top of page
Search

ပြည်သူမှသည် ပြည်သူသို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 27, 2021
  • 1 min read

မနေ့က သတင်းစာရှင်းလင်းပွဲမှာ လက်နက်ကိုင်အဖွဲ့တစ်ခုဟာ တရားဝင်အစိုးရကို သူပုန်ထ/အာဏာသိမ်းနိုင်တယ်ဆိုပြီးပြောသွားတာ အားလုံးကြားလိုက်မှာပါ။ ပြည်သူများဟာ NLD အလံကို မိမိအိမ်မှာထောင်ပြီး ငါတို့ဟာ ဘယ်သူ့ကိုထောက်ခံတယ်ဆိုတာကို ငြိမ်းချမ်းစွာပြကြပါ။ သူပုန်ထခဲ့ရင်တော့ အဆိုပါ သူပုန်တပ်ကို နှိမ်နင်းဖို့ လိုအပ်ရင် ပြည်သူက လမ်းပေါ်ထွက်ရမှာပါ။ အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးကိုလဲ ပြင်ဆင်ထားပါ။

ဒီနေရာမှာ စာဖတ်သူပြည်သူအချို့ကို အကူအညီတောင်းလိုပါတယ်။ ရန်ကုန်တိုင်းမှာ နေသူ စာဖတ်သူများ၊ ပဲခူး၊ မန္တလေးနဲ့ နေပြည်တော်ကစာဖတ်သူများလဲ ကူညီနိုင်ပါတယ်။

စာဖတ်သူများအနေနဲ့ မိမိတို့အိမ်နား၊ ရပ်ကွက်၊ မြို့မှာရှိတဲ့ စစ်စခန်းများ၊ သူပုန်တပ်ရဲ့ ကုမ္ပဏီစက်ရုံရှိရာနေရာများ၊ သူပုန်တပ်ရဲ့ ဆေးရုံရှိရာနေရာများကို စာရေးသူရဲ့ ယခု စာမျက်နှာမှာဖြစ်စေwww.myattunoo.com မှာဖြစ်စေ ထားခဲ့ပေးပါ။ စာရေးသူဟာ အဆိုပါတည်နေရာများကို စစ်ဆေးပြီးသာဝက သူပုန်ထခဲ့ရင် သက်ဆိုင်ရာ အစိုးရသစ္စာခံတပ်များ၊ အစိုးရကို အထောက်အကူပြုမယ့် ပြည်ပတပ်များကို ပို့ပေးပါ့မယ်။ သာဝရဲ့ သားသမီး ပိုင်ဆိုင်ရာနေရာများ အိမ်များစာရင်းကိုလဲ ပို့ခဲ့ ထားခဲ့လို့ရပါတယ်။ ပြည်သူများက ကူညီကြပါ။

ဘာမှ မလုပ်ရဲဘူးလို့တော့် ထင်ပါတယ်။ ဒါပေမယ့် ရန်သူကို လျှော့်မတွက်ထားပါ။ သာဝရဲ့ ရုရှားမှာလဲပြည်သူတွေက ဆန္ဒပြလို့ လူသုံးထောင်ကျော်ကို ဖမ်းလိုက်ရပါတယ်။ ဒီမိုတွေအတွက် ကယ်နိုင်တဲ့ အမေရိကန်လေယဉ်တင်သင်္ဘောကတော့ တောင်တရုတ်ပင်လယ်မှာပါ။ ရန်ကုန်ကို တစ်ပတ်လောက်နေရင် ရောက်ပါတယ်။ ၁၉၈၈ မှာ တပ်မတော်သားတွေဟာ လက်နက်မပါဘဲ ဒီမိုတွေနဲ့ လာပေါင်းတဲ့ခေတ်က ကုန်သွားပါပြီ။ အဲ့ဒီအချိန်က အစိုးရဟာ မဆလပါ။ ဒီတခါမှာက တပ်မတော်သားစစ်စစ်တွေဟာ လက်နက်ခဲယမ်းတွေကိုယူပြီး NLD ပြည်သူ့အစိုးရဘက်ကနေ ရပ်တည်ပြီး သူပုန်တပ်ကို အသေသတ်မှာပါလို့ ကြိုပြောထားပါရစေ။

(Note to Facebook: This is the article about Senior General Min Aung Hlaing who is banned by Facebook and accused by ICJ for ethnic cleansing. He threatened to stage coup against democratically elected government led by Aung San Suu Kyi. This article asked people to provide the list of address where his thuggish military bases are.This will pass to UN and US, so that they can use for targeted bombing if needed to stop another ethnic cleansing in Burma by Senior General Min Aung Hlaing against his own population. Pls don’t remove based on the information from Myanmar Facebook team as this team is also controlled by ex military personnel as well.

News Credit: BBC, NBC, CNN

Cartoon credit: original uploader

 
 
 

Recent Posts

See All
ဝဋ်

ဗျူဟာမှူးကျ မကျ အစပိုင်းမှာ ဘယ်သူမှ မသိပါဘူး။ ပါသွားတာ သေချာပြီး နှစ်စီးမှာ တစ်စီးက အဆက်အသွယ်ပြတ် တစ်စီးက မြေပြင်ပေါ်ဆင်းရပေမယ့်...

 
 
 
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page