ယခုရက်ပိုင်း ဗီဒီယိုဖိုင်နှစ်ခုတက်လာတယ်။ တစ်ခုက စည်ပင်နဲ့အဘိုးအို။ အဘိုးအိုက ဥပဒေဖောက်ဖျက်တယ်။ စျေးမရောင်းရမယ့်နေရာရောင်းတယ်။ စည်ပင်ကဖမ်းတယ်။ သူ့အလုပ်သူလုပ်တယ်။ဒီအထိ အိုကေတယ်။ ပစ္စည်းသိမ်းတယ်။ သိမ်းတဲ့စည်းပစ္စည်းကို ဖျက်စီးတယ်။ ဒါလဲ အိုကေတယ်။ ဒါပေမယ့် ဒါကိုဗီဒီယိုရိုက်ပြီးတင်တာကတော့ မဆူဆူအောင်လုပ်လိုက်သလိုပါဘဲ။ ဒါနဲ့ အဘိုးအိုဘက်က ဝိုင်းရပ်ကြတယ်။ အမှန်က အဘိုးအိုက ဥပဒေချိုးဖောက်သူ။ စည်ပင်လုပ်တာက အကုန်နီးပါးမှန်ပေမယ့် ဗီဒီယိုတင်တာက လူထုဆက်ဆံရေးနည်းပညာမတတ်တာ / ဒါမှမဟုတ် မဆူဆူအောင် ဆွသလိုဖြစ်သွားတယ်။ စည်ပင်အနေနဲ့က စည်းကမ်းဖောက်သူကို အရေးယူရမှာပါ။ ဒါပေမယ့်ပြည်သူတွေအမြင်မကောင်းအောင်လုပ် လိုပ်သလို ဖြစ်သွားခဲ့ပါတယ်။
မနေ့က ကားပိတ်အိပ်တာ။ ဒါကလဲ ပြည်သူကဗီဒီယိုရိုက်တင်တယ်။ ပုံမှန်ဆို ရဲတွေကို ပြည်သူကမုန်းတယ်။ ဒီကိစ္စမှာတော့ ပြည်သူကရဲကအမှန်ဖြစ်ပြီး ဒီကလေးမနှစ်ယောက်က ဥပဒေကိုချိုးဖောက်ကြောင်း ဝိုင်းပြောတယ်။ တည်ငြိမ်အေးချမ်းစွာ တုံ့ပြန်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလဲ ချီးကျူးကြတယ်။
ဒါကဘာကိုပြသလဲဆိုတော့ တပ်အပါအဝင် စည်ပင်၊ ရဲ အစရှိတဲ့ ပြည်သူ့ဝန်ထမ်းတိုင်းဟာ ၂၁ ရာစုမှာမိမိလုပ်စရာရှိတာကို ပြည်သူတွေက စောင့်ကြည့်နေတယ်ဆိုတာကို သတိမူပြီး မိမိလုပ်စရာရှိတာကိုမှန်မှန်ကန်ကန် လုပ်သွားဖို့ပါ။ နည်းပညာကို အသုံးပြုပြီး ပြန်လည်ဖြေရှင်းရင်လဲ ပိုအဆင်ပြေနိုင်မယ်ဆိုတာပါ။
တပ်နဲ့ အစိုးရအနေနဲ့ စဉ်းစားရမှာက ရခိုင်ဘက်မှာ သတင်းမီဒီယာကို သတင်းယူခွင့်ပိုပေးပြီး ပြည်သူ့ဆက်ဆံရေးကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာပါ။ မီဒီယာဆိုတာ သုံးတတ်ရင် အခွင့်အရေးဖြစ်ပြီး မသုံးတတ်ရင်ဘေးဆိုတာကို အဆိုပါ အဖြစ်အပျက်နှစ်ခုက ပြသသွားပါတယ်။
Comments