top of page
Search
Writer's pictureMyat Tun Oo

ဒီမိုများ လက်ခုပ်မတီးခင် စဉ်းစား


စာရေးသူတို့ ဒီမိုအားလုံးဟာ DASSK ကို ထောက်ခံကြပါတယ်။ ဒီနေရာမှာ အများစု တူညီပါတယ်။သူမပြီးရင် ကျန်တာက ကွဲပါတယ်။ အချို့ဒီမိုများက သူမကသာတော်တာ ကျန်သူတွေက အသုံးမကျဘူး ဘာညာပြောလေ့ရှိပါတယ်။ စာရေးသူအမြင်ကတော့ မဟုတ်ပါ။ NLD ရဲ့ လက်ရှိ ဝကခတွေအားလုံးဟာ ယခင်အုပ်ချုပ်ခဲ့တဲ့ တိုင်းမှူးတွေထက် ပိုတော်တယ်လို့ ထင်ပါတယ်။ အုပ်ချုပ်မှု၊ စည်းရုံးမှု၊ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု အားလုံးပါ။


ယခုစာရေးသူပြောလိုတာကတော့ စာရေးသူထောက်ခံသူ ကွီးဖြိုးကို တရားစွဲမှုနဲ့ DASSK ကို တရားစွဲမှုပါ။ DASSK ကိုထောက်ခံသူ ဒီမိုအချို့ရဲ့ အပြောခံရသူကတော့ ကွီးဖြိုးပါ။ ပထမက တစ်ပူးပေါ့။ တစ်ပူးကပြောချိန်မှာ တစ်ပူးနဲ့အတူ ထောက်ခံခဲ့သူ ဒီမိုများလဲ ရှိမှာပါ။ ယခုတစ်ပူးကို ဘယ်သူထောက်ပံ့တာလဲ အားလုံးသိလောက်ပါပြီ။ တစ်ပူးအပြီးမှာ သူ့ကို ဝေဖန်တာက သက်သက်ခိုင်နဲ့ ကျော်ဇေယျပါ။သူတို့ဟာ ဘယ်သူ့ဘက်တော်သားလဲဆိုတာလဲ ဒီအချိန်မှာ အားလုံးသိလောက်ပါပြီ။ သက်သက်ခိုင်ဟာ သူအထပ်ခိုးထားတဲ့ 68 Residence ကို ပြင်ဆောက်ခိုင်းတာကနေ အစာမကြေ ဖြစ်သွားပုံပါ။ ဒီမိုကြောင့်မဟုတ်ဘဲ ခိုးဆောက်မရတာက စခဲ့တာပါ။ သူမမှားသွားတာက ကွီးကိုဝေဖန်အပြီး တပ်၊ ဖွတ်အကောင့်နဲ့ အဘတ မီဒီယာများ မြှောက်ပေးတာကို အားယူပြီး DASSK ကို ဝေဖန်လိုက်လို့ ဒီမိုတွေကရိပ်မိသွားခဲ့တာပါ။ ယခုတော့ သူမနဲ့ ကျော်ဇေယျတို့ရဲ့ မျက်နှာဖုံးဟာ ကွာကျခဲ့ပါပြီ။

နောက်အခြားသူတွေ အခြားကိစ္စတွေလဲ ရှိပါသေးတယ်။ ဥပမာ ရန်ကုန်မြို့သစ်ကိစ္စ။ ဝေဖန်လိုက်တဲ့သတင်းသမားများ၊ NGO များ၊ နောက် စင်ပေါ်တက်ပြီး အန်ကယ် Serge Pun ကို ခင်ဗျားက ဘာကြောင့်နွားကျခံလဲဆိုပြီး ဝေဖန်သူ ပညာတတ်ဆိုသူ NGO လူကြီးများဟာ စစ်တပ်ကို ပါးစပ်တောင်မဟရဲသူငနွားတွေပါ။ သူတို့က ရန်ကုန်မြို့သစ်ကိုပြောချိန်မှာ ကရင်မှာ အဘအောက်က ကောင်က ရန်ကုန်မြို့သစ်နီးပါးမြို့ကို လုပ်သွားခဲ့ပါတယ်။ ဘယ်ခွေးမှ မဟောင်ရဲပါ။ ထားလိုက်ပါ။



နောက်ဆုံးကွီးက ဗိုလ်တထောင်ဘုရားပြင်တယ်။ သူက အထဲမှာကိုဗစ်စည်းကမ်းနဲ့အညီလုပ်တယ်။ပြင်သစ်မှာ Norte Dame ပြင်တာနဲ့ နှိုင်းပြီး စာရေးသူ ရေးခဲ့ပြီးပါပြီ။ အမျိုး၊ ဘာသာ၊ သာသနာ စေဋသ့်ရှောက်ဖို့နဲ့ အလုပ်သမားတွေ အလုပ်ရဖို့ပါ။ မြန်မာလူမျိုးက ဘုရား၊ တရားကြည်ညိုတယ်။ ဝိုင်းလာတယ်။ လူအုပ်လို ဖြစ်သွားခဲ့ပါတယ်။ ဒါကို ကွီးကရှင်းပြရာမှာ နေပြည်တော်က ထွေအုပ်ဝန်ကြီးတွေ၊ သမ္မတရုံးတွေက သူရှင်းပြလို့မရအောင် သူတို့ MRTVနဲ့ ရှင်းထားတဲ့ အခွေကိုပိတ်၊ တချိန်ထဲမှာဘဲ ဖွတ်တွေ၊ ဖွတ်တမီဒီယာတွေကလဲ DASSK နဲ့ NLD ကို ဖိအားပေးကြပါတယ်။ ဒါက ကွီးကို အထဲအပြင် ညှပ်တိုက်တာပါ။ အချို့ NLD လူကြီးအချို့ကတောင် ကွီးမှားသလို ဝိုင်းပြောကြပါတယ်။အချို့ DASSK ကိုသာ ထောက်ခံသူ ဒီမိုအချို့ကလဲ လက်ခုပ်ကို အားရပါးရ တီးကြပါတယ်။ ကွီးကိုဝိုင်းဆဲကြပေါ့။ နောက်ဆုံးအဘမွေးစားသား စရဖတန်ပြန် မိုက်ကယ်ကျော်မြင့်တို့က ဝကခကို တရားစွဲတဲ့ အထိပါ။ ဒါတင်မပြီးဘဲ ရန်ကုန်လွှတ်တော်မှာ အယုံအကြည်မရှိအဆိုကို တပ်၊ ဖွတ်နဲ့ PPP ကကျော်ဇေယျတို့က ဝမ်းသာအားရ တင်ခဲ့ပါတယ်။ ဒီအချိန်မှာတော့ ပြည်သူအများက ကွီးဖြိုးနဲ့အတူဖြစ်သွားလို့ NLD အမတ်အချို့လဲ ကွီးဘက်ကရပ်လို့ တပ်အဆိုဟာ ရှုံးနှိမ့်ခဲ့ရပါတယ်။ ထိုအချိန်ကအဆိုပါ PPP ပါတီက ကျော်ဇေယျ၊ ဖွတ်နဲ့ တပ်ကိုယ်စားလှယ်တွေဟာ အဘလူစုလူဝေးနဲ့ညောင်ရေသွန်းပွဲလုပ်တာကို ဘာမှ မလုပ်ရဲခဲ့ပါ။


ယခု နေပြည်တော်က NLD ကရုံးကို DASSK သွားရာမှာလဲ ကွီးလုပ်သလို ကိုဗစ်စည်းကမ်းနဲ့ အညီသွားခဲ့တာပါ။ သူမကို လာကြိုသူများက များလာပြီး လူစုလူဝေးလိုဖြစ်သွားခဲ့ပါတယ်။ ဒါဟာ ကွီးဖြိုးဖြစ်သွားတာနဲ့ အင်မတန်တူပါတယ်။ စာရေးသူတို့ တပ်ထဲမှာ တန်းသိပါတယ်။ ကွီးဖြိုးက အစိုးရလုပ်ငန်းခွင်၊ သူမက ပါတီလုပ်ငန်းပါ။ ဖွတ်တွေက ထုံးစံအတိုင်းအော်ပါတယ်။ လယ်ဝေးက ထွန်းမြင့်အောင်ဆိုတာက ယခင်က သတင်းပေးပါ။ စရဖခိုင်းတာလုပ်ရသူပါ။ ယခင်စစ်ထောက်လှမ်းရေးကမွေးထားသူပေါ့။ သူ့က DASSK ကို မိုက်ကယ်ကျော်မြင့်လို တိုင်ပါတယ်။ ပုံမှန်ဆို ရဲအရေးမပိုင်လို့အရေးယူမရပါ။ ဒါပေမယ့် ဒါကိုလူတွေအထင်မှားအောင် ထွေအုပ်က အရေးမယူခိုင်းတဲ့ ပုံစံကို ထွေအုပ်ကလူတွေရဲ့ တံဆိပ်အတုနဲ့ စရဖရဲ့ တန်ပြန်ထောက်လှမ်းရေးက ထုတ်ခဲ့ပါတယ်။ ဒီအချိန်မှာတော့ပါတီက NLD ဒုဥက္ကဌကရှင်းသလို ထွေအုပ်ဝန်ကြီးကလဲ သူတို့စာမထုတ်ကြောင်း ရှင်းကြပါတယ်။ထွန်းမြင့်အောင် တရားစွဲရဲတာက ထူးဆန်းသလို ရုံးစာအတုကလဲ ထွေအုပ်ဝန်ကြီးရုံးနဲ့ သမ္မတရုံးကလူမပါဘဲ ထုတ်ရခက်ပါတယ်။ ထွန်းမြင့်အောင်ဟာလဲ မအလ လူစုနေတာကို တရားမစွဲရဲတဲ့ အဘခိုင်းတဲ့နွားတစ်ကောင်ပါ။ သူလူများပိုက်ဆံကို အကြွေးယူပြီး ပြန်မဆပ်ခဲ့သလို သူများမိန်းမကို ကြာခိုနေတာလဲ လယ်ဝေးကလူတွေ သိပါတယ်။ နောက်မှ သူ့အကြောင်းရေးပါ့မယ်။


ဒီကနေ ဘာသင်ခန်းစာရလဲ? NLD ပါတီက လူကြီးတွေ၊ ဒီမိုတွေအနေနဲ့ မိမိတို့ ဝကခတွေကို တိုက်ခိုက်တာတွေဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်လေးတွေ မဟုတ်ဘူးဆိုတာ သိဖို့လိုပါတယ်။အားလုံးဟာ ဥပဒေရဲ့အောက်မှာမရှိတဲ့ အဖွဲ့တွေက အကွက်ရှိရှိလုပ်နေတာပါ။ ငါတို့က ဒီကောင် ဝကခလောက်မိုလို့ ဝိုင်းပြောလိုက်မယ် ဒီမိုတွေကလဲ သူကတော့ DASSK မဟုတ်ဘူး လက်ခုပ်ဝိုင်းတီးလိုက်မယ်ဆိုရင် ဒီဖော်မြူလာနဲ့ နောက်ပိုင်းမှာ DASSK ကိုလဲ လုပ်လာမှာပါ။ ယခုလဲ ကွီးကိုလုပ်သလို DASSK ကိုလဲ လုပ်လာတာ တွေ့မှာပါ။


ဒါကြောင့်မိုလို့ ဒီမိုအားလုံး လက်ခုပ်မတီးခင် စဉ်းစားကြပါလို့ သတိပေးထားပါရစေ။ သူတို့တွေဟာ ဝကခတွေကို လုပ်သလို အခြားလူများကိုလဲ လုပ်ပါလိမ့်မယ်။

515 views0 comments

Comments


bottom of page