top of page
Search

ထရမ့် ဝန်ကြီးလောင်းများမှပြောသော တရုတ်နှင့်ဆက်ဆံရေး

Writer: Myat Tun OoMyat Tun Oo

ထရမ့်ရဲ့ဝန်ကြီးအဖွဲ့ဟာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာနေပါပြီ။ စာရေးသူယခုလိုရေးရာမှာ ထရမ့်ကို ကြိုက်လွန်းလို့ ချစ်လွန်းလို့မဟုတ်ဘဲ တိုင်းပြည်အတွက် လက်တွေ့ကျကျရေးခြင်းသာဖြစ်ပါတယ်။

ထရမ့်ပထမဆုံးရွေးချယ်လိုက်သူက အထက်လွှတ်တော်အမတ် Marco Rubio ပါ။ အမေရိကန်ကလွှတ်တော်အမတ်တွေက မြန်မာပြည်အကြောင်းစိတ်ဝင်စားသူတွေရှိပေမယ့် အများစုက မြန်မာပြည်ဆိုရင် ရိုဟင်ဂျာကိစ္စသာသိသူ‌တွေပါ။ ဒီမိုကရက်တွေ လူအခွင့်အရေးလှုပ်ရှားသူတွေကအများစုပါ။

ဒီနေရာမှာ ရှာရှာပါးပါး Marco Rubio ကတော့ ထင်ရှားသူပါ။ သူက တရုတ်ဆန့်ကျင်သူ တရုတ်ကိုဘယ်လိုပိတ်ဆို့ရမလဲ ဘယ်လိုကြပ်ရမလဲ အမြဲပြောဆိုနေသူပါ။ သူကတရုတ်အစိုးရကိုဘယ်လောက်တောင် စိတ်အနှောင့်အယှက်ပေးလဲဆိုရင် သူ့ကို တရုတ်အစိုးရက ပိတ်ဆို့တဲ့သူတွေစာရင်းကိုထည့်ခဲ့ပါတယ်။ သူက တရုတ်ပြည်သွားရမယ်ဆိုရင် တရုတ်က ထွေးပြီးသားတံတွေ ပြန်မြိုရမှာပါ။

ဒါ့အပြင် ထရမ့်ဟာ Peter Navaro ဆိုတဲ့ တရုတ်ကို စီးပွားရေးအရ အခွန်ဘယ်လိုတိုးကောက်ရမလဲဘယ်လိုကြပ်ရမလဲဆိုသူကို ကုန်သွယ်ရေးနဲ့ ထုတ်ကုန်အကြံပေးခန့်ခဲ့ပါသေးတယ်။ သူ့ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် နာမည်ပြေးနေတဲ့ Michael Waltz ကလဲ တရုတ်ဆန့်ကျင်ရေးသမားပါ။

ကာကွယ်‌ရေးဝန်ကြီးလောင်း Pete Hegseth ဟာလဲ တရုတ်ကို စစ်ရေးအရ ဘယ်လို ဆန့်ကျင်ရေးသမားပါ။

ဒါတင်လားဆိုတော့ မဟုတ်သေးဘဲ နောက်တရုတ်ကို စစ်ရေးအရ ဘယ်လိုဝိုင်းရမလဲပြောတဲ့ ယခင်ဂျော်ဂျီယာလွှတ်တော်အမတ် David Pedue ကိုလဲ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးခန့်ဖို့လုပ်တာက အရွဲ့တိုက်သလားတောင် ထင်ရပါတယ်။

အချို့က ထရမ့်က ဗမာပြည်ကိုသိပါ့မလားလို့ စိတ်ပူသူများရှိပါတယ်။ ထရမ့်က မနေ့က ဆီးရီးယားမှာ တော်လှန်ရေးတပ်ဖွဲ့တွေက မြို့တွေပြန်သိမ်းလာနိုင်တာကို သူကရေးခဲ့ပြီး အိုဘာမားက အနီရောင်မျဉ်းကို မကျော်ရဆိုပြီး တကယ်ကျော်ချိန်မှာ ဘာမှမလုပ်တာကိုလဲ ဝေဖန်ခဲ့ပါတယ်။ သူက ဘယ်သူနိုင်နိုင် ဒီလူတွေက အမေရိကန်ဆန့်ကျင်ရေးသမားတွေလို့လဲ ပေကာခဲ့ပါတယ်။ ထို့အတူပါဘဲ သူသမ္မတရွေးရွေးကောက်ပွဲအချိန်မှာ ဘင်္ဂလားဒေ့ရှ်မှာ ဟိန္ဒူဘုန်းကြီးကို သူ့နိုင်ငံအလံကို အပေါ်ကမထားလို့ ဖမ်းတာကိုလဲ သူတက်လာရင် ဒီလိုမဖြစ်အောင် ဟိန္ဒူတွေကို ကာကွယ်ပေးမယ်ဆိုပြီး ရေးခဲ့ပါသေးတယ်။ ပြောလိုတာက ထရမ့်ဟာ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်ကိုသိလို့ မြန်မာကိုသိဖို့လဲ မခဲယဉ်းနိုင်ပါ။ သူက ယခင် ကချင်ဘုန်းကြီးကို မအလတရားစွဲချိန် သူထဟောက်ချိန် မအလအမှုပြန်ရုပ်ပေးရတာလဲ မမေ့ဖို့လိုပါတယ်။

ဒါ့အပြင် ယခုမအလက အမေရိကန်နိုင်ငံသား မြန်မာလူမျိုးဘုးန်ကြီးကို မြန်မာပြည်ပြန်လာချိန်ဖမ်းထားတာကို ထရမ့်နားပေါက်အောင် ကြပ်ပေးနိုင်ရင်လဲ မအလခံရမှာပါ။

လောကမှာ ဘယ်အရာကမှ မိုးပေါ်က ကျမလာပါ။ ကိုးကန့်လဲ တရုတ်က ကျားဖြန့်ကိစ္စအသုံးလိုချိန်မှာသူ့ကိစ္စကို သူ့အကျိုးဆောင် ကိုယ့်အကျိုးအောင် လုပ်သွားတာပါ။ ဒါကို အတုယူပြီး အမေရိကန်ကတရုတ်ကို ကြပ်လိုချိန် တရုတ်က NUG နဲ့ လက်တွေ့ကျကျ စကားမပြော မဆွေးနွေးရင် မကူညီရင်စာရေးသူတို့ကလဲ ကူညီနိုင်သူတွေကို လက်တွေ့ကျကျ အသုံးချရမယ်ဆိုတာ တရုတ်သိဖို့လိုပါတယ်။

ပြည်သူတွေ ပြင်ဆင်ထားရမှာက ၂၀၂၅ အညာဒေသမှာ ကမ္ဘာ့ဗျူဟာအရ စာရေးသူတို့ထံအကူအညီတွေရလာခဲ့ရင် မြေပြန့်မှာ NUG အမိန့်အောက်ရှိတဲ့တပ်‌ေတွသာရှိပြီး တရုတ်အမိန့်ကိုတိုက်ရိုက်(သို့) သွယ်ဝိုက်နားထောင်တဲ့ တပ်တွေမရှိအောင်သာ ပြင်ဆင်ထားကြပါ။ တရုတ်လဲ ထရမ့်မတက်ခင် ဇန်နဝါရီ ၂၀ မတိုင်ခင် NUG နဲ့ ဆွေးနွေးပါ။ မဆွေးနွေးဘဲ ရန်သူလိုသဘောထားရင်တော့ပြည်သူတွေကလဲ မှန်လိုတုန့်ပြန်သွားမှာလို့ ပြောပါရစေ။

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page