top of page
Search
Writer's pictureMyat Tun Oo










Unicode version

ပြည်သူများကမဆူသည့်အခါ

ဒေါ်အောင်ဆန်းစုကြည်တရုတ်ပြည်မသွားခင်မှာမြစ်ဆုံကိုဖွပါတယ်။မြစ်ဆုံဟာဘရွှေလုပ်ခဲ့တာပါ။ဒီအရာဟာဘရွှေထံမြှားဦးလှည့်ဖို့သာရှိတာပါ။လူအများကလဲမြစ်ဆုံမကြိုက်ပါ။ဒါနဲ့အတိတ်ကိုပြန်မပြောဘဲငွေပြန်အမ်းမယ်တွေဘာတွေနဲ့လော်ပါတယ်။ဟိုတယ်ကြီးတွေမှာပိုက်ဆံအကုန်ခံလုပ်ပါတယ်။ ဒီအချိန်မှာဘဲဝန်ကြီးဟောင်းဦးစိုးသိန်းတို့ကမိမိတို့လက်မှတ်ထိုးခဲ့တာတောင်အမှတ်မရတော့ဘဲလက်ရှိအစိုးရပြဿနာတက်ရင်ပြီးရောလုပ်ပါတော့တယ်။ဒါဟာအင်မတန်မျက်နှာပြောင်တယ့်လုပ်ရပ်ပါ။ဒါပေမယ့်ဒါကြောင့်ပြည်သူများကလမ်းပေါ်ထွက်မလာသလိုတရုတ်ကြီးကလဲအေးဆေးစွာပြီးသွားပါတယ်။

ယခုလဲဝီဝီ့ကိုလွမ်းလို့ဆုတောင်းတယ်ဆိုပြီးလုပ်ပြပါတယ်။ယခုဆုတောင်းသူဘုန်းကြီးအရေအတွက်ကရန်ကုန်ဘုန်းကြီးအရေအတွက်ရဲ့၀.၁% တောင်မရှိပါ။ဒါနဲ့လူတွေကမထွက်လာလို့ဒုတိယရွှေဝါရောင်လို့ပြောပြီးအထာပေးပါတယ်။ဒါလဲဘယ်ဘုန်းကြီးဘယ်ပြည်သူကမှထွက်မလာပါ။ဒါ့အပြင်ဖွတ်ပါတီ၂၄ခုကကြေညာချက်ထုတ်ပြီးအထာပေးလဲပြည်သူကထွက်မလာပါ။

ဒီနေရာမှာပြည်သူတွေဟာဘယ်လက်နက်ကိုင်အဖွဲ့ကမဆိုလိုင်းပေါ်မှာဘယ်လိုဘဲမဟုတ်တာပြောပြောဒီမိုအစိုးရဘက်ကရပ်တည်နေတာကိုတွေ့ရပါတယ်။

သမ္မတစကားကိုနားထောင်နေပါတယ်။ဒီနေရာမှာဒီမိုအစစ်တချို့ကိုဖမ်းဆီးထောင်ချပြီးဆူအောင်ဆွပေးတာလဲရှိနိုင်ပါတယ်။အချို့ကတော့ဒီမိုရောင်ဆောင်ဆန္ဒပြတာမျိုးပါ။

ပြည်သူတွေရဲ့နိုင်ငံရေးအမြင်ကမြင့်မားနေပုံပါ။ဒီမိုအစိုးရပြောတာကိုသာစောင့်ကြည့်ပါ။ရန်သူဟာယခင်ကခိုးလို့ရခဲ့တာတွေကိုတမ်းတပြီးနည်းမျိုးစုံနဲ့ကြိုးစားမှာပါ။

ပြည်သူကတော့ခြေဥပြင်ရေးနဲ့၂၀၂၀ကိုသာအာရုံစိုက်ပါ။မိမိလူအဖမ်းခံရလဲပါသွားပါစေ။သူ့လူလဲအဖမ်းခံရမှာပါ။မိမိလူက၂၀၂၀အပြီးမှာပြန်လွှတ်လို့ရပါတယ်။သူ့လူကတော့၂၀၂၀အပြီးနောက်ထပ်၅နှစ်အနည်းဆုံးထည့်ထားလို့ရပါတယ်။ပြည်သူများ၂၀၂၀ကျော်ကိုတောင့်ခံနိုင်ရင်ကာချုပ်အသင့်ရွေးခွင့်ရပါမယ်။အားလုံးကိုဒီမိုအစိုးရခေါင်းဆောင်မှုအောက်မှာငြိမ်းချမ်းစွာကျော်ဖြတ်ကြပါ။

1,363 views0 comments

Comments


bottom of page