top of page
Search
Writer's pictureMyat Tun Oo

ဖယ်ဒရယ်နှင့် တိုင်းရင်းသားအရေးနီးပြီလား?


အားလုံးသိတဲ့အတိုင်း ရန်မျိုးသိမ်းဟာ NLD တက်လာကထဲက ဝေဖန်ခဲ့တာပါ။ သူက သူပြောတာမလုပ်ရင် NLD ကို ပြည်သူကဘာလုပ်မယ် ညာလုပ်မယ်နဲ့ ဝေဖန်ခဲ့ပေမယ့် NLD ဟာ ၂၀၂၀ မှာ ကောင်းကင်းပြိုအောင် နိုင်သွားခဲ့ပါတယ်။ သူ့ရဲ့ အမြင်ဟာ ပြည်သူ့အမြင်နဲ့ အင်မတန်ကွာတာ တွေ့ခဲ့ရပါတယ်။ သူက နိုင်ငံရေးဝေဖန်သုံးသပ်သူပါ။

၂၀၂၀ မှာ NLD ဟာ ပြည်မရော တောင်တန်းမှာပါ မဲအများစု နိုင်ခဲ့တာပါ။ ယခုလို နိုင်ခဲ့တာဟာတိုင်းရင်းသား လက်နက်ကိုင်က သူ့ပါတီကို မဲဆွဲပေး၊ ပြည်မမှာ မိမိရဲ့ သာဝတပ်က အတိုက်အခံကို မဲဆွယ်ပေးတဲ့ကြားထဲက နိုင်ခဲ့တာပါ။ ဒါ့ကြောင့် တိုင်းရင်းသားတွေက NLD ကို ချစ်လွန်းလို့အကြောက်တရား နှစ်ခုကြားက မဲပေးလိုက်တာပါ။

ယခုနှစ်မှာ NLD က အခြားရွေးကောက်ခံ တိုင်းရင်းသားပါတီတွေနဲ့လဲ တွေ့မယ်ဆိုပြီး သူတို့အသံကိုနားထောင်ဖို့ ဗျူဟာပြောင်းလာတာ တွေ့ရပါတယ်။ ဒါဟာ ယေဘုယျကြည့်ရင် ကောင်းပါတယ်။ ဒါပေမယ့် စာရေးသူအနေနဲ့ တိုင်းရင်းသားပါတီအချို့ရဲ့ လေသံကို နားထောင်ကြည့်ရာမှာ ပူးပေါင်းမှုဟာဝေးနေအုံးမယ်ဆိုတာ သိလိုက်ရပါတယ်။

ပထမက ကချင်မှာပါ။ ကချင်မှာ NLD က အပြတ်နိုင်ပါတယ်။ ကချင်မှာ နေထိုင်တဲ့ ကချင်တိုင်းရင်းသား သုံးပါတီက တစ်ပါတီကို တစ်နေရာနိုင်ပါတယ်။ ဒါပေမယ့် သူတို့တောင်းဆိုတာက သူတို့ကို ဝန်ကြီးချုပ် (သို့) လွှတ်တော်ဥက္ကဌပေးဖို့ပါ။ NLD က သူတို့ကို ပေးချင်တယ်ဆိုရင်တောင် သူတို့သုံးပါတီထဲက ဘယ်ပါတီကို ပေးမလဲဆိုတာ ရှိပါတယ်။ နောက်သူတို့ကို သူတို့တိုင်းရင်းသားအချင်းချင်း မကြိုက်လို့တောင် တစ်နေရာသာ ရခဲ့တာပါ။ ပါတီထောင်ပြီး တစ်နေရာရတိုင်းသာဝန်ကြီးချုပ်ဖြစ်ရင် အများစုနိုင်ထားတဲ့ NLD အမတ်တွေက ပြည်သူကို အလေးမထားရာ ရောက်သွားမှာပါ။ ဒါ့ကြောင့် NLD ကသာ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌနဲ့ သွားရမှာပါ။

ဒီနေရာမှာ ရခိုင်ကလဲ DVB debate မှာ အသံနားထောင်လိုက်ရတာ အဆင်မပြေပါဘူး။ ဒါ့ကြောင့် ရှမ်းလွှတ်တော်အတွက်သာ အစဉ်အလာရှိတဲ့ SNLD နဲ့ အဓိကထား ဆွေးနွေးသင့်ပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးရာမှာ လက်ရှိအစိုးရရာထူးထက် အနာဂတ်ခြေဥကိစ္စကို သူတို့နဲ့ အဓိကထား ဆွေးနွေးအဖြေရှာသင့်ပါတယ်။

ဒီနေရာမှာ NLD အနေနဲ့ အဘတို့ကို အတုယူစရာတွေ ရှိပါတယ်။ အဘတို့ဟာ ရခိုင်မှာ ဗမာစစ်ဗိုလ်ကိုဝန်ကြီးချုပ်ခန့်ပေမယ့် ကိုအေးမောင်က ဗမာဆိုတာကို မေ့လိုက်ဖို့ သူ့ပါတီကို ပြောပါတယ်။ ဒါအဘက တော်တာပါ။ အဘက ကိုအေးမောင်နဲ့ အခြားပါတီက ထိပ်ပိုင်းတွေကို ကန်ထရိုက်အပေးအယူ၊ ပါမစ်အပေးအယူလေးတွေနဲ့ ပါးစပ်ပိတ်အောင် လုပ်ကစားသွားတာပါ။ NLD က ဖယ်ဒရယ်စစ်စစ်ပေးရင် သူတို့မကြိုက်ပါ။ သူတို့ကြိုက်တာက ဖယ်ဒရယ်ထက်ကောင်းတဲ့ ပါမစ်နဲ့ ကန်ထရိုက်ဂွင်တွေပါ။ ဒါမျိုးလေးတွေနဲ့ ခေါ်ရင် အဘထံကို အပြေးလေးရောက်လာကြပါတယ်။

အကျဉ်းချုပ်ရရင် လက်ရှိမှာ တိုင်းရင်းသားပါတီတွေနဲ့ ဝေးနေအုံးမှာပါ။ သူတို့အများစုကလဲ အဘနဲ့ ပိုနီးစပ်ပါတယ်။ အချို့က အဘထောက်ပံ့ထားသူများပါ။ သူတို့ကို ပြည်ထောင်စုလွှတ်တော်မှာ ပစ်ခတ်မှုတွေဖြစ်ရင် စုံစမ်း​ရေးအဖွဲ့ဖွဲ့ပြီး ခေါင်းဆောင်အဖြစ်နေရာပေးတာက NLD အတွက် ပိုအလုပ်ဖြစ်မှာပါ။ ဥပမာ ရခိုင်မှာ ပစ်ခတ်မှုဖြစ်ရင် ရှမ်းနဲ့ မွန်ကိုစုံစမ်းခိုင်းတာက ပိုပြီး အဖြေမှန်ရစေသလို NLD အတွက်လဲ နိုင်ငံရေးအရ အဆင်ပြေပါတယ်။ ကျန်တာကတော့ ခြေဥပြင်ပြီးမှသာ လွယ်မှာပါလို့ ပြောပါရစေ။ နောက် မွန်လို အချိန်ကုန် လူပင်ပန်း မဖြစ်ရအောင် Zoom/Skype/Viber/ WhatApps/ Facebook messenger group meeting လုပ်ပြီး တိုင်းရင်းသားတွေနဲ့ ဆွေးနွေးရင်လဲ အဆင်ပြေနိုင်မယ်လို့အကြံပေးပါရစေ။

308 views2 comments

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

ကြေညာချက်က ရန်ဖြစ်စရာမဟုတ်

အချင်းချင်း ရန်မဖြစ်ပါနဲ့။ စာရေးသူက MNDAA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ TNLA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ AA က...

2 Comments


Myint Soe Oo
Myint Soe Oo
Jan 05, 2021

ဦးမြတ်!!! အမျိုး ဘာသာ သာသနာ အော်နေသူများ လုပ်နေသော နိုင်ငံရေးကို သုံးသပ်နိုင်စေရန် တင်ပြအပ်ပါသည်။

#နိုင်ငံရေးဆိုတာသူများအလိုကိုလည်းဖြည့်၊ ကိုယ့်အလိုလည်းပြည့်အောင် တရားသောနည်းလမ်းဖြင့်ဆောင်ရွက်မှုပဲ။ဒါမှ ဘုရားအလိုကျ#ပါရမီမြောက်သောနိုင်ငံရေး။

~မိမိအမျိုးသား ကောင်းစားရေးအတွက် တရားနည်းလမ်းမကျသော ဆောင်ရွက်မှုက၊ မိမိအမျိုးတခုထဲအတွက် *ကွက်ပြီးတော့*

ဘယ်သူသေသေ ငတေမာပြီးရော

တစ်စု တစ်ခု ကောင်းစားရေးဟာ

နိုင်ငံရေးပင်ဖြစ်သော်လည်း ဗြ ဟ္မ

ဝိဟာရထဲ အကျုံးမဝင်တဲ့ #အရှာမှားသောခေတ်ပေါ်နိုင်ငံရေး။

ဘုရားအကြိုက် နိုင်ငံရေးက

~အယူဝါဒလွဲနေသူမှန်သမျှ အယူမှန်ရောက်အောင် ဆောင်ကြဥ်းရေး

~စိတ္တုပ္ပါဒ် ညံဖျင်းနေသူမှန်သမျှကို စိတ်ထားကောင်းရလာအောင်

ကြိုးပမ်းဆောင်ရွက်ခြင်း

~ဆင်းရဲဒုက္ခရောက်နေသူမှန်သမျှကို ချမ်းသာသုခအစုံ ရရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်မှု

ဒါတွေပြည့်စုံအောင် ဆောင်ကြဥ်းပေးနိုင်မှသာ #ပါရမီမြောက်တဲ့နိုင်ငံရေး။

#ဘုရားရှင်အလိုတော်ကျနိုင်ငံရေး


အထက်ပါ အဆုံးအမသည် သခင် ဝတင်၏ သြ(အော)ဝါဒခံယူလို၍ လျောက်တင်မှုကို

#ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးမှ ဆုံးမသြဝါဒပေး တရားတော်ဖြစ်ပါသည်။

ပါလီမန်ခေတ်(ပါလီမန်ခေတ်၁၉၅၀ ဝန်းကျင်)ဦးအောင်ဇံဝေ၊ သခင်ဝတင်တို့သည် မိုးကုတ်ဆရာတော်ကြီး၏ အဆုံးအမကို လိုက်နာကျင့်သုံးလုပ်ဆောင်ခဲ့ကြဟန်ရှိပါသည်။

ထေရဗုဒ္ဓဘာသာဝင် အများစုနေထိုင်သော တိုင်းပြည်မှာ ဒီမို ဖက်ဒရယ်စနစ် နွံနစ်နေခြင်း အဖြစ်သည်ကမ္ဘာ့ အလယ်မှာဖြင့်?????


အကျယ်ကို သခင်ဝတင်၏ လျောက်တင်ချက်(အပိုင်း ၁ ၊ အပိုင်း ၂) တို့ကို ပူဇော်သောအားဖြင့် နာယူနိုင်ကြပါစေရန်။

Like

San Min Soe
San Min Soe
Jan 05, 2021

ဟုတ်ပါတယ် SNLDနဲ့အဓိကထားဆွေးနွေးသင့်တယ် ဗယ်ဒရယ်ကို တိုင်းရင်းသားပါတီတွေထဲမှာ SNLDကိုအကြိုက်ဆုံးပဲ ၁၉၉၀ထဲက ဒီမိုကရေစီအတွက်ရည်ရွယ်ချက်ကအခုထိမပျောက်ဆုံးပဲ သာကောတွေရဲ့ရှမ်းပြည်ကစီမံကိန်းတွေကို အကွက်ကြိုမြင်ပီး အမြဲချချပြနေတဲ့ပါတီဖြစ်တဲ့အပြင် ဖယ်ဒရယ်ကိုဦးတည်မယ့်ပါတီဖြစ်တဲ့အတွက် SNLDကို အရေးပေးသင့်တယ်

Like
bottom of page