top of page
Search
Writer's pictureMyat Tun Oo

ပွင့်လင်းမြင်သာဖို့ DASSK ဘာကြောင့်ပြောလဲ


DASSK က ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့တွေ့တာက ကွီးဖြိုးက တင်ပြချင်လို့ပါ။ ဓာတ်ပုံရိုက်အပြီးသတင်းထောက်တွေ ထွက်သွားတယ်။ တံခါးပိတ်စည်းဝေးတယ်။ ကွီးဖြိုးက လေးလေးစားစား ထပြောတယ်။ DASSK က ထိုင်ပြောပါလို့ သူ့သား အကြာကြီး မတ်တပ်ရပ်ရမှာစိုးလို့ပြောတယ်။ အားလုံးပြေလည်တယ်။ တကယ်တမ်းက ကွီးဖြိုးပြောလို့ သူ့အောက်က ပြည်ထောင်စုဝန်ကြီးတွေလိုတာကိုပေါင်းစပ်ညှိနှိုင်းပေးနိုင်ခဲ့တယ်။ သူတို့က ရန်ကုန်တိုင်းအတွက် ရေကအစ မီးအဆုံး ဘယ်လိုလိုအပ်တယ် ဘာလိုတယ် ဘယ်နိုင်ငံက အကူအညီတောင်းမယ် ဆွေးနွေးကြတယ်။ ပုံမှန်လူဆို နားထောင်လိုက်တာနဲ့ ကွီးက သူပြောတဲ့ အကြောင်းအရာ subject ကို ပိုင်တယ်ဆိုတာသိသာသလို သူမနဲ့ ပါလာတဲ့ဘယ် ပြည်ထောင်စုဝန်ကြီးက အိမ်စာလုပ်လာတယ်၊ ဘယ်သူကတော့ ကွီးကိုထောက်ဖို့ ကြိုးစားတယ်၊ဘယ်သူက အလုပ်သဘောပြောတယ် ကူညီတယ် သိသာပါတယ်။

နောက် DASSK ရဲ့ အရာရာကို သိနေနိုင်မှုကိုလဲ ပြသပါတယ်။ သူမဟာ ပညာရေးဝန်ကြီးက မိဘတွေအလုပ်လုပ်ရအောင် နွေရာသီကျောင်းဖွင့်တယ်ဆိုပြီး ထွက်ရှင်းတာလဲ သိနေပါတယ်။ အစည်းအဝေးအပြီးမှာ ဘယ်မိဆုံးမ ဖမဆုံးမ ဖွတ်က သတင်းသမားတွေကို ရန်ကုန်တိုင်းအစိုးရကို ဆုံးမတယ်ဆိုပြီးသတင်းထုတ်ပါတယ်။ ဖွတ်အဘတပည့်က မဟုတ်တာထုတ်လို့ စာရေးသူအနေနဲ့ DASSK ဘာပြောခဲ့လဲဆိုတာ ပြည်သူကိုတင်ပြလိုက်ပါတယ်။ ဘာမှ မဖြတ်ထားပါ။ ဖတ်ကြည့်ရင် DASSK က သူ့အစိုးရအဖွဲ့ကို ပညာရေးကိစ္စနဲ့ ဆက်စပ်ပြီးပြောတာပါ။ ဘာမှ ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို ကွက်ပြောတာမဟုတ်ပါ။

DASSK ပြောကြားချက်

“ကျန်းမာရေးနဲ့ပညာရေးဟာ ကျန်တဲ့ဟာတွေထဲမှာဆိုလို့ရှိရင် ပို့ဆက်နဲ့ လျှပ်စစ်လိုဘဲပေါ့နော်ပြည်သူလူထုရဲ့ နေ့တဒူဝဘဝနဲ့ အင်မတန်မှနီးစပ်တယ့် ကိစ္စတွေဖြစ်တယ်။ အဲ့ဒီတော့ ပြည်သူတွေကဒီဟာတွေကို ပိုပြီးတော့ အလေးထားတယ် ဒီဟာတွေပိုပြီးတော့ အာရုံစိုက်တယ်။ အဲ့တော့် ပညာရေးနဲ့ကျန်းမာရေးဘက်မှာ ပို့ဆောင်ရေးဘက်မှာ လျှပ်စစ်ဘက်မှာ ဖြစ်ပေါ်တဲ့ ကိစ္စတွေကို ပြည်သူတွေကစိတ်ဝင်စားတယ်။ စိတ်ဝင်စားတယ်ဆိုတော့ ကျွန်မက အမြဲဘဲပြောပါတယ် ပြည်သူကို ကိုယ်ဘာဘဲလုပ်လုပ် ရှင်းပြရမယ် ရှင်းပြတယ်ဆိုတာ ပွင့်လင်းမြင်သာမှုပေါ့။ တချို့က ပွင့်လင်းမြင်သာမှုဆိုတာအစိုးရကို မျက်စိဒေါက်ထောက် ကြည့်ပြီးတော့ အပြစ်ရှာဖို့ဟာ ကိစ္စလို့ အချို့က ဒီလိုမြင်တယ်။တကယ်တော့ ပွင့်လင်းမြင်သာမှုရှိခြင်းဆိုတာဟာ အစိုးရအတွက် အများကြီးအထောက်အကူဖြစ်တယ်။ ကိုယ်မဟုတ်တာမလုပ်ထားလို့ရှိရင် ကြောက်စရာမလိုဘူး။ ရန်ကုန်တိုင်းရော ကျွန်မတို့ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေရော ကျွန်မတို့ အဲ့ဒါကိုတော့ သတိပြုစေချင်တယ်။ ပြည်သူကနားလည်မှာမဟုတ်ဘူးပုံစံနဲ့ အဲ့ဒီလို မရှင်းပြတာမျိုး မလုပ်ပါနဲ့။ ကျွန်မဒီလို ဘာလို့ပြောရသလဲဆိုတော့ မကြာခင်ကဖြစ်တဲ့ ပညာရေးနဲ့ နွေရာသီရက်ရှည်ကျောင်းပိတ်ရက်နဲ့ပတ်သက်လို့ ပညာရေးဝန်ကြီးဌာန။ ပြည်သူကို ရှင်းပြတဲ့အခါ ပြည့်ပြည့်စုံစုံ တိတိကျကျရှင်းပြပါ။ ပြည့်ပြည့်စုံစုံတိတိကျကျ ရှင်းပြရင် ပြဿနာမရှိဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့က ဘာမှနိုင်ငံကိုထိခိုက်တဲ့အလုပ်လုပ်နေတာ မဟုတ်ဘူး။ ပြည့်ပြည့်စုံစုံတိတိကျကျ ရှင်းပြရင် နိုင်ငံကို ထိခိုက်စရာအကြောင်း မဟုတ်ဘူးဆိုတာ ပြည်သူအများစုက နားလည်လိမ့်မယ်။ ဘာဘဲလုပ်လုပ် ဝေဖန်သူတွေကတော့ ရှိမှာဘဲ။ အဲ့ဒါကတော့ ရှောင်လို့မရဘူး။ ဒါကတော့ အစိုးရလုပ်ရင် ဒါကိုတော့ ရင်ဆိုင်နိုင်ရမှာဘဲ။ ပညာရေးဝန်ကြီးဌာနက ရှင်းပြတာ မလုံလောက်ဘူး။ မိဘတွေ အလုပ်လုပ်နိုင်ဖို့အတွက်။ မိဘတွေ အလုပ်လုပ်နိုင်ဖို့အတွက်မဟုတ်ဘူး။ ကျွန်မတို့ ဒီကိစ္စကျွန်မ မှန်မှန်ပြောလို့ရှိရင် အရင်နှစ်ကမှ ကျွန်မသိတယ် ဒီလောက်ကျောင်းပိတ်ရက်တွေရှည်နေတာ။ ပြန်တွက်လိုက်ရင် ကျွန်မတို့ကလေးတွေက တစ်နှစ်မှာခြောက်လတောင်မှ စာမသင်ဘူး။ ဘယ်တစ်နှစ်မှာ ခြောက်လတောင်စာမသင်ဘဲနဲ့ သင်ရိုးညွှန်းတမ်းကိုပြီးအောင်လို့ သင်နိုင်မလဲ။ ကလေးတွေ သင်ရိုးညွှန်းတမ်း မပြီးဘူး မပြီးဘူးဆိုပြီး ပြဿနာတွေအများကြီးလုပ်တယ်။ ဥပမာဆိုရင် ကျွန်မတို့ကနေ ကလေးတွေ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်ဆိုပြီးအားကစားတို့ အနုပညာတို့ ထည့်ထားရင် အဲ့ဒီအချိန်တွေကိုယူပြီးတော့ သင်ရိုးညွှန်းတမ်းကို ပြီးအောင်လို့သင်တဲ့ ကျောင်းတွေလဲရှိတယ်။ အဲ့ဒီတော့ ကျွန်မပြန်ကြည့်လိုက်တဲ့အခါကြတော့ ၆ လလောက်ကကျောင်းမတက်ဘူး။ ဘယ်နိုင်ငံမှာမ ၆ လ ကျောင်းမတက်တဲ့ ပညာရေးစနစ်ဆိုတာမရှိဘူးလို့ ကျွန်မထင်တာဘဲ။ Winston သိလား။ ကျွန်မတော့ ထင်တာဘဲ။ “

သူမပြောသွားတက ဒါပါဘဲ။ သူမက ကွီးကိုဆုံးမချင်ရင် အစိုးရနဲ့ဆိုင်ရင် အနားခေါ်ဆုံးမလို့ရပါတယ်။ ပါတီနဲ့ဆိုင်ရင် သူ့ပါတီ ဒုဥက္ကဌတွေကနေ ဆုံးမလို့ရပါတယ်။ အဘတပည့်အချို့ရှေ့မှာ ဆုံးမစရာမလိုပါ။ သူပြောတာဖတ်ရင် ဘာကိုဦးတည်လဲဆိုတာ သိနိုင်ပါတယ်။

News : Irrawaddy

1,845 views0 comments

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

Comentarios


bottom of page