top of page
Search
Writer's pictureMyat Tun Oo

ဖွတ်ကပြောသော PDF အင်အား


စာရေးသူက ငါတို့ PDF အင်အားဘယ်လောက်ရှိတယ်ဘာညာပြောရင် မကောင်းပါ။ အချို့က NUG က PDF တွေကိုအကုန်လက်နက်မပေးနိုင်လို့ ဖောင်းထုတာလဲရှိပါတယ်။

အောက်ကဗီဒီယိုထဲမှာ ယခင်ဖွတ်တိုင်းအမတ် ဒီပဲယင်းနယ် ညောင်လှရွာက သိန်းထွန်းဦးက သူ့ရွာနားမှာတင် PDF အင်အား ခုနှစ်ထောင်နီးပါးရှိကြောင်း အထက်က တပ်ကလူတွေက မယုံကြောင်း သူကဘယ်လိုတွက်ပြခဲ့ကြောင်းပြောသွားခဲ့ပြီး သူ့တစ်ရွာလုံးကလဲ PDF ဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။ဒါ့အပြင် သူ့ရွာနဲ့ အနီးအနားမှာလဲ မအလရဲ့ အရပ်ဖက်အုပ်ချုပ်ရေးက ပျက်သွားပြီဖြစ်ကြောင်းပြောသွားခဲ့ပါတယ်။ သူကဒလန်မိုလို့ မအလကို တပ်လွှတ်ဖို့တောင်းထားတာပါ။

ယခုစာရေးသူတို့မှာက ရန်သူကို နှောက်ယှက်နိုင်တဲ့အဆင့် ရန်သူ့အုပ်ချုပ်ရေးကို ဖျက်ထားနိုင်တဲ့အတင့်တော့ ရောက်နေပါပြီ။ နောက်တဆင့်ကတော့ နယ်မြေထိန်းသိမ်းဖို့ ရခိုင်မှာလို မိုင်းဆွဲပြီးရင် ဝိုင်းပစ်နိုင်ဖို့ လက်နက်တွေလိုနေပါသေးတယ်။ NUG မှာလဲ များပြားလှတဲ့ PDF တိုင်းကို လက်နက်ထောက်ပံ့ဖို့က ခက်မှာပါ။ ဒါတောင် ဒီဖွတ်က တစ်ရွာမှာ လက်နက်အကောင်းက ငါးလက်ရှိတယ်လို့ပြောသွားပါသေးတယ်။ ရွာတိုင်း PDF စတွက စစ်သင်တန်းတက်ထားတယ်ဆိုပြီးလဲ ပြောသွားပါသေးတယ်။ ဒါက သူ့စကားပါ။

အကျဉ်းချုပ်ရရင် တော်လှန်ရေးက ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်ကထက် အဆများစွာတိုးတက်လာနေပါပြီ။ စာရေးသူတို့တွေ ဆန္ဒထွက်ပြ၊ လက်နက်ကိုင်ပြန်ချဆိုပြီး ရေးရင်တောင် ပြန်ဆဲနေတဲ့အချိန်ကနေ လူတိုင်း PDF ခေတ်ရောက်လာနေပါပြီ။ လွတ်မြောက်နယ်မြေဟာ စွန့်လွှတ်သူတွေ စွန့်စားသူတွေအတွက်ပါ။ စာရေးသူကတော့ ဒီတော်လှန်ရေးဟာ ပြည်သူတွေညီညွတ်ရင် ဝိုင်းဝန်းပံ့ပိုးရင် ဧကန်မုချနိုင်မှာပါလို့ ပြောပါရစေ။

1,813 views4 comments

Recent Posts

See All

ကြေညာချက်က ရန်ဖြစ်စရာမဟုတ်

အချင်းချင်း ရန်မဖြစ်ပါနဲ့။ စာရေးသူက MNDAA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ TNLA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ AA က...

4 comentários


Myint Soe Oo
Myint Soe Oo
13 de fev. de 2022

ဦးမြတ်!!! ဖွတ် အချုပ်ခေါင် ကသန်းထေး က၊ တွေ့ဆုံပွဲမှာ

~တ‌ည်ထောင်ထားသော ပျူစစ်သည်အင်အား အလုံးအရင်းက တပ်နှင့်တွဲ၍ နေရာဒေသအနှံ့မှ PDF သူပုန်များကို လိုက်လံချေမှုန်းလျက်ရှိရာ အုံကြွနေသော သူပုန်များ(PDF) မကြာမီကာလမှာ ချုပ်ငြိမ်း ပျောက်ကွယ်တော့မည်ဖြစ်ကြောင်း ပြောကြားမှုကို သတင်းစာမျက်နှာတစ်ခုမှာ ဖတ်လိုက်ရပါသည်။

**ပြုတ် မနူး**ဟု ကင်းပွန်းတပ်လျှင်လည်း လွန်မည် မထင်ပါ။

လူအမုန်းများလွန်းလို့ ပြုတ် ပြုတ် ပြုန်းနေတာကိုတောင် ၊ ပြည်သူတို့ရဲ့ အထားကို မနပ်၊ မနူးနိုင်ပဲ စိမ်း ဆတ်ဆတ် ဖြစ်နေသေးကြောင်း သူ၏စကားအရ သိလိုက်ရပါသည်။

မြန်မာစကားမှာတော့ ပြုတ် မနူးတာဟာ အရွတ်(Cartilage= ရိုးဆက်ကြားက အရွတ်)သာ ရှိပါသည်။

အရိုး နဲ့ အရွတ် တွဲလျက်၊ မိတ်မပျက်။

အရိုးနဲ့ အရွတ်ကို သတ္တဝါသာ ကြိုက်ကြပါသည်။

မနူး မနပ်ရအောင် အသက်အရွယ်တွေ ကြည့်ပြန်တော့လည်း?????

မြန်မာစကားအရာမှာတော့ ရှိပါသည်။

ဖွတ် အမြီးနဲ့ ၊ဖွတ် ချည်။

အထာ မနပ်သမျှ မမြင်တတ်သမျှ ရမ်း ကား နေပါဦးမည်။


Curtir

KhinMg Myint
KhinMg Myint
13 de fev. de 2022

မဂ်လာပါအေးချမ်းသာယာပျော်ရွင်ချမ်းမြေ့ပါစေ

Curtir

kmnyo2
13 de fev. de 2022

ဝမ်းသာ လိုက် တာ ဆရာရေ့ ကျမ တို့ ကူနေ တာ၅ ဖွဲ့ ရှိတယ် NUG ဆီ က အကူ ဘဲ ထိုင်‌စောင့် မနေ ဘဲ လုပ် သင့် လုပ် ထိုက် တာ လုပ် နေ ကြပါတယ် ။

Curtir
Myat Tun Oo
Myat Tun Oo
14 de fev. de 2022
Respondendo a

ဒါအင်မတန်မှန်တဲ့အလုပ်ပါ။

Curtir
bottom of page