top of page
Search
Writer's pictureMyat Tun Oo

နိုင်ငံရေးရာထူးနဲ့ဘွဲ့


နိုင်ငံရေးရာထူးနဲ့ဘွဲ့

စာရေးသူတို့ မြန်မာလူမျိုးက ဘွဲ့ကိုအလေးထားပါတယ်။ စာထဲမှာတောင် ဘွဲ့ရပညာတတ်ဆိုပြီး ရေးကြပါတယ်။ မြန်မာပြည်ရဲ့ ပညာရေးမှာ ၁၉၆၂မတိုင်ခင်အထိ လူတိုင်းဟာ မိမိဝါသနာအပေါ်မူတည်ပြီး တက္ကသိုလ်ရွေးချယ်ခဲ့ကြပါတယ်။ ၁၉၇၄ လောက်အထိ ယခင်စနစ်ကနေ ပညာတတ်တွေမွေးထုတ်ခဲ့ပေမယ့် ၁၉၇၄ နောက်ပိုင်း ၁၀ တန်းမှာထူးချွန်သူများ၊ ဒေသကောလိပ်ကနေ ထူးချွန်သူများဟာဆရာဝန်၊ အင်ဂျင်နီယာ လုပ်လာခဲ့ပါတယ်။

ဒါကြောင့် မြန်မာပြည်ရဲ့ ထူးချွန်သူအများစုဟာ ဆေးကျောင်းကိုတက်ကြပါတယ်။ ပြီးရင်အင်ဂျင်နီယာလိုင်းပေါ့။ ဒီနေရာမှာ ၁၉၈၈ နောက်ပိုင်း မြန်မာပြည်မှာ ဥာဏ်နည်းလို့ဆေးကျောင်းအမှတ်မမှီသူ၊ အင်ဂျင်နီယာလိုင်းမမှီသူ၊ ပိုက်ဆံရှိသူများ၊ အဘဖွတ်သားသမီးများ၊ ခရိုနီသားသမီးမြေးများဟာ နိုင်ငံခြားမှာ ပညာလာသင်ကြပါတယ်။ သာမန်ပြည်သူလဲရှိပါမယ်။

DASSK အာဏာရလာအပြီးမှာ ဆရာဦးဝင်းမြတ်အေးကို ဝန်ကြီးရာထူးပေးခဲ့ပါတယ်။ သူ့ကို အစကဘယ်သူလဲမသိခဲ့ပါ။ သူဟာ မြန်မာပြည်က DASSK ရွေးချယ်ခဲ့တဲ့ လူတွေထဲမှာ ခြေအပေါ်ဆုံးဝန်ကြီးပါ။ သူဟာ ဘင်္ဂါလီအရေးမှာ စစ်တပ်ကရဟတ်ယဉ်ကို ရာသီဥတုအကြောင်းပြပြီး ပေးမသုံးတဲ့ကြားက အရပ်ဖက်ရဟတ်ယဉ်ကို ရအောင်ငှါးပြီး မိမိအသက်ကို အလေးမထားဘဲ အခင်းဖြစ်တဲ့နေရာကိုသွားခဲ့သူပါ။ ကချင်မှာ ပိတ်မိနေလို့ ကချင်ဝန်ကြီးချုပ်ဘာမှ လုပ်မရချိန်မှာလဲ သူကဘဲ တပ်နဲ့အရပ်ဖက်ကို ပြေလည်အောင်ညှိပြီး ဒုက္ခသည်တွေကို ကယ်ထုတ်ခဲ့သူပါ။ နောက်ပြီး လူကယ်ပြန်ဌာနကိုကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့ပြီး မြန်မာပြည်မှာ တစ်သက်မလုပ်ခဲ့တဲ့ လူမှုဖူလုံရေး(social security) အတွက် အသက်ကြီးသူတွေကို ငွေကြေးထောက်ပံ့တာတွေ စလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်မိုလို့ မြန်မာပြည်က မိုးကျတွေရှိတဲ့ လူကယ်ပြန်ကို ခေါင်းဆောင်နိုင်တာ ပြောင်းလဲနိုင်တာက သူ့ရဲ့ခေါင်းဆောင်မှု leadership နဲ့ စီမံခန့်ခွဲမှု management တော်တာကို ပြနိုင်ခဲ့ပါတယ်။

ဒီနေရာမှာ Nay Yan Oo ဆိုသူက သူ့ရဲ့ EBA ဘွဲ့ကို ပုတ်ခတ်ရေးထားတာ တွေ့လိုက်ရပါတယ်။ သူ့လိုoxford ကမှ တကယ်တော်တာပေါ့။ သူ့နောက်ကြောင်းကိုမသိပေမယ့် သူ့နောက်က ဖွတ်ရဲထွဋ်ကလိုက်လို့ ဒါဟာဖွတ်အကြိုက်ရေးသားမှုဆိုတာသိလိုက်ပါတယ်။ ဒီနေရာမှာ ဆရာ့ရဲ့ သမိုင်းကြောင်းကိုလေ့လာရအောင်။ ဆရာဝင်းမြတ်အေးဟာ ဆရာဝန်ဘွဲ့ရသူပါ။ Nay Yan Oo လို မြန်မာပြည်မှာ သုံးစားမရလို့ ဆေးကျောင်းအမှတ်မမှီလို့ နိုင်ငံခြားထွက်ရသူမဟုတ်ပါ။ နောက်ဆရာက ဆေးပညာဘွဲ့လွန်ရခဲ့ပါတယ်။ ဒါဟာလဲ ဆရာဝန်တိုင်းမရပါ။ ဆရာဝန်တွေသိပါတယ်။ နောက်ဆေးပညာ ဒေါက်တာဘွဲ့ကိုလဲရခဲ့ပါတယ်။ သူဟာ တိုင်းပြည်အတွက် ဘင်္ဂါလီကိစ္စကိုလဲ ဒိုင်ခံရှင်းနေသူပါ။ ဒါဆိုသူ့ EBA ဘွဲ့ကအရေးကြီးလားဆိုတာနဲ့ ဒီဘွဲ့ကြောင့် ဝန်ကြီးရာထူးရလားဆိုတာ လေ့လာရအောင်။

ကမ္ဘာပေါ်မှာ နိုင်ငံရေးရာထူးဆိုတာ နိုင်ငံရေးအရပေးတာပါ။ ခေါင်းဆောင်တိုင်းက phd ရနေတာမဟုတ်ပါ။ စာရေးသူတို့တပ်က ဗိုလ်မှူးချုပ်တိုင်းဟာ MA(defence) နဲ့ ကာကွယ်ရေူမဟာဘွဲ့ရပါတယ်။သူတို့ပညာတတ်လား တိုင်းပြည်ကို အကျိုးပြုလားဆိုတာ စာဖတ်သူများသိပါတယ်။ ထို့အတူပါဘဲအချို့က အောက်စဖို့ဒ်ကဘွဲ့ရတာ၊ ဇာဏီဆိုရင် လန်ဒန်စီးပွါးရေူတက္ကသိုလ်မှာ Nay Yan Oo လို Fellow လုပ်ပြီး တိုင်းပြည်အတွက် ဘာအသုံးကျလဲဆိုတာ စာဖတ်သူများသိမှာပါ။

ထရမ့်ဟာ သူ့နိုင်ငံခြားရေးဝန်ကြီးကို အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနဲ့ ဘွဲ့လွန်ရသူကိုခန့်ထားတာမဟုတ်ပါ။ သူခိုင်းတာလုပ်နိုင်သူ နိုင်ငံရေးအရည်အချင်းရှိသူ Mike Pompeo ကိုခန့်ထားတာပါ။ထို့အတူပါဘဲ Nay Yan Oo အထင်ကြီးတဲ့ အင်္ဂလန်က လက်ရှိဝန်ကြီးချုပ်ဟာ သူ့အစိုးရအဖွဲ့ဝန်တွေကိုသူ့အပေါ်သစ္စာရှိသူကိုသာ ခန့်ပါတယ်။ သူ့ရဲ့ လက်ရှိကျန်းမာရေးဝန်ကြီးMatt Hancock ဟာ ဆရာဝန်မဟုတ်ပါ။

ဒါကြောင့် DASSK ဟာလဲ သူ့အပေါ် သစ္စာစောင့်သိသူ အရည်အချင်းမှာ Nay Yan Oo တို့ထက် ဆယ်ဆသာသူကို ခန့်တာပါ။ သူ့ EBA ဘွဲ့အကြောင်းကို သူ့အရည်အချင်းမပြခင်ကဆိုရင် ငြင်းခုံစရာရှိနိုင်ပါတယ်။ ယခုဆရာဝင်းမြတ်အေးက ခြေပေါ်အောင်ကန်ခဲ့ပြီးပြီမို့ သူ့ရဲ့ခေါင်းဆောင်မှုအရည်အချင်းဟာဒီ EBA က ဘာဖြစ်ဖြစ် ဘေးထိုင်ဘုပြောပြီး မိမိကိုယ်ကိုအထင်ကြီးနေတဲ့ Nay Yan Oo တို့ထက် သာနေပါသေးတယ်။

ဗီယက်နမ်က ဟိုချီမင်းဟာ ဘွဲ့မရခဲ့သလို ၊ Nay Yan Oo အထင်ကြီးတဲ့ အင်္ဂလန်က ကမ္ဘာကျော်အမျိုးသားကျန်းမာရေးစနစ်(National Health Service)ကို တည်ထောင်ခဲ့သူ ကျန်းမာရေးဝန်ကြီးAneurin Bevan ဟာလဲ အသက် ၁၃ နှစ်နဲ့ကျောင်းထွက်ခဲ့ရသူပါ။ ဒါပေမယ့် သူ့ရဲ့ခေါင်းဆောင်မှုအရည်အသွေးကို နောက်ပိုင်းမှာ ပြန်လေ့လာခဲ့ရပါတယ်။ ထို့အတူ Microsoft တည်ထောင်သူ Bill Gates ဟာလဲ Harvard တက္ကသိုလ်ကနေ ထွက်ခဲ့ပါတယ်။ ဒါတင်မဟုတ်ဘဲ Apple ကိုတည်ထောင်သူSteve Jobs ဟာလဲ Reed College ကိုတက်ခဲ့ပြီး မပြီးခင်ထွက်ခဲ့ပါတယ်။ ယခုမန္တလေးက နာမည်ကြီးမြို့တော်ဝန်ဟာ အင်ဂျင်နီယာမဟုတ်ပေမယ့် မြို့တော်ကို အလှဆင်နိုင်တာတွေ့ရမှာပါ။

အဓိကပြောလိုတာက လူတစ်ယောက်ဟာ တိုင်းပြည်အတွက် ကောင်းကျိုးပြုနိုင်တာကို ဘွဲ့နဲ့ဆုံးဖြတ်မလား သူ့လုပ်ဆောင်ချက်နဲ့ ဆုံးဖြတ်မလားဆိုတာပါ။ ဥပမာ ဒေါက်တာမောင်မောင်ရဲ့ဘွဲ့ဟာ အစစ်ဖြစ်နိုင်ပေမယ့် သူကနေဝင်းအတွက်သာလုပ်ခဲ့တာပါ။ စာရေးသူကတော့ Nay Yan Oo လို oxford ကအာချောင်နေတာထက် မြန်မာပြည်ထဲမှာ တကယ်အကျိုးပြုနေသူ ခေါင်းဆောင်မှုပညာရှိသူ ဆရာ့ကိုသာ လေးစားပါတယ်လို့ ပြောပါရစေ။ ဆရာကတော့ ဆရာဝန်ဘွဲ့လဲရ ပညာလဲတတ်ပြီး Steve Job တို့လို Bill Gates တို့လို ခေါင်းဆောင်မှု စီမံခန့်ခွဲမှု အရည်အချင်းရှိသူပါ။ DASSK ကိုလဲ သစ္စာစောင့်သိသူပါ။ တိုင်းပြည်မှာ လိုနေတာက ဆရာ့လို လူမျိုးတွေပါ။

1,813 views0 comments

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

Comments


bottom of page