အမေရိကန်မှာ ဒီမိုကရက်က သမ္မတထရမ့်ကို ဒီမိုကရက်တစ်ပါတီပုံရိပ်တက်ဖို့အတွက်အောက်လွှတ်တော်မှာ တရားစွဲတယ်။ အဲ့ဒါနိုင်ငံရေးပါ။
ဒါကို ရီပတ်ပလီကင်ပါတီက အထက်လွှတ်တော်မှာ သူ့ပါတီပုံရိပ်တက်ဖို့ ထရမ့်ကို တရားစွဲတာကနေလွှတ်ပေးလိုက်ပါတယ်။ အဲ့ဒါနိုင်ငံရေးပါ။
ထို့အတူပါဘဲ အင်္ဂလန်က ဥရောပသမဂ္ဂကထွက်တာကို လေဘာပါတီကလွှတ်တော်အမတ်တွေက ကန့်ကွက်ချိန်မှာ လက်ရှိဝန်ကြီးချုပ်က သူ့ပါတီပုံရိပ်တက်ဖို့ ပါလီမန်ကိုဖျက်ပြီး ရွေးကောက်ပွဲ လုပ်ခဲ့ပါတယ်။ အဲ့ဒါနိုင်ငံရေးပါ။
အိန္ဒိယမှာလဲ မိုဒီက သူ့ပါတီပုံရိပ်တက်ဖို့ နိုင်ငံသားပြုမှု ဥပဒေကိုပြင်ဖို့ ကြိုးစားပါတီ။ အတိုက်အခံပါတီကလဲ သူ့ပါတီပုံရိပ်တက်ဖို့ ပြင်တာကို ကန့်ကွက်ပါတယ်။
ဒါတွေအားလုံးဟာ နိုင်ငံရေးပါ။ ပြင်တာဟာ နိုင်ငံရေးပုံရိပ်တက်အောင်လုပ်သလို ပြင်တာကို ကန့်ကွက်တာဟာလဲ မိမိမှန်တယ်ထင်လို့ ကန့်ကွက်ရင် နိုင်ငံရေးပုံရိပ်တက်နိုင်ပါတယ်။ ဒါဟာ နိုင်ငံရေးပါ။
မိမိကန့်ကွက်တာဟာ ပြည်သူကြိုက်တာဆိုရင်တော့ ပုံရိပ််မကောင်းနိုင်ပါ။
အချို့ကိစ္စတွေဟာ အမှား အမှန်ခွဲရခက်နိုင်ပေမယ့် ကိစ္စအများစုက ဓမ္မရယ် အဓမ္မရယ်သာရှိပြီး အဓမ္မဘက်မှာ ရပ်တည်ရင်တော့ ပုံရိပ်မကောင်းနိုင်ပါ။
Comments