top of page
Search
Writer's pictureMyat Tun Oo

တပ်မတော်သားများ ဆရာဇော်ဝေစိုးစကား နားထောင်ပါ


အာဖဂန်တပ်မှာ တစ်စီးကို ဒေါ်လာ သိန်းတန် M1117 ၆၃၄ စီး

MaxxPro MRAP မိုင်းခံကား- တစ်စီးဒေါ်လာ ၅သိန်းခွဲတန် ၁၅၅ စီး

Humvee cost- တစ်စီး ၂ သိန်း ၂ သောင်းတန် ၂၂,၇၁၄ စီး

M113 တစ်စီးက ဒေါ်လာ ၃ သိန်းတန် ၁၆၉ စီးရှိခဲ့ပါတယ်။ သူ့မှာ အခြားလေယဉ်တွေရဟတ်ယဉ်တွေရှိခဲ့ပါတယ်။ အမြှောက်တွေလဲ ရှိခဲ့ပါတယ်။ ဒီကြားထဲက ရှုံးခဲ့ပါတယ်။စာရေးသူတို့တပ်ထဲက ဘယ်ကားကမှ အမေရိကန်ကကားလို မိုင်းစွဲတာ မခံနိုင်ပါ။

ယခုအချိန်မှာ စစ်ပွဲတိုင်းလဲ တိုက်တိုင်းရှုံးနေပါတယ်။ အဘက ကချင်နဲ့ ကရင်ကို လက်ဦးမှုရအောင် ထိုးစစ်ဆင်ဖို့ပြင်နေချိန်မှာ MNDAA က ရှမ်းမြောက်က မထင်မှတ်ဘဲ ဝင်တိုက်လို့တန်ပြန်ထိုးစစ်ဆင်ဖို့ ပြင်ခဲ့ပါတယ်။ ဒါကို KIA ကပါ ဝင်တိုက်လို့ အကျအရှုံးများလာခဲ့ပါတယ်။ MNDAA ကို တရုတ်က အချက်ပြလို့ တိုက်တယ်ဆိုရင်တော့ မအလသေပါပြီ။တရုတ်က NLD ပါတီကို မဖျက်ရလို့ မအလကို ပြောထားတယ်ဆိုတာကတော့ နိုင်ငံခြားရေးရုံးက လူအချို့က အတည်ပြုထားပါတယ်။ မအလကလဲ NLD ပါတီကို ဖျက်ဖို့ ပြင်ထားပြီးသားပါ။ ဒါဆိုရင် မအလကို စုပေး ဒဏ်ပေးလုပ်ဖို့ တရုတ်မှာ လိုလာပါတယ်။

ပြည်ပ နိုင်ငံတွေကို ထားလိုက်ပါ။ ယခုဟာက တကယ်ဖြစ်ရင် ရှုံးနေတာ အားလုံးအသိပါ။ဘယ်လောက် တောင့်ခံနိုင်ပါမလဲ။ မအလလက်အောက်က တပ်မတော်ဟာ တစ်တိုင်းပြည်လုံးနဲ့ တိုက်နေရလို့ ရေရှည်မှာ ရှုံးမှာပါ။ ဘယ်လောက်အထိ အသင့်အနေအထားမှာ နေနိုင်မှာလဲ ရဲဘော်တို့ စဉ်းစားပါ။ ယခု မအလတပ်ကို ခံချနေတာက ဗမာနယ်တွေပါ။ တိုင်းရင်းသားကလဲ အရှိန်မြှင့် တိုက်နေတာပါ။

ရဲဘော်တို့ကို ပြောလိုတာက NUG က ထုတ်ထားတဲ့ အမိန့်စာအတိုင်း ပြည်သူနဲ့ ပူးပေါင်းပါ။လက်နက်ချပါ။ မဟုတ်ရင် မိမိနဲ့ မိမိ မိသားစုအသက်ကို ပေးရမှာပါ။ ပြည်သူနဲ့ပေါင်းပြီးသမိုင်းလှအောင် ရေးနိုင်ပါစေ။

News Source: BBC, The Times

432 views1 comment

1 Comment


Myint Soe Oo
Myint Soe Oo
Aug 29, 2021

ဦးမြတ်!!! ယခင် ဆရာဝန်ဆောင်းပါးနှင့် ယခု ဆောင်းပါး အတွက် မြင်သိသမျှဖြင့် တုန့်ပြန်အပ်ပါသည်။

လူမှုစာမျက်နှာ သတင်းများအရ~~~

±PDF များလက်နက်ချပါ။ စစ်ကားဖြင့် လှည့်လည် အော် နေရခြင်း။

±PDF ကို ဖမ်းနိုင်ရန် ဆုကြေး ထုတ်ခြင်း၊ ဖုန်း နံပါတ်များပါ ထည့်ကြေညာပေးထားငြားသော်လည်း အဆိုပါ ဖုန်းနံပါတ်များထံသို့ PDF သတင်းမရပဲ ငါ ၊ မအေ ၊ နှမ

အစရှိ အယုတ္တ အဆဲများသာ လက်ခံချည်းရနေ၍ ဖုန်း ပိတ်ထားလိုက်ရခြင်း။

±ခုရက်ပိုင်း အုပ်ကြီးဒလန် ခေါ်ခေါ် ဒလန်အုပ်ကြီးပဲသုံးသုံး အရောတဝင် ဆက်စပ်သတင်းပေးသူမှန်သမျှ လူလူသူသူ မသေရ၊ ခန္ဓာ တခြား ဦးခေါင်း တခြား။

± ဗိဿနိုး ပီဒီဖက်လို အဖွဲ့များ များပြားလာပြီး ချိတ်ဆက်မှု ရှိလာခြင်း(တောင်တွင်း မြို့လုလင် မြို့သစ် သစ်ရာကောက် ကိုးပင် ဆတ်သွား တနံတလျား ဗိဿနိုးနယ်မြေဟု သတ်မှတ်နိုင်ပါသည်။) ရှမ်းမြောက်မှာလည်း ရှမ်းမြောက်အလျောက်၊

မိုးနည်းအလယ်ပိုင်းဒေသမှာလည်း ထနောင်းလူငယ် ပီဒီဖက်ဖ်။

ပြည်တွင်းမှာလည်း အခွင့်သာသည်နှင့် အုံး ဒိုင်း(ယနေ့ မန်း မြို့ပေါ် ဖြစ်စဥ်)။

အခြေနေမှန်ကို သိပါလျက် ရုန်းကန်မထွက်နိုင်သူများဟာ စစ်၏ ကျေးကျွန်တဖြစ်လဲ မူးယစ်ဆေး၏ သားကောင် အမဲများသာ ဖြစ်နိုင်ချေ ရှိပါတော့သည်။သည်လိုကြိုမြင်၍ အကွက်ဆင် မူးယစ်ဆေးတွေ ထင်တိုင်းကြဲ သုံး စေခြင်းလား?

အခွင့်အရေး ဆိုသည်မှာ နှစ်ခါ ပြန်မလာပါ။

လယ်တီဆရာတော်ကြီး၏ အဆုံးအမဖြင့် အဆုံးသတ်အပ်ပါသည်။

အခွင့်သာခိုက်

မလိုက်ခဲ့လျှင်

အမိုက်

နင့် အပြင်

ရှိအုံးမလား။ ။


Like
bottom of page