top of page
Search
Writer's pictureMyat Tun Oo

ပစ်မှတ်စာရင်းအတုလုပ်ခြင်း အနုပညာ


မြန်မာပြည်မှာ လူတိုင်းက စစ်တပ်နဲ့ မအလကို မုန်းပါတယ်။ သူက လူသတ်သမား စစ်ရာဇဝတ်ကောင်အာဏာရူးအဖြစ် နာမည်ကြီးပါတယ်။ မြန်မာပြည်ထဲမှာ နင်ဘယ်သူ့ကို သတ်ချင်လဲလို့ သွားမေးရင်လူတိုင်းဖြေမှာက မအလနဲ့ သူ့မိသားစုပါ။ ပါမောက္ခကြီးကနေ သန့်ရှင်းရေးသမားအထိ ဘယိသူ့မေးမေး အဖြေက မအလနဲ့ သူ့မိသားစုပါ။ ဒီစာရင်းကို ထပ်ဖြည့်ချင်ရင် သူတို့ဖြေမှာက မအလအောက်ကစိုးဝင်း၊ မအလရဲ့ ညာလက်ရုံးမိုးမြင့်ထွန်းနဲ့ ဘယ်လက်ရုံး ရဲဝင်းဦးတို့ပါ။ ဒါပေမယ့် စာရင်းတုကထူးဆန်းပါတယ်။ ဒီစာရင်းက တပ်နဲ့ သူ့ထောက်ခံသူတွေအကြား မိုင်တဲကောင်သေအပြီး စရှယ်ရာကနေ သံတမန်အချို့ထံ ရောက်လာပါတယ်။ ဒီစာရင်းကို NUG က လုပ်တယ်ပေါ့။ မိုင်တဲကောင်နာမည်က စာရင်းထဲပါနေပြီး ထိုအကောင်သေသွားလို့ စာရင်းကမှန်တယ်ဆိုပြီး ဂျင်းထည့်တာပါ။ ဒီဂျင်းသတင်းကိုယုံတဲ့ ဂျင်းစားသံတမန်အချို့လဲရှိပြီး NUG ကို မေးလာသူတွေတောင် ရှိလာပါတယ်။

ပထမဆုံးက ဒီစာရင်း အစစ်လား အတုလားဆိုတာပါ။ မြန်မာ့တော်လှန်ရေးကို အင်္ဂလိပ်နဲ့ အမေရိကန်က လက်နက်မထောက်ပံ့လို့ NUG က ဒေသခံ PDF အဖွဲ့တွေကို လက်နက်ရိက္ခာ အလုံအလောက် မပေးနိုင်ပါ။ ဒါ့ကြောင့် NUG ရဲ့ ဩဇာဟာ အကန့်အသတ်ရှိပါတယ်။ တချိန်ထဲမှာဘဲ အဆိုပါဒေသခံတပ်ဖွဲ့တွေက သူတို့ရွာတွေ လူမျိုးတွေကို ကုလ၊ အမေရိကန်နဲ့ အင်္ဂလိပ်က အကာအကွယ်မပေးနိုင်ချိန်မှာ သူတို့ဖာသာ ကာကွယ်နေတာပါ။ သူတို့ဟာ စစ်စည်းကမ်းတွေကို လိုက်နာနေပါတယ်။ NUG ကို ဩဇာရှိစေချင်ရင် အနောက်အုပ်စုက လက်နက်ထောက်ပံ့ဖို့လိုပါတယ်။ ယခုအချိန်မှာတော့ ကိုယ့်အားကိုယ်ကိုးပြီး တူမီးနဲ့ ပြန်တိုက်နေကြတာပါ။

နောက်အဆင့်အနေနဲ့ လူသတ်စာရင်းကို လေ့လာကြည့်ရအောင်။ ဒီစာရင်းကို ကြိုက်တဲ့မြန်မာလူမျိုးကိုလိုက်ပြရင် စာရင်းအတုကြီးမှန်းသိပါတယ်။ ကျွမ်းကျင်သူပညာရှင်မလိုပါ။ မအလမိသားစုနဲ့ သူ့အောက်ကစစ်သားမိသားစုတွေ စာရင်းမှာမပါကထဲက စမှားနေပါပြီ။ နောက်စာရင်းမှာ သူရရွှေမန်းပါပြီး သိန်းစိန်မပါတာကလဲ ထူးဆန်းပါတယ်။ တကယ်မအလကို ထောက်ခံနေတာက တပ်ထဲက သိန်းစိန်လူနဲ့ ခင်ညွန့် နေဝင်းလူတွေပါ။ ဒီအထိက ထားလိုက်ပါ။ ဒါပေမယ့် စာရင်းထဲမှာ ကိုကိုကြီးလိုလူတွေခွက်ခွက်လံ မဲရှုံးတဲ့ နေယံဦးတို့ကို ထည့်ထားတာက မအလရဲ့ စရဖက သူတို့ကိုရှင်းပြီး NUG ကိုအပြစ်ပုံချပြီး ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်ဖို့ အကြံပါ။ မြန်မာလူမျိုးတွေက ကျည်ဆန်ရှားချိန်မှာကိုကိုကြီးတို့ နေယံဦးတို့ကိုသတ်ပြီး ကျည်ဆန်မဖြုန်းလိုပါ။

ဒီစာရင်းကို မအလရဲ့ စရဖက ပြုစုတာပါ။ အင်္ဂလိပ်ထောက်လှမ်းရေး MI6 နဲ့ CIA က ကိုယ့်ဖာသာစုံစမ်းလဲ ရနိုင်ပါတယ်။

ဒါဆိုစာရင်းထဲပါတဲ့လူတွေက လုံခြုံပြီလား? စာရေးသူ ယခင်ကရေးခဲ့သလိုဘဲ NUG က ဘယ်အစိုးရထံကမှ လက်နက်မရလို့ ဒေသခံအဖွဲ့တွေကို အပြည့်အဝ မထောက်ပံ့နိုင်ပါ။ ဒါ့ကြောင့် အမိန့်ပေးလို့လဲမရပါ။ ဒါက အနောက်နိုင်ငံတွေ မထောက်ပံ့လို့ ဖြစ်တာပါ။ ဥပမာ စာရေးသူက ကွီးဖြိုး မအလလက်ထဲမှာသေရင် မအလကိုသတ်မယ် ဒါမှမဟုတ် သူ့မိသားစုကို တစ်ချိန်ချိန်မှာ သတ်မယ်လို့ တရားဝင်ပြောထားပါတယ်။ ဒါက NUG နဲ့မဆိုင်ပါ။ NUG က စာရေးသူကို မထောက်ပံ့နေပါ။ NUG လဲ ကွီးရဲ့လုံခြုံရေးကို အာမ မခံနိုင်ပါ။ ထို့အတူ အမေရိကန်၊ကုလနဲ့ အင်္ဂလိပ်ကလဲ ကွီးအသက်ကို အာမမခံနိုင်ပါ။ စာရေးသူလိုပါဘဲ သာမန်ပြည်သူတွေကလဲ သူတို့မိသားစုတွေ သေသွားတဲ့အတွက် သူတို့အိမ်တွေမီးလောင်သွားတဲ့အတွက် မအလကို လက်စားချေလိုမှာပါ။ စာရင်းအတုကို စိတ်ပူနေတဲ့ သံတမန်များလူတွေသေချိန်မှာ ဘယ်သွားသေနေခဲ့ပါသလဲ?

စာရေးသူ ယခင်ကပြောခဲ့သလိုပါဘဲ DASSK က စစ်မဖြစ်လိုလို့ မအလတပ်ကို သီးခံခဲ့ပြီးပါပြီ။အင်္ဂလိပ်ဝန်ကြီးချုပ် ချိန်ဘာလင်က နာဇီကို အလျှော့ပေးဆွေးနွေးခဲ့ပေမယ့် ဟစ်တလာက အတင့်ရဲလာခဲ့ပါတယ်။ အလုပ်မဖြစ်ခဲ့ပါ။ ချာချီက နာဇီကိုတိုက်မှာ နာဇီနဲ့ ဖက်ဆစ်စနစ်ဟာ ပျောက်သွားခဲ့တာပါ။ တစ်ခါတစ်လေမှာ ဖိနှိပ်မှုတွေကို အဆုံးသတ်ဖို့ စစ်ဆိုတာလိုအပ်ကြောင်း ကျွန်စနစ်ပပျောက်အောင်လုပ်ခဲ့တဲ့ အမေရိကန် ပြည်တွင်းစစ်နဲ့ ဖက်ဆစ်နာဇီစနစ် ပပျောက်အောက်လုပ်ခဲ့တဲ့ ဒုတိယကမ္ဘာစစ်က သက်သေပြနေခဲ့ပါတယ်။ သံတမန်တွေအနေနဲ့ မြန်မာပြည်သူတွေရဲ့အသက်ကို စာရင်းတုထက် ပိုစိုးရိမ်ပါလို့ ပြောပါရစေ။ မကူညီရင်နေပါ မနှောက်ယှက်ပါနဲ့။ တာလီဘန်သာ ဘီဘီစီ၊ VOA နဲ့သံတမန်တွေက မကောင်းပြောမှာ ဝေဖန်မှာကို စိုးရိမ်နေရင် အာဏာရလာမှာမဟုတ်ပါ။ မြန်မာပြည်သူတွေက မိမိအလုပ်မိမိ ဆက်လုပ်သွားမှာပါ။ ပြည်သူသာ အဓိကပါ။

—————————————————————

The art of creating a fake hit list

In Burma, most people hate the military and its leader Min Aung Hlaing. He is notorious for committing war crimes and crimes against humanity. If you ask anyone to create a hit list, at the top of the list will be Min Aung Hlaing and his family members. The answer will be the same whether it is from the well-educated rector or the cleaner because they all hate the coup leader Min Aung Hlaing. If you want to expand the list, this will include his subordinate Soe Win, his right-hand man Moe Myint Tun and left-hand man spy chief Ye Win Oo. However, there was a hit list circulating initially in the military circle and then in some diplomatic community closely associated with the military. The list is baffling and strange to the ordinary Burmese people. The story goes that a hit list was created by the NUG and one person on the list has been shot dead. Therefore, the assumption is made that the hit list is genuine, and some diplomats asked for an explanation from the Nation Unity Government whether the hit list exists.

First, I would like to address whether the list is genuine or not. As you all know, Burma's revolution was abandoned by UK and US. There is no military support to NUG and therefore the NUG can't provide any weapons to those local forces. As a result, the NUG has no control over any ethnic armed organisations and some local forces. Most local forces are self-funded and fighting to protect their local population where the UN failed to provide any protection for the civilians. However, they largely follow and observe the Geneva convention on War. If UN, UK and US want NUG to control all local forces, they need to provide weapons and funding to NUG. Now, these local forces are fighting to protect the civilians with a shotgun.

Then we should look at the hit list. The hit list looked like a fake list and any ordinary Burmese know it instantly when they see it. You don’t need an intelligent expert to figure this out. The first is the omission of Min Aung Hlaing and his wife, his family members from the list. Secondly, other notorious senior military leaders and their family members are not on the list as well. Then the hit list included Thura Shwe Man but Thein Sein is missing. People might want to kill Thein Sein more than Thura Shwe Man because the USDP party members associated with Thein Sein are serving under Min Aung Hlaing. Another thing missing in the hit list is some key players in the military. Up to that point, you can argue either way. But this list becomes a laughing-stock because it included former student leader Ko Ko Gyi and Nay Yan Oo who lost the election landslide and no one was interested in their existence. In Burma, bullets are very expensive, and no one wants to kill these people like Ko Ko Gyi and Nay Yan Oo. The reason the military intelligent put their names on the list is that the military want to target these people and prove their list is genuine. The military don’t want to prove that list is genuine by killing Thein Sein or Min Aung Hlaing’s daughter. By doing so, the junta can kill its opponents and blame on NUG and they think they can get away easily. This will be hitting two birds with one stone.

The question is who created the list. This is obvious that this list was created by the military intelligent unit. It is mainly to undermine the credibility of NUG and to clear some old enemy by using the list for themselves. If you don't believe it, you can ask MI6 and CIA to investigate it for themselves.

So these people on the list are safe? As I said before, NUG can't provide weapons and enough funds to these local defence forces and therefore, NUG has little control over them. This is the direct result of western policy not to provide any weapons to NUG. When local forces are self funded, they will pursue their own agenda. For example, I declared that I will assassinate Min Aung Hlaing and all his family members even after his death if former Yangon Chief Minister Phyo Min Thein is dead under his custody. That is nothing to do with NUG and NUG can't stop me. I am not funded by NUG although I am not against NUG. At the same time, NUG won't be able to guarantee Phyo Min Thein's safety. I don't think that the US and UK can't guarantee it either. So, I have no choice but to find justice for myself. I am quite sure that there are hundreds of people who are looking for justice in Burma because their loved ones are shot dead by the military and their houses are burnt down by the military. They will ask the questions where these diplomats are when the military is killing my loved ones and they are just now worrying for the fake hit list. Some may seek revenge for their loved ones. These diplomats who are asking for a fake hit list should be ashamed for their silence when Burmese people are dying. As I said before, no one wants war and that is why Daw Aung San Suu Kyi tried her best to accommodate the military. Chamberlain didn't want war and he tried to appease Nazi Germany but didn't work. At the same time, Churchill decided to fight, and it did work. Sometime the war is necessary to end the oppression and to get the freedom like in US civil war and Second World War. We, people of Burma don't like war. However, we are prepared to fight this war to defend ourselves and to get our freedom from the military. I wish that all diplomats should worry about the lives of Burmese people rather than the fake hit list and wasting your time. If you want to influence those local forces, make sure you provide weapons to NUG and make NUG stronger. If you don’t want to help us, leave us alone. I don’t think that Taliban won’t be in power if they keep listening to BBC, VOA and those diplomats.

1,389 views0 comments

Comments


bottom of page