top of page
Search
Writer's pictureMyat Tun Oo

ထူးခြားသောအင်းစိန်ရွာမ၊ ကိုဗစ်နှင့် အဘ


အင်းစိန်ရွာမဆိုတာက မဘသများရဲ့ ဌာနချုပ်ပါ။ ဒါအားလုံးသိပြီးသားပါ။ အဘကလဲ ကိုးကွယ်ပါတယ်။ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့ စပွန်ဆာကို ရထားတာပေါ့။ PPP ကလဲ ငွေလှူထားတာပေါ့။ ဒီလိုကျောင်းကြီးမှာ ပိုးတွေ့တယ်ဆိုတာက အင်မတန်ထူးဆန်းနေပါတယ်။

ဒီပိုးမတွေ့ခင်မှာ တပ်ကကူဖို့အဆင်သင့်ဖြစ်နေပြီ ကူညီပါရစေဆိုပြီး သတင်းဌာနအချို့နဲ့ တပ်နွယ်ဆရာဝန်အချို့ကလဲ တပ်ကိုခေါ်ပါ ဘာညာဆိုပြီး နှပ်ကြောင်းပေးလာတာ တွေ့နေခဲ့ရပါတယ်။ အကွက်စိပ်လာတာပေါ့။ ဥပမာ ဖောင်ကြီးထဲ လူအများစုက အကောင်းပြောနေပေမယ့် မကောင်းပြောသူတစ်ယောက်လောက်ကို ဝိုင်းရှယ်တာ၊ ရိုးမမှာလဲ လူတွေ ထိန့်လန့်အောင်ဗီဒီယိုတွေကို ရှယ်ကြတာကအမျိုးသားရေး၊ တပ်လော်ဘီနဲ့ တပ်နွယ်ဆရာဝန်အချို့လဲ ပါနေတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။အချို့ကလဲ အစိုးရဘာလုပ်လုပ် မကောင်းပြောဖို့ လူဖြစ်လာသူများလဲရှိကြပါတယ်။ ဥပမာ အောင်ဇင်ထွန်းတို့၊ ခေတ်သစ်တို့ပေါ့။


မနေ့ကတော့ အင်းစိန်ရွာမက သူ့ဖာသာပိုးတွေ့ပြီး သူ့ဖာသာ အဘကိုခေါ်ကာ အဘထံ ဆေးရုံတက်သွားခဲ့ပါတယ်။ သူ့ကိုတို့ပတ်ယူတာက တပ်ကယူသွားခဲ့ပုံပါ။ ဒါလဲကောင်းပါတယ်။ အစိုးရအနေနဲ့ဝန်ပေါ့သွားသလို သူတို့လဲ အဆင်ပြေသွားတာပါ။ နှစ်ဦးနှစ်ဖက် အဆင်ပြေသွားတာပေါ့။ ဒါပေမယ့်မေးခွန်းအချို့တော့ရှိပါတယ်။ ပိုးတွေ့တာ တကယ်လား? တကယ်ဆိုရင် ဒီပိုးက ဘယ်လိုလုပ်ပြီး ပိတ်ထားတဲ့ ဘုန်းကြီ:ကျောင်းထဲကို ရောက်လာလဲဆိုတာပါ။ နောက် NLD အမတ်အယောင်ဆောင်ထားတဲ့အကောင့်တုတွေက ဘုန်းကြီးနဲ့ NLD ကို တိုက်ပေးတာတွေ တက်ရေးတာက အကွက်ချသလိုတိုက်ဆိုင်နေပါတယ်။ ဒါဟာ အထောက်အထားမရှိသေးခင်မှာ ထူးဆန်းစွာ တိုက်ဆိုင်မှုလိုသာမှတ်ထားပါတယ်။

မဘသထောက်ခံသူများဟာ ရခိုင်အရေးမှာ တက်ကြွစွာပါဝင်ခဲ့ကြတာ အားလုံးမှတ်မိကြမှာပါ။ဆရာတော်ဝီနောက်ကိုလဲ လိုက်ခဲ့ကြပါတယ်။ သူတို့ထံကို ပိုးရှိသူက လှူသူအနေနဲ့ရောက်လား၊ မဘသအနေနဲ့ရောက်လား၊ တပ်ကလားဆိုတဲ့ လားပေါင်းများစွာသော မေးခွန်းတွေနဲ့ ကျန်ခဲ့ပါတယ်။ ဒါဟာယခုအချိန်မှာ ပိုးကို ခြေရာခံလိုက်နေရလို့ ဒီမေးခွန်းဟာ ပိုးဆက်ပြီး မကူးအောင်တားဖို့က အရေးကြီးပါတယ်။ ကူးဆက်ရာလမ်းကြောင်းကိုသိမှ ကာကွယ်နိုင်မှာပါ။ တိုက်ဆိုင်လိုက်တာများကွာလို့သာပြောလိုက်ချင်ပါတယ်။

ပိုးတွေ့မှုဟာ ယခင်က ရေးခဲ့သလိုဘဲ အောက်တိုဘာ ၁၀ ရက် နောက်ပိုင်းလောက်မှ ပြန်ကျလာမှာပါ။ဒီကြားထဲမှာတော့ အနံ့မရသူကို Q ထားပြီး အဖျားရှိ၊ ချောင်းဆိုးသူကိုသာ ဆေးရုံထားဖို့ ပညာရှင်များဆွေးနွေးနေကြပါတယ်။


ပြည်သူများ ကိုဗစ်ကိုနိုင်ဖို့ လိုက်နာရမှာက


✅ အိမ်ထဲမှာနေပါ

✅ လက်ဆေးပါ

✅ နှာခေါင်းစည်းတပ်ပါ

✅ ဖြစ်နိုင်ရင် ၆ ပေလောက် ခပ်ခွါခွါနေပါလို့သာ ထပ်ခါထပ်ခါ ပြောပါရစေ။

✅ သင့်ကြောင့် ကိုဗစ် မကူးပါစေနဲ့


News Credit: DVB

708 views1 comment

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

ကြေညာချက်က ရန်ဖြစ်စရာမဟုတ်

အချင်းချင်း ရန်မဖြစ်ပါနဲ့။ စာရေးသူက MNDAA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ TNLA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ AA က...

1 Comment


Myint Soe Oo
Myint Soe Oo
Sep 26, 2020

ဦးမြတ် ! TRUMP said that:

Make! American great again.

နာမည်ကြီးစကား ပြန့်နှံ အား ကောင်းပါသည်။ အရှေ့တောင်အာရှနိုင်ငံများအထိ ရောက်ရှိခဲ့ပါသည်။ အဆိုတစ်ခုအပေါ်မှာ ကြိုဆိုလက်ခံမှု (For) နှင့် ဆနန့ကျင် အဆိုးမြင်မှု(against) ရှိမြဲဓမ္မတာပါ။ အကောင်းမြင်(positive view)သမားများက လက်ခံကြိုဆိုပြီး တိုးတက်အောင်ဆောင်ကြဥ်းယူကြပါသည်။

အဆိုးမြင်(-ve view)ဝါဒီများကတော့ ဆန့်ကျင်ဘက်အသွင်ဆောင်ယူပါသည်။

NEGATIVE (ဦးမြတ် သဘောကျ pronounciation ပြုနိုင်ပါသည်)

အမြင်ရှိသူ ဆန့်ကျင်သူများကတော့ Fall down again ပေါ့။

လွတ်လပ်စွာ သဘောထား ကွဲ လွဲခွင့်ရှိသောကြောင့်ဖြစ်ပါသည်။


****************************


နိုင်ငံအတွင်းမှာ ဗုဒ္ဓဘာသာအမြင်ခံယူထားသူတချို့ကလည်း ဖန်ဆင်းရှင် တန်ခိုးရှင် ကယ်တင်ရှင်ကို အားကျ ကိုးကွယ်သူများလည်းရှိပါသည်။

ဗုဒ္ဓဘာသာဝင် စစ်စစ် လူသားဆန်သူများအနေနဲ့ကတော့ လူသားစွမ်းဆောင်ရည် (ကံ ဉာဏ် ဝိရိယ)ကိုသာ ယုံကြည်ကိုးကွယ်ကြပါသည်။

တန်ခိုးရှင်ကို မ တ။ ကယ်တင်ရှင်ကို မမျှော်။

ဂုဏ် ဆာပြီး၊ ကယ်တင်ရှင် အဖြစ်လည်း မခံ ယူကြပါ။

မာယာ ပရိယာယ် နှစ်သွယ် မယှက်ပါ။ ရှက်စရာမို့ပါ။

တတ်လည်းတတ်နိုင်ကြပါတယ် ~

သဲ ကိုးဖျာတောင် ၊ မကလို့ ၊ မကျည်း ကိုးပင်နှောပါလို့ရယ်

သီချင်းပေါ်ခဲ့ခြင်းဖြစ်မည်ထင်မြင်မိပါသည်။


အဖျက် ကပ်ဘေး ကင်းစင် ဝေးဖို့

အပြင်ထွက်တိုင်း မက်စ် တပ်ကြပါစို့ ဟူ၍

Like
bottom of page