top of page
Search
Writer's pictureMyat Tun Oo

ဒီစစ်ပွဲဟာ ဘာလို့လစ်ဗျား၊ ဆီးရီးယားနဲ့မတူလဲ?


စစ်ဖြစ်တာဟာ မကောင်းပါ။ စစ်ဖြစ်ရင် အသေအပျောက်ရှိမှာပါ။ ဒါကြောင့် DASSK က ရင်ကြားစေ့ရေးလုပ်ခဲ့တာပါ။ မအလက လက်နက်အားကိုး လူပါးဝ အာဏာသိမ်းလို့ ပြည်သူတွေက ပြန်တိုက်ရတာပါ။

ပထမဆုံးက စာရေးသူတို့ဟာ နိုင်ငံခြားက ကူညီတာကို ရလိုပေမယ့် သိပ်မျှော်လင့်ချက် ကြီးကြီးမထားဖို့ပါ။

လစ်ဗျားမှာ အနောက်က ဝင်ကူခဲ့ပါတယ်။ ဒါပေမယ့် လစ်ဗျားဟာ စာရေးသူတို့ ၁၉၈၈ က အခြေအနေပါ။ သူ့မှာ အတိုက်အခံကောင်းကောင်း မရှိသလို ဒီမိုကရေစီ မရဘူးခဲ့ပါ။ စာရေးသူတို့တိုင်းပြည်က၇၅% ဒီမိုအောက်မှာ ငါးနှစ်လောက်နေခဲ့ပြီး တရားဝင်အစိုးရ ရှိပြီးသားပါ။ DASSK ကို ဖမ်းပေမယ့်NUG အစိုးရ ရှိနေပါတယ်။ ဒါက ခေါင်းဆောင်မှုပိုင်းမှာ လစ်ဗျား၊ အီရတ်၊ ဆီးရီးယားတို့နဲ့ မတူတာပါ။နောက်ဆီးရီးယားမှာက ရုရှားစစ်အခြေစိုက်စခန်း ရှိပြီးသားပါ။ ဒါကြောင့် ရုရှားဟာ သူ့လူကို ကာကွယ်ပေးမှာပါ။ နောက် ဆီးရီးယားက အာဆတ်ဟာ အာလဝိုက်ဆိုတဲ့ လူမျိုးစုကနေ အာဏာရပြီး သူ့တပ်ကိုလဲ အဲ့ဒီလူမျိုးကို အခြေခံဖွဲ့ထားတာပါ။ သူတို့အားလုံးဟာ မူစလင်ဘာသာပေမယ့် အာဆတ်တို့လူမျိုးက ဂိုဏ်းမတူပါ။ သူ့ကို ပြည်သူတွေက ဒီမိုတောင်းတဲ့အခါ သူက အခြားဂိုဏ်းကွဲ လူမျိုးတွေကသူ့လူမျိုးကို တိုက်သလို ဆိုက်ဝါးထည့်နိုင်ခဲ့ပါတယ်။ အရေးကြီးဆုံးက အာဆတ်က ဆီးရီးယားနိုင်ငံထဲက အခြားလူမျိုးတွေကို သတ်ပေမယ့် သူ့အာလဝိုက်လူမျိုးတွေကို မသတ်ပါ။ သူ့လူမျိုးရယ်၊ ရုရှားရယ်၊ ခိုင်မာတဲ့ အတိုက်အခံမရှိတာရယ်ပေါင်းပြီး သူအသက်ဆက်နိုင်ခဲ့တာပါ။


ဒါဆိုမြန်မာပြည်နဲ့ ဘာကွာနေလဲ? မြန်မာ့ကိစ္စမှာ တိုင်းပြည်ထဲအကျိုးစီးပွါးရှိတဲ့တိုင်းပြည်ဟာ တရုတ်နိုင်ငံသာရှိပါတယ်။ ရုရှားဟာ မအလကို လက်နက်ရောင်းနိုင်ပေမယ့် ဆီးရီးယားလိုတော့ ဝင်တိုက်ပေးမှာမဟုတ်ပါ။ မြန်မာပြည်မှာက ရွေးကောက်ခံတရားဝင်အစိုးရ ရှိပြီးသားပါ။ ဒါကြောင့်ခေါင်းဆောင်မှုက ပျောက်မသွားပါ။ ဒီထက်အရေးကြီးတာက ပြည်သူတွေပါ။ ပြည်သူတွေဟာ မအလက ကြောက်အောင်သတ်ပြလေလေ သူ့ကိုဖြုတ်ချဖို့ ပိုခိုင်မြဲလေလေ ဖြစ်လာနေတာပါ။ ယခုဆိုရင်တပ်ထဲမှာ ဗိုလ်မှူးကြီးအဆင့်ရဲ့ က​လေးတောင် အပြင်မှာကျောင်းမထားရဲအောင် ဖြစ်နေပါပြီ။အောက်က တပ်သားတောင် အပြင်ကို မသွားရဲတော့ဘဲ အရပ်ဝတ်နဲ့ စျေးဝယ်ထွက်နေရပါပြီ။ PDF တွေများလာအောင် ဆွဲဆောင်နေတာက မအလပါ။

နောက်အရေးကြီးတာက မအလတပ်ဟာ အပေါ်ယံကြည့်ရင် ဗမာလူမျိုးကို အခြေခံထားတယ်လို့ ထင်ရပေမယ့် ယခုက သူ့ဗမာလူမျိုးတွေက သူ့ကိုအမုန်းဆုံးဖြစ်နေတာပါ။ သူ့မှာ သူ့ကိုထောက်ခံတဲ့အခြေခံလူမျိုး ဘာသာမရှိပါ။ သူ့ကိုထောက်ခံသူက အချောင်သမား၊ သူခိုး၊ ဓားမြ၊ မုဒိမ်းကောင်တွေ၊လူလိမ်တွေသာ များပါတယ်။ ဒါက မိုက်ကယ်ကျော်မြင့်၊ သက်သက်ခိုင်၊ အေးနုစိန်နဲ့ သူ့လက်အောက်ခံတပ်က အောင်လင်းဒွေးတို့လို လူတွေကိုကြည့်ရင်သိနိုင်ပါတယ်။

ဒီ့ထက်ပိုအရေးကြီးတာက ပြည်သူပါ။ အခြားတော်လှန်ရေးဒေသတွေမှာ လူမျိုးကိုအခြေခံလို့ တော်လှန်နိုင်တဲ့ တပ်သားအရေအတွက်က လူမျိုးပေါ်မူတည်ပြီး အနည်းအများရှိပါတယ်။ ယခု လူဦးရေအများဆုံး ဗမာက ပြန်ခံချနေလို့ ပြဿနာအကြီးအကျယ်တက်နေတာပါ။ ယခင်က လိုင်ဇာကိုတိုက်မယ်ဆိုရင် မြစ်ကြီးနားအထိ တပ်အပြောင်းအရွှေ့ကို အေးဆေးလုပ်လို့ ရခဲ့ပါတယ်။ ရခိုင်ဆိုလဲထို့အတူပါဘဲ။ ဒါပေမယ့် ဗမာနယ်မှာက မုံရွာက မအလတပ်ထွက်တာနဲ့ ရရာလက်နက်နဲ့ စဆော်နေကြပါတယ်။ သူတို့ PDF လက်နက်ဟာ သိပ်မကောင်းသေးတာ ဝန်ခံပါတယ်။ ဒါပေမယ့် သူတို့ဟာ အမြဲတီထွင်ပြီး တိုက်ခိုက်ပါတယ်။ သူတို့ရဲ့စိတ်ထဲမှာ မအလကိုဖြုတ်ချရမယ်ဆိုတာက စွဲနေပါတယ်။ ဒါ့ကြောင့်လိုရင် လိုသလို အသေခံပြီး တိုက်နေတာကို လေးစားအံ့ဩဖွယ်ရာ တွေ့နေရတာပါ။ မအလတပ်တွေပိတ်မိနေတာလဲ ခဏခဏပါ။ သူတို့မှာလက်နက်ကောင်းရင် မအလတပ် ယခုထက်အသေများမှာ သေချာပါတယ်။ ယခုတောင် မိုင်းစွဲခံရရင် ဒဏ်ရာရသူများလို့ သွေးလှူသူလိုက်ရှာရတာ တပ်ထဲမှာ ငရဲပြည်လိုပါ။ နောက်ဗမာတွေက အမေရိကန်၊ အင်္ဂလိပ်က လက်နက်မပေးလဲ မိမိဖာသာထွင်ကြပါတယ်။ ရေထဲမှာတောင် နိုင်ငံခြားက ဘာအကူအညီမှမယူဘဲ မိုင်းခွဲသွားတာ PDF တွေပါ။

အကျဉ်းချုပ်ရရင် မအလတပ်ဟာ အသေအပျောက်များနေတာ မြေကြီးလက်ခတ်မလွဲပါ။ အရေးကြီးတာကစာရေးသူတို့ပြည်သူမှ ပြည်သူသို့ ကူညီပြီး များများထောက်ပံ့ဖို့ပါ။ ဥပမာ မြေပြင်ပေါ်ကတော်လှန်ရေးသမားတွေကို ခွန်အားဖြစ်စေလိုရင် ဗိုလ်မှူးကြီးအဆင့် မုန့်ဟင်းခါး ၁၀ သိန်း ဘာညာထောက်ပံ့နိုင်ရင် ပိုအဆင်ပြေပါမယ်။ ဒါမှမဟုတ် ဗိုလ်မှူးကြီး မိန်းမ မုန့်ဟင်းခါးကျွေး ၅ သိန်းပေါ့။ ဒီနေရာမှာ လူဆိုတာ ထိမှနာတတ်တာပါ။ အချို့က ယခင်ရင်ကြားစေ့ရေးကလို အစ်မကိုပြန်တောင်းပန်ရင် ရမယ်ဆိုပြီး မအလခိုင်းတာလုပ်နေတဲ့ စစ်ဗိုလ်တွေ၊ တရားသူကြီးတွေ ဝန်ထမ်းတွေအများကြီးပါ။မအလတပ်ဟာ မုန့်ဟင်းခါးကို စနစ်တကျကျွေးနိုင်ရင် လက်နက်ကြီးမလိုဘဲလဲ ပြိုကျပျက်ဆီးသွားနိုင်ပါတယ်။ မြန်မာပြည်ဟာ ဒီအချိန်မှာ စစ်ဏာရှင် အမြစ်ပြတ်ရမှာပါ။ အရေးကြီးတာက ပြည်ပအားကိုးတာကို လျှော့ပြီး ကိုယ့်အားကိုယ်ကိုးကြဖို့ပါ။ ICC က ယခု မအလကို ဖမ်းဝရမ်းထုတ်ရင်တောင် ဝင်မဖမ်းနိုင်ပါ။ ဒါပေမယ့် ပြည်သူက မအလကို အခွင့်အခါသင့်ရင် ချက်ခြင်း မုန့်ဟင်းခါးကျွေးလို့ရပါတယ်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိပါတယ်။ ပြည်သူသာ အဓိကပါ။

1,048 views1 comment

1 Comment


Myint Soe Oo
Myint Soe Oo
Dec 16, 2021

ဦးမြတ်!!! ဗမာစစ်တပ်နောက်မှာ ဗမာလူမျိုး ရာနှုန်းပြည့် ထောက်ခံမှု မရှိပါ။

ပြည်မနေ ဗမာအများစုရဲ့ကွန်ယက်စာမျက်နှာပေါ်မှာ

~ဘေးကင်းပါစေ ကေအိုင်အေ

~အနိုင်တိုက်နိုင်ပါစေ ကေအင်န်ယူရေ

~စစ်ပွဲတိုင်း အောင်ပါစေ စီဒီအက်ဖ်၊

~တွန်းလှန်နိုင်ပါစေ ကေအေ(ကရင်နီ)

ဘာသာ အယူ မတူကြငြားလည်း မတရားမှုကိုတွန်းလှန်ရာမှာ တအူတုံ ဆင်း

ညီရင်းပမာ သွေးစည်းညီညွတ်နေသောကာလဖြစ်နေပါသည်။

ဘာကြောင့် စစ်တပ်ကို နာကျည်းသလဲ။

သိ မီသမျှ အတိတ် ခြေရာကောက်ရာတွင်

~ွြဂန့်ဂေါနယ်မှာ ဘိုးဘေးစဉ်ဆက် ထွန်ယက်စားခဲ့သော လယ်မြေများ အသိမ်းခံရမှု၊ အနီကို မဲပေးရင် ရွာလုံးကျွတ် အရွှေ့ခံရမယ် ဟူသော ခြိမ်းခြောက်မှုစသည့် ကကွက်နှင့် စထွက်ကတည်းက တောင်သူတွေရဲ့ အမုန်းတရားဟာ အညှိုးထားခဲ့ပါပြီ။

မြေယာသိမ်းမှုဟာ ကျဆုံးခြင်းဖက်သို့ ဦးတည်စေခဲ့ပါသည်။ အသိမ်းခံလယ်မြေပိုင်ရှင်တချို့ဟာ စစ်သားတွေရဲ့ မိဘများလည်းပါဝင်ခဲ့ပါသည်။တပြည်လုံး သိမ်းခဲ့သမျှ လယ်ယာမြေတွေအပေါ် ပိုင်ရှင်စစ်များက အလွယ်ခွင့်လွှတ်နိုင်ပါ့မလား?ကျေးလက်နေ ဗမာအများစုဟာ တောင်သူလယ်လုပ် သီးနှံထုတ် ရောင်း၊အသက်မွေး ဝမ်းကျောင်းကြသူများဖြစ်ကြပါသည်။

ဘိုးဘွား အမွေအနှစ်ကို တန်ဘိုးထားချစ်တဲ့နေရာမှာလည်း အလယ်ပိုင်းဒေသ မြေပြန့်နေဗမာတွေက ပိုပါသည်။

မင်းကင်းနယ်ဖြစ်ဉ်။ တပ်ကြပ်ကြီး နှင့်

တပ်သားတယောက်ကို ရွာသားတယောက်က လုံးထွေးသတ်ပုတ် ဖမ်းဆီးနိုင့်ခဲ့ပုံဟာ လူမှုကွန်ယက်မှာ ပြန့်ခဲ့ပါသည်။

~ ရုပ်ပိုင်းဆိုင်ရာ ခွန်အားတောင့်တင်းမှု

စိတ်ဓါတ်အား တက်ကြွမှု။သည်နှစ်ခု အရင်းပြုလိုက်တာ နှစ်ယောက်နဲ့ တယောက်၊ နှစ်ယောက် မှောက်ရပြီဆိုကတည်းက စံ ဆိုသော အရည်အချင်း

မည်မျှ ဖျင်းညံ့နေပြီဆိုတာ သိသာပါသည်။

အရေအတွက်လည်း နဲ(နည်း)၊ အရည်ချင်းလည်း မွဲသော အဖွဲ့စည်းနှင့်

အရေအတွက်နှင့် အရည်အချင်း အပေါင်းဆောင်တန်ဘိုး တိုက်ရိုက်အချိုးကျသော အဖွဲ့စည်း။

ဒါတောင် လက်နက်အင်အား မတူညီမှုတစ်ခု ခံနေ၍သာ။

(အင်အားနဲ သည်ဟုဆိုရခြင်းမှာ တပ်မတစ်ခု၏ စာရင်းအရှိနှင့် တပ်ထွက်ရှေ့တန်းအင်အား ကွာခြားမှုစာရင်းအတိအကျ လူမှုကွန်ယက်ပေါ်မှာ ပေါ်ထွက်ခဲ့ခြင်းမှ သိရပါသည်)

စကစတပ်များသည် နင်းတဲ့နေရာတိုင်းမှာ အရင်းကြီးကြီးပေးဆပ်လာရမှု…


Like
bottom of page