တရုတ်ပြည်ရဲ့ ဘင်္ဂါလီနဲ့ တူတဲ့ပြဿနာ
အားလုံးသိတဲ့အတိုင်း စာရေးသူတို့တိုင်းပြည်ကို ဘင်္ဂါလီအရေးနဲ့ ICJ မှာ တရားစွဲထားပါတယ်။ ဒီနေရာမှာ တရုတ်ပြည်နဲ့ သူ့တိုင်းပြည်ထဲက အစ္စလာမ်ဘာသာကိုးကွယ်တဲ့ ရှင်ကျန်ဒေသက ဝီဂါလူမျိုးတွေရဲ့ ပြဿနာကို ဗဟုသုတအနေနဲ့ ပြောပြချင်ပါတယ်။
ပထမဆုံးက ဝီဂါတွေဟာ တူရကီကလာတဲ့ တရုတ်ပြည်က အသိအမှတ်ပြုတဲ့ တိုင်းရင်းသားလူမျိုး၅၅ မျိုးထဲမှာပါပါတယ်။ သူတို့က တရုတ်စကားပြောပါတယ်။ ကိုးကွယ်တဲ့ဘာသာကသာ အစ္စလာမ်ဘာသာပါ။ တရုတ်ပြည်က အဲ့ဒီပြည်နယ်မှာ ၂၀၀၉ လောက်က ဒေသခံ ဝီဂါတွေနဲ့ တရုတ်ဟန်လူမျိုးတွေ အရေးအခင်းတွေဖြစ်ခဲ့ပါတယ်။ ၂၀၁၄ မှာ ကူမင်းဘူတာရုံမှာ မျက်နှာဖုံးဝတ်ထားတဲ့ ဝီဂါတွေကဓားနဲ့လိုက်ခုတ်လို့ လူ ၃၅ သေသလို ယူရမ်ကီ ဘူတာရုံမှာက ၄၃ ယောက်သေခဲ့ပါတယ်။ ယခုအနောက်တိုင်းမှာဖြစ်နေတာက အဲ့ဒီကစခဲ့တာပါ။ ဒီနေရာမှာ တရုတ်က ဖိနှိပ်လို့ ယခုလိုအကြမ်းဖက်ရတာပါလို့ ဆင်ခြေပေးသူရှိနိုင်ပါတယ်။ တရုတ်က တိဗက်မှာလဲ ဖိနှိပ်ပါတယ်။ ဝီဂါကိုလဲ ဖိနှိပ်ပါတယ်။ဝီဂါက တုံ့ပြန်ပုံမတူတာ တွေ့ရပါမယ်။
ဝီဂါရဲ့ တုံ့ပြန်မှုက ဘင်လာဒင်နဲ့ သွားတူပါတယ်။ အကြမ်းဖက်မှုပါ။ ရဲစခန်းကိုဝင်ပြီး စီးနင်း ဓားနဲ့ထိုးတာလဲ ရှိခဲ့ပါတယ်။ ဒီနေရာမှာ လေ့လာလိုတာက အဘနဲ့ အဘဆရာ တရုတ်က အကြမ်းဖက်မှုကိုတုံ့ပြန်တာ မတူတာတွေ့ရပါတယ်။
တရုတ်က ၂၀၁၅ မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြဌာန်းခဲ့ပါတယ်။ ဧည့်စာရင်းဥပဒေမပါပါ။ ၂၀၁၆မှာ တိဗက်က ပါတီအတွင်းရေးမှူး Chen Quanguo ကို ရှင်ကျန်ကို ပြောင်းလိုက်ပါတယ်။ထို့နောက်မှာတော့ ဖုန်းလိုင်းတွေ အင်တာနက်တွေကို စနစ်တကျ ဖြတ်တောက်ပါတယ်။ ပြီးတော့ ဝီဂါတွေကို ဗလီမတက်ရ၊ မုတ်ဆိတ်မွှေးမထားရနဲ့ အခြားဘာသာရေးအရ ဖိနှိပ်တဲ့ စည်းကမ်းတွေကိုချမှတ်ပါတယ်။ မလိုက်နာသူတွေကို ပြန်လည်ထူထောင်ရေးစခန်းကိုပို့ပြီး ဦးနှောက်ဆေးပါတယ်။ အဲ့ဒီပြည်နယ်မှာ မီးဖိုချောင်သုံးဓား ဝယ်ရင်တောင် မှတ်ပုံတင်နဲ့ မှတ်တမ်းတင်ထားခဲ့ပါတယ်။ နောက်အရက်မသောက်သူတွေ ဥပုပ်စောင့်သူတွေကို သတင်းပို့ခိုင်းပြီး ဘာသာရေးအလွန်ကိုင်းရှိုင်းသူတွေကိုအဲ့ဒီစခန်းကို ပို့ပါတယ်။ ဗလီခဏခဏတက်ရင်လဲ ပို့ပါတယ်။ ဒါက စာရေးသူအမြင်ကိုပြောတာမဟုတ်ပါ။ အမေရိကန်နဲ့ အနောက်တိုင်းသတင်းတွေက တရုတ်အစိုးရဖိနှိပ်တာကို ရေးထားတာကိုပြောပြတာပါ။ အဲ့ဒီနယ်မှာ ဝီဂါလူဦးရေက ၁၁ သန်းလောက်ရှိပြီး ၁ သန်းကျော်လောက်ဟာ အဲ့ဒီပြန်လည်ထူထောင်ရေးစခန်းတွေကို ရောက်နေတယ်လို့ဆိုပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အဆိုအရ အဲ့ဒီစခန်းတွေထဲမှာ မနက်ပိုင်း နိုင်ငံတော်သီချင်းဆိုခိုင်းတာ သူတို့ဘာသာမကောင်းကြောင်းကို သင်ခန်းစာအနေနဲ့ ပို့ချတာတွေလုပ်သလို ထမင်းမစားခင် ပါတီကိုထမင်းအတွက် ကျေးဇူးတင်ကြောင်း သမ္မတရှီနဲ့ အမိမြေကို ထမင်းအတွက် ကျေးဇူးတင်ကြောင်း ရွတ်ခိုင်းပါတယ်။ သင်ထားတဲ့အတိုင်းမလုပ်ရင် ရိုက်တာ၊ တိုက်ပိတ်တာတွေလုပ်ကြောင်း အဖမ်းခံရသူတွေက ပြောတယ်လို့ဆိုပါတယ်။ နောက်မိဘတွေအဖမ်းခံရရင် ထွက်ပြေးရင် ကလေးတွေကို မိဘမဲ့ဂေဟာ ပို့ပါတယ်။ ကလေးတွေက သူတို့ဘာလူမျိုးဆိုတာတောင် ဘယ်ဘာသာဝင်ဆိုတာတောင် မေ့သွားပါတယ်။
ဒီလိုမျိုး တရုတ်ကလုပ်တာဟာ ဘယ်အတိုင်းအတာအထိရှိလဲဆိုတာ စာဖတ်သူများ မှန်းလို့ရနိုင်ပါတယ်။ သူ့ကို ဘယ်ကုလကမှ မစွပ်စွဲသေးပါဘူး။
ဒီနေရာမှာ သူလုပ်တာက အင်မတန်ပြင်းထန်တာတွေ့ရပါတယ်။ သူ့ကို ကုလမှာ အဆိုတင်ဖို့ကြိုးစားပေမယ့် ဆော်ဒီတို့က တရုတ်လုပ်တာကို ထောက်ခံလို့ အနောက်တိုင်းက အဆိုမအောင်ဘူးလို့ဆိုပါတယ်။
ဒီနေရာမှာ တရုတ်လုပ်တာတွေကို လူ့အခွင့်အရေးသမားတွေက cultural genocide (ယဉ်ကျေးမှု မျိုးတုံးသတ်ဖြတ်မှုလို့) သုံးနှုန်းပါတယ်။
တရုတ်ကိစ္စကို ရေးပြတာက ဗဟုသုတအတွက်ပါ။ ဒါ့အပြင် ကမ္ဘာကြီးမှာ မြန်မာလို အကြမ်းဖက်တိုက်ခိုက်ခံရတာတွေရှိပေမယ့် အစ္စရေးနဲ့တရုတ်မတူသလို ဥရောပက တုံ့ပြန်တာလဲ မတူတာပါ။
တူတာက အစိုးရအောက်မှာ တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက တုံ့ပြန်တာနဲ့ ဥပဒေပြဌာန်းပြီး စနစ်တကျလုပ်ရတာပါ။ အစ္စရေးလို တရုတ်လို ရုရှားလို အရပ်သားအောက်မှာ လုံခြုံရေးတပ်ဖွဲ့တွေကသာ ရှိခဲ့ရင်စည်းကမ်းတကျ အကြမ်းဖက်သမားတွေ အစွန်းရောက်သမားတွေကို အရေးယူလို့ရပါတယ်လို့ ပြောပါရစေ။ လိုနေတာက ခြေဥပါ။
photo source: CNN
Comments