top of page
Search
Writer's pictureMyat Tun Oo

ပြည်သူတွေအတွက်ကောင်းသောဆုံးဖြတ်ချက်


မနက်ထဲက အလုပ်မသွားခင်ကထဲက ICJ က ဘာများဆုံးဖြတ်မလဲ စိုးရိမ်မိပါတယ်။ အတင်းကြီး ဂမ်ဘီယာကတောင်းဆိုသလို ကုလအဖွဲ့ကို ပေးဝင်စစ်ပါ ဘာညာဆိုရင် ကမ္ဘာကြီးက ကျပ်လာနိုင်လို့ပါ။

ထို့အတူပါဘဲ အားလုံးကောင်းပါသည်လို့ ထလုပ်လိုက်ရင်လဲ အဘတို့က ကန်းတက်မှာ စိုးရပါသေးတယ်။ မြန်မာပြည်မှာက V အမှုမှသည် ဦးကိုနီအမှု၊ ကိုနေမျိုးဇင်အမှုအထိ တရားမျှတမှု မရှိတာကလဲထင်ရှားနေလို့ပါ။

ယခုတော့ ICJ က အမိန့်ချလိုက်တဲ့ ၄ ချက်က DASSK စကားကို နားထောင်လိုက်တာလို့ ပြောလို့ရပါတယ်။ ဒါဟာ DASSK ကိုယ်တိုင် ICJ မှာ တက်ပြောခဲ့လို့ ကြားနေဆုံးဖြတ်လိုက်တာပါ။

ယခုဆုံးဖြတ်ချက်

နံပတ် (၁) က ကျူးလွန်မှူတွေမဖြစ်အောင် တားဆီးတဲ့ အစီအမံလုပ်ဖို့ပါ။ ဒါက ဘယ်သူ့ကိုမှ လူမျိုးတုန်းသတ်ဖြတ်မှု မြန်မာပြည်မှာမရှိဖို့လိုအပ်လို့ ဘင်္ဂါလီမဟုတ်လဲ တိုင်းရင်းသားအချင်းချင်း မဖြစ်အောင် နဂိုကထဲက ထိန်းသင့်တာပါ။ လူမျိုးရေး ဘာသာရေးနဲ့ သွေးခွဲရေးသားတဲ့ ပါတီတွေ အဖွဲ့တွေကို အရေးယူသင့်တာ ကြာခဲ့ပါပြီ။

(၂) က စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေကို ထိန်းချုပ်ဖို့ပါ။ ဆိုလိုရင်းက အရပ်သားအောက်မှာ တပ်ကိုထိန်းချုပ်ဖို့ပါ။ မြန်မာက ဒါကိုလုပ်ဖို့ ခြေဥပြင်နေပါတယ် ပြင်တာကို ကန့်ကွက်ခဲ့ရင် ICJ နဲ့ မအလဟာထိပ်တိုက်တွေ့ပါမယ်။ ဒါကြောင့် ဒါဟာ ခြေဥမပြင်သူကို ICJ မှတဆင့် ICC ပို့နိုင်မယ့်နည်းလမ်းပါ။

(၃) က ပြစ်မှူကျုးလွန်ခဲ့ရင် သက်သေကိုမဖျက်ပါနဲ့လို့ပြောထားတာပါ။ ဒါကလဲ အစိုးရက ပြစ်မှူ မကျူးလွန်ထားလို့ လွယ်ပါတယ်။

(၄) က ၄ လနေရင် အစီရင်ခံပြီး ပြီးရင် ၆ လတစ်ခါ အစီရင်ခံဖို့ပါ။ ဒါက ပိုတောင်ကောင်းပါတယ်။ခြေဥပြင်တာကို ကန့်လန့်တိုက်ရင် လုံခြုံရေးတပ်ဖွဲ့တွေကို ထိန်းချုပ်ဖို့လုပ်ရာမှာ တပ်ရဲ့ခေါင်းဆောင်က ကန့်လန့်တိုက်တယ်လို့ ကမ္ဘာကြီးက မြင်သွားပါမယ်။

ပြည်သူတွေအတွက်ကတော့ အနာမရှိတဲ့ ဆုံးဖြတ်ချက်ပါ။

ဒီလိုတိုင်းပြည်မနာအောင် ဘယ်သူက လျှောက်လဲချက်ပေးခဲ့လဲဆိုတော့ DASSK ပါ။ ပြည်သူတွေကိုယ်စား ကျေးဇူးတင်ပါတယ်။

Source : VOA Burmese

2,536 views0 comments

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

Comments


bottom of page