ယခုတိုက်ပွဲမှာက မိုင်းဆွဲခံရရင် အသေများပါတယ်။ သေရင် သေ/မသေဆိုတာက ပြဿနာစပါတယ်။မိသားစုရှိတဲ့ တပ်သား(မိန်းမကျန်ခဲ့တဲ့)ဆိုရင်တော့ သေရင် သူ့မိသားစုကို သတင်းပို့ပါတယ်။ မိသားစုမရှိရင် မိန်းမ မကျန်ခဲ့ရင်တော့ မသေဘဲ စာရင်းပျောက်ပါတယ်။ ထိုသူများက သေစာရင်းပြရင်အထက်က အသေများလို့ အဆူခံရပါမယ်။ တပ်ရင်းမှူးကအစ ဗျူဟာမှူး၊ တပ်မမှူးအထိ ပြဿနာတက်ပါမယ်။ သူတို့ကိုသေစာရင်းပြရင် မအလသားကုမ္ပဏီကလဲ အာမခံကြေး ပေးရမှာမိုလို့ ပိုရှုံးပါတယ်။ ဒါ့ကြောင့် မိသားစုမရှိသူ သေရင်တော့ သူကစာရွက်ပေါ်မှာ မသေသေးပါ။ သူက တစ်နှစ်စာရွက်ပေါ်မှာ အသက်ရှင်နေရင် သူ့လစာက တပ်ရင်းမှူးကတော်အတွက်က ရွှေပါဘဲ။ နောက်တိုက်ပွဲကျ သေရင်လဲ ပုံမှန်ဆို ဆုကြေးထုတ်ပေးရပါတယ်။ မအလက ကြိုထုတ်ပေးတာမလုပ်တော့ပါ။ သေသူကို မိသားစုရှိလို့ သေတယ်လို့ သတင်းပို့အပြီးမှာ DASSK လက်ထက်က ပေးထားတဲ့ လစာ ၂လစာကို ပြန်ဖြတ်ဖို့ ကြိုးစားပါတယ်။ ထိုမိသားစုများ အသက်အာမခံကြေးလိုချင်ရင် သေတာမှန်ကြောင်းထောက်ခံစာ တိုက်ပွဲမှာ ပေါ့လို့သေတာမဟုတ်ကြောင်း ထောက်ခံစာတွေကို ပိုက်ဆံပေး လက်မှတ်ထိုးပြီး နှစ်ချီစောင့်မှ ရပါတယ်။ ထိုအာမခံငွေမရခင် လိုင်းခန်းက ဆင်းပေးရတာက အရင်ပါ။ ယခုလုံခြုံရေးက မအလတပ်ထဲမှာ တိုးချထားလို့ တပ်ပြင်ရောက်မိသားစု သူ့မိန်းမက ထောက်ခံစာလာလုပ်ဖို့ ပိုခက်သွားပါတယ်။ တပ်လိုင်းခန်းထဲက မထွက်လိုရင်တော့ မိမိကို ယူလိုသူရှိရင် တမျိုးပေါ့။
တကယ်သေရင်လဲ ရက်လည်ဆွမ်းကို တပ်ထဲမှာ ပေးမကျွေးတော့ပါ။ ပထမကြောက်တာက ဘုန်ကြီးတွေက ဗုံးလာထောင်မှာစိုးလို့ပါ။ ဒုတိယက ရက်လည်ဆွမ်းက မိုင်းထိလို့ ဆယ်ယောက်လောက်တပြိုင်နက်ထဲသေရင် တပ်ရင်းထဲမှာ စိတ်ဓာတ်ကျမှာစိုးလို့ပါ။ ဥပမာ ဒီတပ်က ငိုနေတာတွေ အခြားတပ်ရင်းကမြင်ရင် စိတ်ဓာတ်ကျပြီး မအလနွားတွေ အလုပ်မလုပ်မှာစိုးလို့ပါ။ ယခုရေးတာက တပ်ထဲမှာ အောက်ခြေတပ်သားမိသားစုရဲ့ လက်တွေ့ အခြေအနေပါ။
ဒီမှာရေးထားရာမှာ ထိုတပ်သားကို ပြည်သူတွေက စစ်ခွေး ရဲခွေး ဝိုင်းဆဲတာမပါသေးသလို သေရင်ငရဲသွားမယ့် မအလလို့ ပြောတာမပါသေးပါ။ ယခုဆို စျေးဝယ်ထွက်တာကအစ မိမိသားသမီး ကျောင်းပို့တာအဆုံး တပ်မိသားစုတွေဟာ အဝိုင်းခံထားရသလို ဖြစ်လာနေပါပြီ။ PDF တွေသေရင်တော့ဘယ်လို ဝမ်းနည်းကြောင်းသာ ပြည်သူတွေက တင်ပါတယ်။ မအလတပ်ထဲကျန်တဲ့ ရဲဘော်တွေအနေနဲ့စဉ်းစားရမှာက မအလထံဆက်နေပြီး ဘဝအသေခံမလား? ဒါမှမဟုတ် ဘဝအသေမခံဘဲ CDM လုပ်မလား? ဒါမှမဟုတ် ဖရဲသီးအနေနဲ့ တပ်တွင်းပစ်မှတ်တွေကို PDF အတွက် ကူညီပေးမလား? စဉ်းစားကြပါ။ ယခု NUG က ဝင်ငွေပိုများလာနေလို့ ရှေ့လပိုင်းတွေမှာ ပိုအတိုက်ခံရဖို့သာ ရှိနေပါတယ်။
မအလရဲဘော်ကတော့ သေရင် ငရဲသွားရမှာ သေချာပါတယ်။
ဦးမြတ်!!!လူသားမှန်သမျှ သေကြရသူချည်းပါ။သေပုံ သေနည်းတော့ ကွာခြားပါသည်။
~ှ••လူသာသေ၍ ၊ ရှင်စဉ်က အမည်နာမ ကောင်းသတင်းနှင့် ကျန်ရစ်သူ။
လူသေသော်လည်း သူ့ သမိုင်းက အမွေအနေနဲ့ အမည် ရှင်သန် တင်ကျန်ရစ်သူ။
~~~ လူသေသွားပြီးနောက် အမည်နာမသည် ဆိုးမွေအနေနဲ့ ဆွေစဉ်မျိုးဆက် ခေါင်းမဖော်ဝံ့အောင် အမည်ပျက်သူ။
လူနှစ်မျိုး ကွဲပြားပါသည်။
အသက်ရှင်စဉ်က လုပ်ဆောင်ခဲ့သော လုပ်ရပ်များကသာ အကောင်း အဆိုး ခွဲခြားသွားပါပြီ။ အကျိုးပေး ကွဲပြားသွားပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
မိမိတို့လူမျိုးသည် လိမ္မာယဉ်ကျေးကြသူများ များပြားကြပါသည်။ တတ်သိလိမ္မာသူတို့သည် မိမိတို့ ခရီးတစ်ခု အစပြုထွက်ခွါတော့မည်ဆိုလျှင် ကိုးကွယ်ရာ ရတနာသုံးပါးကို ကန်တော့ပြီးနောက် မိဘများ(သက်ရှိထင်ရှားရှိနေပါက) တရိုတသေ ဦးညွှတ်ချိုး၍ ရှိခိုးကန်တော့ပြီးမှသာ ခရီးထွက်လေ့ရှိကြပါသည်။ ဂါရဝ နိဝါတ / မင်္ဂလာတရား ထားကြပါသည်။
ကန်တော့ခံ မိဘများကလည်း
~သွားလမ်း သာ၍
~ပြန်လမ်း ဖြောင့်ပါစေ ဟု မေတ္တာစစ်နှင့်
ဆုမွန် ဆန္ဒပြုကြပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဆောင်းပါးအဖြေအရဆိုလျှင်
•••သွားလမ်း မသာ
•••ပြန်လမ်း မဖြောင့်
မြေအောက်ချည်း ရောက်နေကြောင်း သိရှိလိုက်ရပါသည်။
ဘာသာ အဆုံးအမ ရှုထောင့်မှ ရှုမြင်ပါက သွားလမ်း မသာဖြစ်ရခြင်းမှာ မသာဖြစ်စေသော မတင့်တယ်သည့် အလုပ်များလုပ်ခြင်းကြောင့်ဖြစ်ပါသည်။
ရွာတစ်ရွာ ဝင်ပြီဆိုကတည်းက
သတ်မယ် ဖြတ်မယ်
လုမယ် ယက်မယ်
သောက်မယ် စားမယ်
လစ်ရင် မုဒိမ်းကျင့်မယ်
အရှက် အကြောက်ဟူသော လောကေစာင့်တရားနှစ်ပါး ဟိရိ ဩတပ္ပ ကင်းမဲ့နေပါပြီ။ အရှက် အကြောက် ကင်းသော အဖွဲ့စည်း ပျက်ဆီးရတာ ဓမ္မနိယမပါ။ အဘယ်ကြောင့်ဆိုသော အ ဟိတ် သာသာမို့ပါ။ ကောင်းမြတ်သည့် ဟိတ် မှန်သမျှ မရှိပါ။
အကျင့်နှင့် တူသောအကျိုးကို သတ္တဝါမှန်သမျှ ရှောင်လွှဲ၍ မရပါ။
သွားလမ်း မသာ…