top of page
Search

ဒီမိုကရေစီကို ပရမ်းပတာရှိ မရှိ လေ့လာခြင်း

Writer's picture: Myat Tun OoMyat Tun Oo

ဒီမိုကရေစီကို ပရမ်းပတာရှိ မရှိ လေ့လာခြင်း

Democracy ဟာ ဂရိစကား “δημοκρατία dēmokratía” ကလာပြီး ပြည်သူက အုပ်ချုပ်တာလို့ အဓိပ္ပါယ်ရပါတယ်။ ဒီမိုကရေစီကို အင်္ဂလိပ် အဘိဓာန်မှာ အဓိပ္ပါယ်ဖွင့်ရင် “a system of government by the whole population or all the eligible members of a state, typically through elected representatives” မြန်မာလိုဆိုရင် ရွေးကောက်ခံရသော ပြည်သူ့ကိုယ်စားလှယ်များက အုပ်ချုပ်သောအစိုးရလို့ဆိုပါတယ်။ ဒါကြောင့်ဂရိအရရော အင်္ဂလိပ် အဘိဓာန်အရပါ မြန်မာပြည်မှာ ဒီမိုကရေစီမရသေးပါ။

ကမ္ဘာပေါ်က ဝါရင့်ဒီမိုနိုင်ငံတွေရဲ့ ဒီမိုကရေစီစနစ်ကို လေ့လာကြည့်ရအောင်။

အင်္ဂလန်ဟာ ကမ္ဘာပေါ်မှာ ဒီမိုကရေစီကျင့်သုံးတာ ကြာခဲ့ပါပြီ။ အင်္ဂလန်မှာ ၁၃ ရာစုမှာ ဘုရင်ကMagna Carta စာချုပ်နဲ့ စည်းမျဉ်းခံ ဘုရင်စနစ်ပြောင်းတာကနေ ပါလီမန်ပေါ်လာပြီးအုပ်ချုပ်ခဲ့ပါတယ်။ သူ့မှာ ရေးထားတဲ့ ခြေဥမရှိဘူးဆို စာဖတ်သူများ ယုံပါ့မလား။ ယခုဥရောပက ခွဲထွက်ရေးမှာအစိုးရက ပါလီမန်ကိုပိတ်၊ တရားရုံးချုပ်က ပြန်ခေါ်ခိုင်း ခွဲရေး၊ တွဲရေး ဆန္ဒပြသူတွေကလဲ နေ့စဉ်ပါ။အာဏာသိမ်းလိုသူများအတွက်ဆို ပရမ်းပတာကြီးပေါ့။ ဒါပေမယ့် ဘယ်ဒုဗိုလ်မှူးကြီးအဆင့်ကမှပရမ်းပတာဖြစ်နေပြီလို့ မပြောရဲပါ။ သူ့တပ်ချုပ်တောင် မပြောရဲပါ။ သူ့တပ်ချုပ်ကလဲ ညွှန်ချုပ်ပါ။

နောက် အမေရိကန်။ ယခုထရမ့်နဲ့ ပါလီမန်နဲ့ ရန်ဖြစ်သလို သူ့ကို ထောက်ခံသူ ကန့်ကွက်သူများဟာလဲနေ့စဉ် ဆန္ဒပြကြပါတယ်။ ပရမ်းပတာလို့ထင်စရာပေါ့။ ဒါပေမယ့် ဘယ်တပ်ချုပ်ကမှ ထရမ့်ကို မပြောရဲပါ။ သူ့တပ်ချုပ်ကလဲ ညွှန်ချုပ်အဆင့်ပါ။

ပြင်သစ်မှာလဲ ရဲတွေဆန္ဒပြ၊ လူတွေဆန္ဒပြနဲ့ ရှုပ်နေပါတယ်။ ပရမ်းပတာလို့ထင်စရာပါ။

ဒီမိုကရေစီဆိုတာ အာဏာရှင်စနစ်မဟုတ်လို့ မြောက်ကိုရီးယားလို ငြိမ်မနေသလို တရုတ်ကွန်မြူနစ်ပါတီလို ဖြစ်မနေပါ။ ဒီလိုဖြစ်နေတာကိုက ဒီမိုကရေစီပါ။

ပရမ်းပတာက နေရာမှားပြီး ရန်သူ့ကို တိုက်ရမယ့်နေရာမှာ မရှိဘဲ လွှတ်တော်ထဲ ရောက်နေတာကပရမ်းပတာဖြစ်နေသလို ညွှန်ချုပ်အဆင့် တပ်ချုပ်က ဒုသမ္မတအဆင့်ဖြစ်နေရင်လဲ အဲ့ဒီတိုင်းပြည်ဟာပရမ်းပတာဖြစ်ပြီး မတိုးတက်နိုင်ပါ။

83 views0 comments

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page