နိုဝင်ဘာ ၂၂ မှာ ထူးခြားတာက NUG ငွေတိုက်စာချုပ်ကို ပြည်သူတွေက ဝယ်ယူမှုများလို့ စာမျက်နှာဝင်မရတာပါ။ ပြည်သူချစ်တဲ့အစိုးရကရောင်းလို့ အားပေးကြတာပါ။ ဒါပေမယ့် မအလငွေတိုက်စာချုပ်ရောင်းရာမှာ သူ့တပ်ထဲက ခွေးတွေတောင် ပြန်မဝယ်ပါ။
ဒုတိယက မအလကို တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးကို မဖိတ်ခဲ့တာပါ။ တရုတ်ကိုယ်စားလှယ်က DASSK နဲ့တွေ့ဖို့ ထပ်မံတောင်းဆိုတာကို မအလက ခွင့်မပြုဘူးလို့ သိရပါတယ်။တရုတ်က သူ့ကို DASSK နဲ့ ပေးတွေ့ရင် ပေးတက်နိုင်ပေမယ့် မအလက ပေးမတွေ့လို့ မအလကိုလဲ ပေးမတက်ခဲ့ပါ။ မဲလုံးဟာ ဘီဘီစီကအစ မေးသူတိုင်းကို မိတ်ဆွေ တရုတ်၊ ရုရှားနဲ့သာ ဆက်သွားမယ် ဘာညာ ပြောလေ့ရှိပေမယ့် ယခုတရုတ်က သူ့ကို ထိပ်သီးဆွေးနွေးပွဲမဖိတ်တာက မအလ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပါ။ မပလ သံတမန်ရေး ကျရှုံးမှုပါ။
ဒါဟာ ပြည်သူတွေရဲ့ သံတမန်ရေး အောင်ပွဲပါ။ NUG ရဲ့ အောင်ပွဲပါ။ ဒါတွေက ၁၉၈၈ နဲ့ မတူဘူးဆိုတာကို ပြနေပါတယ်။ ပြည်သူသာ အဓိကပါ။ အရေးတော်ပုံ အောင်နေပြီ။
ဦးမြတ်!!! ပညာ မရှိ၊ သူ၏ ဝန် ထမ်း။
ပညာ ပြည့်ဝ၊ နှလုံး လှသော်၊ အောင်သော အမှု ၊ ဆောင်ယူ ပြု၏။
အဆိုနှစ်ရပ် ဆန့်ကျင်ဖက် အကျိုးကို ပြဆိုနေပါသည်။
အတတ် နှင့် ပညာ မရှိသောသူသည် သူတပါး ပြုသမျှ ခေါင်းငုံ့ခံ၍ နု ရပါသည်။
လွတ်လပ်မှု မရှိ။ ကိုယ်တိုင် ရပ်တည်၍ မရနိုင်ပါ။
မကြာခဏ တင်ပြခဲ့ဖူးပါသည်။
ထီးတည်းနေ အဖွဲ့အစည်း (Isolated System )အဖြစ်ခံယူလိုပါက ဖွဲ့စည်းထားသော ဒြဗ်အမှုန်တို့ သိပ်သည်းဆမြင့်မားပြီး ကျစ်လစ်နေေသာ ခက်မာဝတ္ထု((Rigid body)ဖြစ်ရန်လိုအပ်ပါသည်။သို့မှသာလွတ်လပ်စွာ ရပ်တည်နိုင်ပါမည်။ ခက်မာဝတ္ထုသည် ဘယ်အဖွဲ့စည်းလဲ?မြင်သာပါသည်။
အတတ် ပညာ နှင့်အတူ စုစည်းကျစ်လစ်မှုသည် အောင်ပွဲကို ဆောင်ယူစေခဲ့ပါပြီဟု မြင်မိပါသည်။
ဆရာကြီး မင်းသုဝဏ် အရေးသားက
အလေးထားစရာမို့ တင်ပြအပ်ပါသည်။
အားရလေရဲ့
လူထုကို ရှေ့တင်
ဆင်ခြင်တဲ့အဖွဲ့
များတကာ နေရာကျ
အားရလေရဲ့
မင်းသုဝဏ်
(မတ်လ ၁၉၉၆)