top of page
Search
Writer's pictureMyat Tun Oo

ပြဿနာကြီးစေသော ခြေဥ


ပြဿနာကြီးစေသော ခြေဥ

ကမ္ဘာပေါ်မှာ လူအချင်းချင်းသတ်တာတွေက နေ့တိုင်းလိုဖြစ်နေသလို လူအုပ်အချင်းချင်း ဘာသာမတူသူများ ပဋိပက္ခဟာလဲ နေ့တိုင်း လတိုင်းဖြစ်လေ့ရှိပါတယ်။ အဲ့ဒီနေရာတွေမှာ သေတာက မြန်မာပြည်ထက်အဆပေါင်းများစွာရှိပါတယ်။

ဥပမာအနေနဲ့ ပြီးခဲ့တဲ့အပတ်က ဆော်ဒီစစ်တပ်ကနေ အမေရိကန်ကို လေယဉ်မောင်းသင်ဖို့ လွှတ်လိုက်တဲ့ ဆော်ဒီသင်တန်းသားစစ်ဗိုလ်က အမေရိကန်တွေကို ပစ်သတ်ပါတယ်။ ဒါကို သူ့ဘုရင်က ဝမ်းနည်းကြောင်း ဖုန်းဆက်ပြောပါတယ်။ နောက်ဆော်ဒီက သူ့နိုင်ငံသား သတင်းစာဆရာကို လူမဆန်စွာ ဓားနဲ့ခုတ်ပြီး သံရုံးထဲမှာသတ်ပြီး အက်ဆစ်နဲ့ ဖြန်းပါတယ်။ မြန်မာကို ဘင်္ဂါလီတွေက စွပ်စွဲသလိုပါ။နိုင်ငံတကာကအော်တော့ သူက အရေးထယူပြပါတယ်။ ဆော်ဒီက သက်ဦးဆံပိုင် ဘုရင်စနစ်မိုလို့ တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့က သူ့အောက်မှာမိုလို့ ဖြုတ်တာ ထောင်ချတာ လုပ်ပြလိုက်ပါတယ်။ ပြဿနာက မကြီးသွားပါ။

ပါက္ကစတန်မှာဆို ဘာသာမတူသူ ဘာသာတူပြီး ဂိုဏ်းကွဲသူတွေရဲ့ ဝတ်ပြုဆုတောင်းရာနေရာတွေကိုနေ့စဉ်တိုက်ခိုက်ခံရပါတယ်။ မီးရှို့ကြတာပါ။ ထရစ်ဉန်တွေအများဆုံးခံရပါတယ်။ မြန်မာပြည်ထက်ဆိုးပါတယ်။

အိန္ဒိယမှာလဲ နိုင်ငံသားဥပဒေကိစ္စနဲ့ နေ့တိုင်းနည်းပါး ပြဿနာတက်နေပါတယ်။ လူတွေသေပါတယ်။သူ့ကိုလဲ ဘာမှမပြောရဲကြပါ။

သီရိလင်္ကာနိုင်ငံမှာလဲ ထို့အတူပါဘဲ။

ဘာကြောင့်လဲ။ သူတို့နိုင်ငံတွေမှာက စစ်တပ်ဟာ အစိုးရအောက်မှာရှိပြီး သူတို့ဟာ အစိုးရပေါ်လစီအတိုင်း လိုက်လုပ်နေလို့ပါ။ အရှင်းဆုံးပြောရရင် ၂၀၀၈ လိုခြေဥမရှိသလို သမ္မတရူး ရူးနေတဲ့ တပ်ချုပ်မရှိလို့ပါ။

နိုင်ငံတိုင်းမှာ လူမျိုးရေး ဘာသာရေးပြဿနာဟာရှိနိုင်ပါတယ်။ အရေးကြီးတာက ၂၀၀၈ လိုခြေဥမရှိရင် ICJ မသွားဘဲ ပြဿနာရှင်းလို့ရပါတယ်။

News Credit : CNN

393 views0 comments

Comments


bottom of page