top of page
Search
Writer's pictureMyat Tun Oo

ျပည္သူကိုအုပ္ခ်ဳပ္ရာမွာ

ျပည္သူကိုအုပ္ခ်ဳပ္ရာမွာ

ဒီမိုအစိုးရနဲ႔စာေရးသူတို႔တပ္ေနာက္ခံနဲ႔စဥ္းစားပံုမတူတာကိုေျပာျပခ်င္ပါတယ္။စာေရးသူတို႔ကတပ္ကျဖစ္လို႔ရန္သူမိတ္ေဆြအေနနဲ႔ကိစၥေတြကိုၾကည့္ပါတယ္။ဒါကဒီမိုစနစ္မွာျပႆနာျဖစ္ပါတယ္။ဒါေၾကာင့္လမ္းတစ္ျခမ္းခင္းတာတို႔ဘာတို႔ျဖစ္ပါတယ္။မဲဆြယ္ရင္လဲႏိုင္ရင္ဘာလုပ္ေပးမယ္ဘာညာေပါ့။ဒါေၾကာင့္မႏိုင္ရင္ဘာမွမလုပ္ေပးပါ။

ဒါဟာဒီမိုအစိုးရေတြနဲ႔ကြာသြားပါတယ္။NLD အစိုးရတက္လာပါတယ္။ကိုကိုကၽြန္းဟာNLD ကိုမဲမေပးဘဲဖြတ္ကိုမဲေပးခဲ့တာပါ။ဒါေပမယ့္သူတို႔ေတြဟာလဲျပည္သူပါဘဲ။ဒါေၾကာင့္ကြီးၿဖိဳးနဲ႔သူ႔အစိုးရကကိုကိုကၽြန္းကလူေတြသြားလာရလြယ္ကူေအာင္သေဘၤာဝယ္ဖို႔ဘတ္ဂ်က္တင္ပါတယ္။အားလံုးသိတဲ့အတိုင္းသူ႔ပါတီကအမတ္ေတြရဲ႕အေျပာအဆိုခံလိုက္ရပါတယ္။

ဒါေပမယ့္လဲသူဟာသတင္းသမားေတြကိုကိုကိုးကၽြန္းကလူေတြသြားေရးလာေရးဘယ္လိုဒုကၡေရာက္ေၾကာင္းသူေနာက္ႏွစ္ဘတ္ဂ်က္မွာထပ္ႀကိဳးစားမွာျဖစ္ေၾကာင္းအက်ိဳးအေၾကာင္းရွင္းျပခဲ့ပါတယ္။

ဒါကဘာကိုျပလဲဆိုေတာ့ဒီမိုအစိုးရရဲ႕ျပည္သူအားလံုးကိုရန္သူမိတ္ေဆြမခြဲျခားဘဲေစတနာထားအုပ္ခ်ဳပ္တတ္မႈနဲ႔လႊတ္ေတာ္ကလဲသူ႔အလုပ္သူလုပ္မႈကိုျပတာပါ။တိုင္းျပည္မွာလိုေနတာကဒီလိုဝကခနဲ႔ဒီမိုလႊတ္ေတာ္ပါ။

Video credit: စံေတာ္ခ်ိန္

Unicode version

ပြည်သူကိုအုပ်ချုပ်ရာမှာ

ဒီမိုအစိုးရနဲ့စာရေးသူတို့တပ်နောက်ခံနဲ့စဉ်းစားပုံမတူတာကိုပြောပြချင်ပါတယ်။စာရေးသူတို့ကတပ်ကဖြစ်လို့ရန်သူမိတ်ဆွေအနေနဲ့ကိစ္စတွေကိုကြည့်ပါတယ်။ဒါကဒီမိုစနစ်မှာပြဿနာဖြစ်ပါတယ်။ဒါကြောင့်လမ်းတစ်ခြမ်းခင်းတာတို့ဘာတို့ဖြစ်ပါတယ်။မဲဆွယ်ရင်လဲနိုင်ရင်ဘာလုပ်ပေးမယ်ဘာညာပေါ့။ဒါကြောင့်မနိုင်ရင်ဘာမှမလုပ်ပေးပါ။

ဒါဟာဒီမိုအစိုးရတွေနဲ့ကွာသွားပါတယ်။NLD အစိုးရတက်လာပါတယ်။ကိုကိုကျွန်းဟာNLD ကိုမဲမပေးဘဲဖွတ်ကိုမဲပေးခဲ့တာပါ။ဒါပေမယ့်သူတို့တွေဟာလဲပြည်သူပါဘဲ။ဒါကြောင့်ကွီးဖြိုးနဲ့သူ့အစိုးရကကိုကိုကျွန်းကလူတွေသွားလာရလွယ်ကူအောင်သင်္ဘောဝယ်ဖို့ဘတ်ဂျက်တင်ပါတယ်။အားလုံးသိတဲ့အတိုင်းသူ့ပါတီကအမတ်တွေရဲ့အပြောအဆိုခံလိုက်ရပါတယ်။

ဒါပေမယ့်လဲသူဟာသတင်းသမားတွေကိုကိုကိုးကျွန်းကလူတွေသွားရေးလာရေးဘယ်လိုဒုက္ခရောက်ကြောင်းသူနောက်နှစ်ဘတ်ဂျက်မှာထပ်ကြိုးစားမှာဖြစ်ကြောင်းအကျိုးအကြောင်းရှင်းပြခဲ့ပါတယ်။

ဒါကဘာကိုပြလဲဆိုတော့ဒီမိုအစိုးရရဲ့ပြည်သူအားလုံးကိုရန်သူမိတ်ဆွေမခွဲခြားဘဲစေတနာထားအုပ်ချုပ်တတ်မှုနဲ့လွှတ်တော်ကလဲသူ့အလုပ်သူလုပ်မှုကိုပြတာပါ။တိုင်းပြည်မှာလိုနေတာကဒီလိုဝကခနဲ့ဒီမိုလွှတ်တော်ပါ။

Video credit: စံတော်ချိန်



67 views0 comments

Kommentare


bottom of page