့် သေ သူတွေက နာမည်ကောင်းတစ်ခုနဲ့ ဂုဏ်ရှိရှိ သေ သွားကြပေမယ့်၊ သတ်တဲ့သူမှာ ရာဇဝင်မှာ လူဆိုး ကမ္ဗည်းထိုး အသေ ဆိုးမှာကို စိုးရိမ်လာပါပြီ။
ရှင်သန်လိုငြား အားကိုးအားထား ကောက်ရိုးတစ်မျှင် ဆွဲငင်ခြင်းမို့ ???
သမုဒ္ဒရာ ထက် ၊
တက်သည့် ရေပွက် ပမာ
တခဏာသာ တည်း။