top of page
Search
Writer's pictureMyat Tun Oo

တပ်မဲစာရင်းဟာ ထိပ်တန်းလျှို့ဝှက်ချက်လား?


ယခုအသစ်ရွေးကော်ဥပဒေအရ တပ်ထဲကမဲရုံတွေဟာ အပြင်ထုတ်ရတော့မှာဖြစ်ပါတယ်။ သေမှာစိုးရင်တော့ မဲမပေးရုံပါ။ ဒါပေမယ့် အဲ့ဒီဥပဒေမှာ အဘအတွက် ဂယ်ပေါက်ပေးထားပါတယ်။ ဂယ်ပေါက်ကတော့ ၃ လနေထိုင်သူက သူနေတဲ့ နေရာသစ်မှာ မဲပေးနိုင်တာပါ။ ဒါနဲ့ တပ်မဲစာရင်းက ဘာဆိုင်လဲ? တပ်မဲစာရင်းကို အဘက လူတွေအသိမခံနိုင်တာ အကြောင်းရှိပါတယ်။ လေ့လာရအောင်။

ပထမက အချို့တပ်သားတွေဟာ ပျောက်ဆုံး၊ သေဆုံးတာတွေရှိပါတယ်။ ဒါပေမယ့် အဆိုပါတပ်သားတွေဟာ ဒီမဲစာရင်းမှာ လာပါနေနိုငိပါတယ်။ ဒါကိုလူတွေကစစ်လို့ တွေ့သွားခဲ့ရင် အဆိုပါလူတွေအတွက် လစာ၊ ရိက္ခာထုတ်ထားသမျှဟာ လိမ်ထုတ်ထားလို့ ရာဇဝတ်မှုပါ။ တပ်သားတစ်ယောက်ကိုတစ်လ တစ်သိန်းခွဲဆို တွက်ကြည့်ပါ။

ဒုတိယက အဆိုပါ စာရင်းဟာ လူတွေကို ချပြရင် လူတွေက စစ်လို့ရသွားပါမယ်။ ဥပမာ ဓာတ်ခဲနဲ့ပြဿနာဖြစ်တဲ့ ပဲခူးက ခမရ (၇) ဆို့ပါစို့။ သူ့ကို မင်းပြားကိုပို့လိုက်တယ်။ ရခိုင်ရွာတွေက ပြေးနေတယ်။ သူတကယ်ပို့တာက တပ်ရင်းတစ်ရင်းမပြည့်ဘူး။ ဒါပေမယ့် ဒီတပ်ရင်းအင်အားဟာ ပဲခူးမှာမဲပေးသလို မင်းပြားမှာလဲ မဲပေးလို့ရပါမယ်။ လူတွေကို မဲစာရင်းချပြရရင် လူတွေက စစ်ပါမယ်။ မချပြရရင် အဘစားပါမယ်။ ဒါမျိုးလေးတွေက မဲမကွဲနိုင်တဲ့ ရှမ်ပြည်မှာ အဘစားဖို့ဂွင်ပါ။ ရန်ကုန်၊ မကွေး၊မန္တလေးမှာတော့ မဖြစ်နိုင်ပါ။

ဒါဆို တပ်မတော်သား မဲစာရင်းက ထိပ်တန်းလျှို့ဝှက်လား? ဘယ်နိုင်ငံမှာမ တပ်မတော်သား မဲစာရင်းကို ထိပ်တန်းလျှို့ဝှက်လို့ မသတ်မှတ်ထားပါ။ ဒါကြောင့် NLD ဦးဆောင်တဲ့လွှတ်တော်က ဒါဟာထိပ်တန်းလျှို့ဝှက်မဟုတ်ကြောင်း ကြေညာပြီး ဥပဒေပြုထားသင့်ပါတယ်။ မဟုတ်ရင် ရွေးကော်ဒုက္ခရောက်နိုင်သလို မိမိပါတီက မဲစာရင်းစစ်ရင်လဲ နိုင်ငံတော်လျှို့ဝှက်ချက်နဲ့ ပြဿနာတက်နိုင်ပါတယ်။ အချို့ စစ်ဖြစ်နေတဲ့ မြောက်ဦးနဲ့ ပလက်ဝက တပ်ကိုတော့ လုံခြုံရေးအရ လက်ခံနိုင်ပါတယ်။

သူခိုးဆိုတာကတော့ ရရင် ရသလို ခိုးမှာပါ။ ဓားပြက မိရင် ရန်တွေ့တတ်ပါတယ်။ သူခိုး ဓားပြရန်ကကာကွယ်ဖို့က ဥပဒေပြဌာန်းထားတာ အကောင်းဆုံးပါ။

source : Myanmar Now

1,112 views0 comments

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

Comments


bottom of page