တပ်ထဲမှာ ကြိုတင်မဲကို တပ်ရေးဗိုလ်ကြီးတွေက အားလုံးအတွက် ထိုင်ပေးတာများပါတယ်။ NLD အနေနဲ့ ကြိုတင်မဲပေးသူတွေရဲ့ အမည်၊ မှတ်ပုံတင်နဲ့ အသေးစိတ်အချက်အလက်ကို တပ်ကမထုတ်ပြန်ပေးရင် ပယ်မဲအဖြစ် ရွေးကော်ကို လျှောက်ထားပါ။ ယခုအချိန်မှာ အပစ်ရပ်ထားလို့ ရခိုင်ကလွဲရင်ဘာမှ ထိပ်တန်းလျှို့ဝှက်မရှိပါ။
နောက်ရှေ့တန်းကိုထွက်တာဟာ တပ်မတော်သားသာ ထွက်ရမှာပါ။ နောက်တန်းမှာ သူ့မိသားစုတွေကျန်ခဲ့ရပါမယ်။ ဒါတပ်ထုံးစံပါ။ ဒါကြောင့် ယခင် ကချင်မှာ ကေအိုင်အေက တပ်ရင်းဌာနချုပ်ကိုဝင်တိုက်ရင် ပြန်ခုခံရတာက ကျန်ခဲ့တဲ့ မိသားစုတွေပါ။ ဒါကြောင့် တပ်မိသားစု ကြိုတင်မဲက အဓိပ္ပါယ်မရှိပါ။ သူ့မိသားစုတွေပါ ကြိုတင်မဲထည့်ဖို့ စာရင်းထဲပါလာခဲ့ရင် ဒါမဲခိုးဖို့လုပ်တာပါ။ ဒါကြောင့် ကန့်ကွက်ပါ။ တပ်ကမဲတွေ ပယ်မဲဖြစ်လို့ NLD အတွက်ဘာမှ အရှုံးမရှိပါဘူး။
အနိမ့်ဆုံး တပ်ထဲမှာ ကြိုတင်မဲပေးရင် ကိုယ်စားလှယ်လောင်းတွေကို တပ်က ကြိုတင်မဲရုံထဲမှာ ပေးစောင့်မှ တပ်ရေးဗိုလ်ကြီးက ကြိုတင်မဲပေးတာကို တားနိုင်မှာပါ။ မဲတွေကို မိမိရှေ့မှာ တပ်သားတွေကိုမပေးခင် ကြိုမခြစ်ထားအောင်စစ်ပါ။ ပြီးမှ အတည်ပြုပါ။ မဟုတ်လို့ မိမိရှေ့မှာ ကြိုတင်မဲပေးတာမဟုတ်ရင် ပယ်မဲလျှောက်ပါ။
အထူးသဖြင့် ဒီကိစ္စဟာ ကယား၊ ကချင်၊ မွန်၊ ကရင်နဲ့ ရှမ်းမှာ ဆုံးဖြတ်သွားနိုင်ပါတယ်။ ပြတ်သားချိန်တန်ပါပြီ။
ဦးမြတ်! ခဏ ခဏ တင်ပြလေ့ရှိသော ရိက္ခာ နှင့် သိက္ခာ။
ချိန်ခွှင် ညှာ ၊ အလေးသာ သို့
တဖက် BIASဖြစ်ရင် အခြားတဖက်က လွတ်ထွက်ပါသည်။
ရိက္ခာ bias များရင် သိက္ခါဘက်မှာ ကွက် ပျက်ပါသည်။
ချိန်ခွင်ညှာ ညီမှု အဓိကဖြစ်ပါ၏။
စကိုင်ကတည်းက ပိသာအလေး။
ညီအောင် ညှိရန် ရာနှုံးမှာ ??
ကိုရီးယား နှင့် ထိုင်း သံရုံးများက
သက်သေပြနေပါပြီ။
အမြင်ရှင်း လင်းပါစေရန်