top of page
Search
Writer's pictureMyat Tun Oo

တပ်မတော်က ပိုငွေတွေ ပြန်သွင်းသင့်လား?


အားလုံးမှတ်မိလားမသိပါ။ ပြီးခဲ့တဲ့နှစ် ဒေါ်လာတွေ ၁၅၀၀ ကျော်လောက်အထိတက်လို့ တပ်ကဘတ်ဂျက်ကို တိုးတောင်းခဲ့ပါတယ်။ နာဂေးတစ်တောင် သတင်းစာရှင်းလင်းပွဲမှာ ဒေါ်လာစျေးတက်လို့တိုးတောင်းရတာပါဆိုပြီး ပြောသွားခဲ့ပါတယ်။

ဒေါ်လာစျေးဟာ ဒီနှစ်အစထဲက ကျလာခဲ့တာပါ။ ဒါကြောင့် ယခင်က ငွေလဲနှုန်း ၁၅၀၀ ကျော်နဲ့ တွက်တောင်းထားလို့ ပိုက်ဆံတွေအများကြီးပိုသွားခဲ့ပါတယ်။ ဒေါ်လာ တစ်သန်းဆိုရင် မြန်မာငွေ သန်းနှစ်ထောင်လောက်ကွာပါမယ်။ ဒေါ်လာ သန်း ၂၀၀ ဆိုဘယ်လောက်ကွာမလဲ တွက်သာကြည့်ပါ။


ငွေတွေပိုရင် တိုင်းပြည်ကို ပြန်အပ်ပြီး ကိုဗစ်မှာသုံးသင့်ပါတယ်။ ယခုတော့ ပိုက်ဆံတွေဟာ ဘယ်ရောက်သွားလဲ မသိပါ။ ဒီလိုငွေတွေကို မိမိခရီးသွားရာမှာ မလိုအပ်ဘဲ စင်းလုံးငှါးသွားတာဟာတိုင်းပြည်ပိုက်ဆံကို ဖြုန်းတီးရာ ရောက်နေပါတယ်။

အဖွဲ့အစည်းတိုင်းဟာ စာရင်းစစ်တာကို ခံသင့်ပါတယ်။ မဟုတ်ရင်တော့ သဲထဲရေသွန်ပါလို့ ပြောပါရစေ။

377 views0 comments

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

ကြေညာချက်က ရန်ဖြစ်စရာမဟုတ်

အချင်းချင်း ရန်မဖြစ်ပါနဲ့။ စာရေးသူက MNDAA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ TNLA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ AA က...

Comments


bottom of page