တပ္ဘတ္ဂ်က္တိုးေတာင္းတာနဲ႔ေဒၚလာေစ်းနဲ႔ဆိုင္လား
ဘတ္ဂ်က္တိုးေတာင္းရာမွာသတင္းစာရွင္းလင္းပြဲမွာေဒၚလာေစ်းတက္လို႔တိုးေတာင္းရတာပါလို႔ရွင္းပါတယ္။ပံုမွန္နားေထာင္ၾကည့္ရင္ဟုတ္သလိုပါ။ဒါေပမယ့္တပ္မေတာ္သားေတြကိုလစာေပးေနတာကျမန္မာက်ပ္ေငြပါ။ေဒၚလာနဲ႔မဟုတ္ပါ။
တပ္သားေတြကိုေပၚဆန္းေမႊးကိုရိကၡာအေနနဲ႔ေပးေနတာမဟုတ္ပါ။ပဲဆီေပးေနတာမဟုတ္ပါ။၂၀/၇/၂၀၁၆မွာငစိန္သစ္ေစ်းကဆန္တစ္အိတ္၂၁၅၀၀က်ပ္ျဖစ္ၿပီး၂၄/၈/၂၀၁၉မွာငစိန္တစ္အိတ္က၁၉၇၀၀က်ပ္ပါ။ေစ်းက်လာပါတယ္။ဧည့္မထက၂၀၁၆မွာ၂၃၀၀၀က်ပ္ျဖစ္ၿပီး၂၀၁၉မွာ၂၀၀၀၀က်ပ္ကိုက်သြားခဲ့ပါတယ္။စားအံုးဆီက၆/၄/၂၀၁၇မွာတစ္ပိႆာ၁၉၀၀က်ပ္ျဖစ္ၿပီး၂၃/၈/၂၀၁၉မွာ၁၅၅၀က်ပ္ကိုက်လာခဲ့ပါတယ္။
က်ည္ဆန္ေတြနဲ႔အျခားပစၥည္းမ်ားကလဲျပည္တြင္းထုတ္ပါ။ေနာက္ၾကက္ေတြေမြးၿပီးၾကည္ဥေတြကလဲအျပင္မွာေတာင္ျပည္သူေတြကိုေရာင္းေပးေနရတယ္လို႔ဆိုထားပါတယ္။ဒါေၾကာင့္အျပင္မွာၾကက္ေစ်းဘာျဖစ္ျဖစ္ဘာမွမႈစရာမလိုပါ။
ဘုန္းႀကီးေတြကိုလႉတာတန္းတာေကာင္းပါတယ္။ဒါေပမယ့္ျပည္သူ႔ထံကဆန္ေစ်းက်ခ်ိန္မွာဘတ္ဂ်က္တိုးေတာင္းၿပီးဘုန္းႀကီးေတြကိုေငြလႉေျမႇာက္ေပးရင္ေတာ့မေကာင္းပါ။
တခါတေလတပ္ကိုစာရင္းစစ္လို႔ရရင္တိုင္းျပည္မွာဘယ္ေလာက္အက်ိဳးရွိမလဲ၊ေအာက္ေျခတပ္သားေတြမွာဘယ္ေလာက္မ်ားအက်ိဳးရွိမလဲစဥ္းစားၾကည့္တာပါ။အဂတိကေတာ့ေျခဥအရသူနဲ႔မဆိုင္လို႔ေျပာထားပါတယ္။လႊတ္ေတာ္အမတ္ေတြေနာင္ႏွစ္ဘတ္ဂ်က္တိုးေတာင္းရင္စစ္လို႔ရေအာင္ပါ။သူတို႔ကိုလက္နက္ဘတ္ဂ်က္မေျပာႏိုင္ရင္လံုျခံဳေရးေနာက္ေၾကာင္းအစစ္ခံထားႏိုင္တဲ့အမတ္ေတြကိုစစ္ခိုင္းလို႔ရပါတယ္။ေနာက္ေထာက္ပို႔ဘတ္ဂ်က္ကိုေတာ့စစ္လို႔ရပါတယ္။ရိကၡာဘတ္ဂ်က္ပါ။သိေအာင္ေျပာျပတာပါ။
Unicode version
တပ်ဘတ်ဂျက်တိုးတောင်းတာနဲ့ဒေါ်လာစျေးနဲ့ဆိုင်လား
ဘတ်ဂျက်တိုးတောင်းရာမှာသတင်းစာရှင်းလင်းပွဲမှာဒေါ်လာစျေးတက်လို့တိုးတောင်းရတာပါလို့ရှင်းပါတယ်။ပုံမှန်နားထောင်ကြည့်ရင်ဟုတ်သလိုပါ။ဒါပေမယ့်တပ်မတော်သားတွေကိုလစာပေးနေတာကမြန်မာကျပ်ငွေပါ။ဒေါ်လာနဲ့မဟုတ်ပါ။
တပ်သားတွေကိုပေါ်ဆန်းမွှေးကိုရိက္ခာအနေနဲ့ပေးနေတာမဟုတ်ပါ။ပဲဆီပေးနေတာမဟုတ်ပါ။၂၀/၇/၂၀၁၆မှာငစိန်သစ်စျေးကဆန်တစ်အိတ်၂၁၅၀၀ကျပ်ဖြစ်ပြီး၂၄/၈/၂၀၁၉မှာငစိန်တစ်အိတ်က၁၉၇၀၀ကျပ်ပါ။စျေးကျလာပါတယ်။ဧည့်မထက၂၀၁၆မှာ၂၃၀၀၀ကျပ်ဖြစ်ပြီး၂၀၁၉မှာ၂၀၀၀၀ကျပ်ကိုကျသွားခဲ့ပါတယ်။စားအုံးဆီက၆/၄/၂၀၁၇မှာတစ်ပိဿာ၁၉၀၀ကျပ်ဖြစ်ပြီး၂၃/၈/၂၀၁၉မှာ၁၅၅၀ကျပ်ကိုကျလာခဲ့ပါတယ်။
ကျည်ဆန်တွေနဲ့အခြားပစ္စည်းများကလဲပြည်တွင်းထုတ်ပါ။နောက်ကြက်တွေမွေးပြီးကြည်ဥတွေကလဲအပြင်မှာတောင်ပြည်သူတွေကိုရောင်းပေးနေရတယ်လို့ဆိုထားပါတယ်။ဒါကြောင့်အပြင်မှာကြက်စျေးဘာဖြစ်ဖြစ်ဘာမှမှုစရာမလိုပါ။
ဘုန်းကြီးတွေကိုလှူတာတန်းတာကောင်းပါတယ်။ဒါပေမယ့်ပြည်သူ့ထံကဆန်စျေးကျချိန်မှာဘတ်ဂျက်တိုးတောင်းပြီးဘုန်းကြီးတွေကိုငွေလှူမြှောက်ပေးရင်တော့မကောင်းပါ။
တခါတလေတပ်ကိုစာရင်းစစ်လို့ရရင်တိုင်းပြည်မှာဘယ်လောက်အကျိုးရှိမလဲ၊အောက်ခြေတပ်သားတွေမှာဘယ်လောက်များအကျိုးရှိမလဲစဉ်းစားကြည့်တာပါ။အဂတိကတော့ခြေဥအရသူနဲ့မဆိုင်လို့ပြောထားပါတယ်။လွှတ်တော်အမတ်တွေနောင်နှစ်ဘတ်ဂျက်တိုးတောင်းရင်စစ်လို့ရအောင်ပါ။သူတို့ကိုလက်နက်ဘတ်ဂျက်မပြောနိုင်ရင်လုံခြုံရေးနောက်ကြောင်းအစစ်ခံထားနိုင်တဲ့အမတ်တွေကိုစစ်ခိုင်းလို့ရပါတယ်။နောက်ထောက်ပို့ဘတ်ဂျက်ကိုတော့စစ်လို့ရပါတယ်။ရိက္ခာဘတ်ဂျက်ပါ။သိအောင်ပြောပြတာပါ။
Σχόλια