နောက်နှစ်ပတ်နေရင် ရွေးကောက်ပွဲ ကျင်းပပါတော့မယ်။ ဘယ်သူနိုင်မလဲဆိုတာကို အားလုံးက သိချင်ကြမှာပါ။ ပထမဆုံးပြည်ပကမဲပေးမှုပါ။ နိုင်ငံခြားမှာ ၂၀၁၅ က မဲလာပေးသူစာရင်းရဲ့ ၇၅% လာမေးပေးပြီး ယခုက ၆၉% ပါ။ ဒါဆိုရင် ဖွတ်တွေက မဲလာပေးသူနည်းလာတယ်ဆိုပြီး ဖွပါမယ်။ တကယ်ကယခုကိုဗစ်ဖြစ်တဲ့ကြားက မဲလာပေးသူ အရည်အတွက် ပမာဏက များခဲ့ပါတယ်။ ၂၀၁၅ မှာ လူသုံးသောင်းပြည်ပမှာ မဲပေးခဲ့ရင် ယခုကိုဗစ်ဖြစ်တဲ့ကြားက ၇၁၅၁၈ ယောက် လာပေးသွားတာပါ။ ဒါကကောင်းတဲ့ ပထမဦးဆုံးနိမိတ်ပါ။ အဘတို့က မဲလာပေးသူနည်းရင် ရွေးကောက်ပွဲတရားဝင်မှုကိုစိန်ခေါ်ဖို့ စကားကြောင်းထားတာပါ။ ပြည်ပရောက် မျိုးချစ်မြန်မာများကတော့ ကိုဗစ်ကြားထဲကလူအများကြီးမဲထည့်သွားခဲ့ပါပြီ။ ဒါဆို မြန်မာပြည်ထဲမှာ အနိုင်အရှုံး ဘယ်လိုရှိမလဲ?
ပထမဆုံးပြည်သူ့လွှတ်တော်ကို လေ့လာရအောင်။ ပြည်သူ့လွှတ်တော်နေရာ ၄၄၀ မှာ လက်ရှိက NLD က ၂၅၅ နဲ့ USDP က ၃၀ ၊ တပ်က ၁၁၀ လက်ရှိမှာ ရှိပါတယ်။ ANP က ၁၂ နေရာ၊ SNLD က ၁၂ နေရာပါ။ TNP က ၃ နေရာပါ။ PNO က ၃ နေရာ၊ LNDP က ၂ နေရာ၊ ZCD က ၂ နေရာပါ။ အခြားဟာတွေလဲရှိပါတယ်။
ယခု၂၀၂၀ ရွေးကောက်ပွဲ အနိုင်အရှုံး သုံးသပ်ရာမှာ NLD ပါတီက အစီရင်ခံစာတင်မဟုတ်ဘဲ ကြံ့ဖွတ်ပါတီနဲ့ တပ် အခြားအရပ်ဘက်အဖွဲ့ အစီရင်ခံစာတွေ အခြားဖြစ်စဉ်တွေကိုလဲ လေ့လာထားပါတယ်။ထိုအချက်အများအရ NLD ပါတီဟာ ယခင်အတိုင်းဘဲ နိုင်ပါမယ်။ ရခိုင်မှာ ရှုံးနိုင်ပေမယ့် ကြံ့ဖွတ်ပါတီရဲ့ နေရာအချို့ကို ပြန်နိုင်ပြီး သူရခဲ့တဲ့ နေရာအရေအတွက်အတိုင်း ပြည်သူ့လွှတ်တော်မှာ ဆက်ထိန်းထားနိုင်မယ်လို့ ယူဆပါတယ်။
ဒုတိယက အမျိုးသားလွှတ်တော်ပါ။ အမျိုးသားလွှတ်တော်ကနေရာ ၂၂၄ နေရာမှာ NLD က ၁၃၅၊USDP က ၁၁၊ ANP က ၁၀၊ SNLD က ၃၊ TNP က ၂၊ ZCD က ၂၊ တပ်က ၅၆ နေရာ ၂၀၁၅ မှာရှိခဲ့ပါတယ်။ ယခုရွေးကောက်ပွဲမှာ NLD ဟာ အနည်းဆုံး ယခင်ကအတိုင်း ၁၃၅ နေရာ ဆက်ထိန်းထားနိုင်မယ်လို့ ယူဆပါတယ်။ တိုင်းရင်းသားနေရာတွေမှာ ရှုံးခဲ့ရင်တောင် USDP ထံက ပြည်မမှာ ပြန်နိုင်မယ်လို့ မှန်းထားပါတယ်။
ယခုတပ်မဲတွေ လုပ်နေရတာက ယခင်က USDP နိုင်ထားတဲ့နေရာတွေကို ပြန်မရှုံးအောင်ပါ။
ဒါကြောင့် ဗဟိုအစိုးရကတော့ ဖွဲ့နိုင်မှာပါ။
ဒါဆို အရေးကြီးတဲ့ ပြည်နယ်လွှတ်တော်တွေကို လေ့လာကြည့်ရအောင်။
ရခိုင်ပြည်နယ်
သူ့လွှတ်တော်မှာ နေရာစုစုပေါင်း ၄၇ နေရာရှိပြီး ANP က ၂၂ နေရာ၊ NLD က ၉ နေရာ၊ တပ်က၁၂နေရာ ၂၀၁၅ မှာရှိပါတယ်။ NLD ရှုံးမယ်လို့မှန်းပါတယ်။ သူတို့က ဇတ်ရှိန်မြင့်နေလို့ပါ။ ဦးညီပုနေရာတောင် မသေချာပါ။ ဒါပေမယ့် DASSKမှာ plan B ရှိမယ်လို့ထင်ပါတယ်။ NLD သာ ၉ နေရာပြန်နိုင်ခဲ့ရင် ပွဲသိမ်းလို့ ပြောလို့ရပါတယ်။
ရှမ်းပြည်နယ်လွှတ်တော်
လူအများစုက ရှမ်းပြည်နယ်လွှတ်တော်ကို USDP က နိုင်မယ်လို့ ထင်ကြမှာပါ။ အဘကလဲ ရှမ်းတောင်ရော မြောက်ပါသွားခဲ့ပါတယ်။ လက်ရှိ ၂၀၁၅ လွှတ်တော်မှာ နေရာ ၁၅၁ နေရာအနက် ဖွတ်က၃၃နေရာ၊ တပ်က ၃၄ နေရာ၊ SNLD က ၂၄ နေရာ၊ NLD က ၂၃ နေရာ၊ TNP က ၇ နေရာ၊ PNO က ၆နေရာ၊ WDP က ၂၊ LNDP က ၂ နေရာပါ။ အခြားပါတီတွေက တစ်နေရာစီပါ။ ဒါကြောင့် လက်ရှိ၂၀၁၅ မှာ အများစုနိုင်ထားတာက ကြံ့ဖွတ်ပါ။ သူက အာဏာရပါတီမိုလို့ ၂၀၁၅ မှာ နိုင်ခဲ့တာပါ။ ယခုရွေးကောက်ပွဲမှာ SNLD နဲ့ NLD က တပ်မဲကို ကျပ်နိုင်ရင် ယခင်၂၀၁၅ ကထက်တောင် သူတို့က နေရာပိုရနိုင်ပြီး USDP က အများစုပါတီကနေ ရှုံးဖို့များပါတယ်။
ကယားပြည်နယ်
လူတွေစိတ်ဝင်စားတဲ့ ကယားမှာ အချို့နေရာတွေမှာ ကျပ်နိုင်ပေမယ့် NLD ဟာ အစိုးရဖွဲ့နိုင်လောက်အောင်တော့ နိုင်မှာပါ။ ဘောလခဲကတပ်ရင်းတွေက အနုနည်းနဲ့ တော်လှန်ပြီး NLD ကို မဲပေးခဲ့ရင်သမိုင်းဝင်သွားမှာပါ။
ကချင်ပြည်နယ်
ကချင်က ပြည်နယ်လွှတ်တော် ၅၃ နေရာမှာ NLD က ၂၆၊ USDP က ၇၊ တပ်က ၁၃ နေရာပါ။ ဒီနေရာမှာ ကချင်ပါတီအချို့ နေရာပိုနိုင်လာပါမယ်။ NLD ထံကဖြစ်မလား USDP ထံကဖြစ်မလားက စောင့်ကြည့်ရမှာပါ။ NLD ဟာ ၂၅ နေရာတော့ နိုင်မယ်လို့ ထင်ပါတယ်။ အစိုးရတော့ ဖွဲ့နိုင်မှာပါ။
ချင်းပြည်နယ်
ချင်းလွှတ်တော် ၂၄ နေရာမှာ လက်ရှိ ၂၀၁၅ မှာက NLD က ၁၂၊ USDP က ၄၊ တပ်က ၆ နေရာပါ။အပြောင်းအလဲရှိနိုင်ပေမယ့် NLD သာ နိုင်ပါမယ်။ ဒုသမ္မတနဲ့ Dr Sasa က ပွဲသိမ်းပါတယ်။
တနင်္သာရီဟာ အဘဇာတိမိုလို့ စောင့်ကြည့်ရပါမယ်။ ဒါပေမယ့် NLD နိုင်မယ်လို့ မှန်းပါတယ်။
ပြည်မမှာ NLD သာ နိုင်မှာပါ။
ဒီရွေးကောက်ပွဲဟာ ခြုံပြောရရင် NLD သာ နိုင်မယ်လို့ မှန်းပါတယ်။ ဘာကအရေးကြီးမလဲဆိုတော့တပ်မဲဆန္ဒနယ်တွေမှာပါ။ လက်အောက်က တပ်မတော်သားတွေဟာ အတားအဆီးတွေကြားထဲကNLD ကို ဘောလခဲလိုနေရာမှာ မဲပေးခဲ့ရင်၊ တစ်တိုင်းပြည်လုံးမှာ အောက်ခြေတပ်သားတွေက NLD ကိုမဲပေးခဲ့ရင် ဒီရွေးကောက်ပွဲဟာ ဘပုလုပ်နေတာတွေကို တပ်ထဲမှာ ဆန္ဒခံယူပွဲမျိုး ဖြစ်သွားပါမယ်။တပ်အောက်ခြေက တပ်မတော်သားအများစုက NLD ကိုထောက်ခံပြီး USDP ဟာ လက်ရှိမဲထက် ပိုရှုံးခဲ့ရင် အဘကန့်လန့်တိုက်တာတွေ လျော့သွားနိုင်ပါတယ်။
သူ့ကိုထောက်ခံပြီး USDP က တပ်မဲပိုရခဲ့ရင်တော့ ဘပုပိုအတင့်ရဲလာနိုင်ပါတယ်။
ဒါကတော့ စာရေးသူခန့်မှန်းတာပါ။ မှားလား မှန်လားဆိုတာကတော့ နိုဝင်ဘာ ၉ ရက်နေ့လောက်ဆိုရင်သိမှာပါ။
Comments