top of page
Search
Writer's pictureMyat Tun Oo

ဘာကြောင့်သာဝကို အနားပေးသင့်လဲ


မြန်မာပြည်ထဲမှာ နိုင်ငံရေးလေ့လာသူအများစုက ပြဿနာဖြစ်လာရင် တပ်ကိုလိုက်လျောလိုက်ပါ ဘာညာဆိုပြီးသာ ပြောလေ့ရှိပါတယ်။ သူတို့ဟာ ရွေးကောက်ပွဲမတိုင်ခင်ကလဲ ညွန့်ပေါင်းဖြစ်နိုင်တယ်ဆိုပြီး ပြောခဲ့သူများပါ။ ယခုရက်ပိုင်းက ဖြစ်ခဲ့တာတွေကို ပြန်လေ့လာကြည့်ရင် တိုင်းပြည်မှာ ဘာကြောင့်သာဝကို အနားပေးသင့်လဲဆိုတာ ပိုထင်ရှားလာတာ တွေ့ရပါမယ်။

လက်ရှိ ၂၀၀၈ ခြေဥမှာ တပ်ကို ၂၅% အရပ်သားအစိုးရကို ၇၅% ပေးထားခဲ့ပါတယ်။ ယခင်အချိန်တွေထဲက ပြည်ထဲရေးမကောင်းတာ တရားဥပဒေမစိုးမိုးတာဟာ အစိုးရအောက်မှာ ပြည်ထဲရေးမရှိလို့ဆိုတာ စာရေးသူရေးသားခဲ့ပါတယ်။ V ကိစ္စအပါအဝင်ပေါ့။ ယခုဖြစ်ပေါ်လာတဲ့ တိုင်းပြည်ရဲ့ ပြဿနာတွေက မင်းအောင်လှိုင်ဟာ သမ္မတရူးရူးတာကနေ စတာလို့သာ ပြောလိုပါတယ်။ သူကငြိမ်းချမ်းရေးမရအောင်လုပ်တာဟာလဲ လက်ရှိအစိုးရကို သိက္ခာချရအောင်ပါ။ ဒီနေရာမှာ အာဏာသိမ်းခြိမ်းခြောက်တာဟာ မတော်တဆလား ကြိုတင်ပြင်ဆင်ခဲ့တာလား မေးစရာရှိပါတယ်။


ပထမက သတင်းမှန်မှာ သူပြောခိုင်းတာကို အရှက်မရှိပြောရဲသူ ဇော်မင်းထွန်းကို နောရာစပေးပါတယ်။ ဒုတိယက ပြည်ထဲရေးကို သူ့လူစိုးထွဋ်ကိုပြောင်းလိုက်တာပါ။ သူဟာ ဒုဗိုလ်ချုပ်ကြီးကျော်ဆွေထက် သူ့ပြောစကားနားထောင်သူပါ။ စိတ်ချရသူပေါ့။ နောက် နေပြည်တော်တိုင်းမှူးကို စမကအမှုနဲ့အရန်အင်အားကိုပြောင်းလိုက်ပြီး သူ့ဩဇာခံသူအငယ်ကို အနားကပ်မှပြောင်းလိုက်တာက သူ့ကိုဒုက္ခမပေးအောင်လို့ပါ။ ဒါအပြီးမှာ သူ့ရဲ့ ကိုယ်ရေးအရာရှိအကောင့်ကနေ အာဏာသိမ်းမရောင်တင် ပြီးတော့ သူ့ကိုထောက်ခံသူ တပ်မှူးအချို့ကို အပြင်မထွက်နဲ့ တင့်ကားစမ်းမောင်းခိုင်းပြီး အစိုးရနဲ့ ပြည်သူကို ဖြဲခြောက်ခဲ့ပုံပါ။ ဒီနေရာမှ ဗိုလ်ချုပ်ဇော်မင်းထွန်းဟာ အဓိကကျတဲ့နေရာက ပါဝင်ခဲ့ပြီး သူ့ကိုအာဏာသိမ်းရန်အားပေးမှုနဲ့ အရေးယူရမှာပါ။


ဒီနေရာမှာ ပြည်သူတင်မဟုတ်ဘဲ ကမ္ဘာကြီးကပါ သူ့ကိုဝိုင်းပြီးပြစ်တင်ရှုတ်ချခဲ့လို့ သူ့မှာ မှန်းချက်နဲ့နှမ်းထွက်မကိုက် ဖြစ်သွားပုံပါ။ သူအာဏာသိမ်းဂျင်းကို စီစဉ်ပုံက ဒီပဲယင်းကို စီစဉ်တဲ့ပုံမျိုးပါ။တကယ်အာဏာသိမ်းတဲ့ change of command မဟုတ်ပါ။ အားလုံးသိတဲ့အတိုင်း မြန်မာပြည်မှာက ပြည်သူတွေက အာဏာသိမ်းရအောင် ဆူပူဆန္ဒပြနေတာမဟုတ်လို့ ဘရွှေကခန့်ထားတဲ့ သူ့အောက်ကလူတွေကို မဲကိစ္စနဲ့ အာဏာသိမ်းဖို့ပြောမရနိုင်ပါ။ နောက်အဆိုပါ လူများကလဲ သူတို့တပ်ချုပ်ဖြစ်ခါနီးဘယ်သူကမှ သူ့အတွက် အာဏာသိမ်းပေးလိုတာ မဟုတ်ပါ။


ထူးဆန်းတာက ဦးကိုနီအမှုရော၊ ရန်ကုန်မှာ ဆန္ဒပြမှု၊ အာဏာသိမ်းဇတ်လမ်းအားလုံးဟာ ကိုယ်ရေးအရာရှိတွေကနေ တိုက်ဆိုင်စွာလာနေတယ်ဆိုတာပါ။

မြန်မာပြည်ကြီးဟာ ဒီအတိုင်း သာဝနဲ့ ရှေ့ဆက်သွားဖို့က မလွယ်ပါ။ သူဟာ နိုင်ငံရေးလုပ်ချင်ရင် ဒုသမ္မတအနေနဲ့ အစိုးရအဖွဲ့မှာ ပါနိုင်ပါတယ်။ ဒါပေမယ့် သာဝကို သူပင်စင်ချိန်မှာ အနားပေးရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။


အချို့ဝေဖန်သူများက သူ့ကိုမစည်းရုံးနိုင်တာဟာ မကောင်းဘူးလို့ ဝေဖန်သူများရှိပေမယ့် ဒေဝဒတ်ဟာလဲ နောက်ဆုံးအထိ မိုက်သွားခဲ့တယ်ဆိုတာကို မမေ့ကြပါနဲ့။ ဒီနေရာမှာ တပ်ကလက်ရှိ ရွေးကော်ဥပဒေကို ပြင်ဆင်လိုရင် တပ်ကိုအာဏာပေးထားတဲ့ ဥပဒေအချို့ကိုလဲ ပြင်ရမယ်ဆိုတာကို မမေ့ပါနဲ့။

(Note to Facebook: This is the article about why Senior General Min Aung Hlaing who is banned by Facebook and accused by ICJ for ethnic cleansing, should be forced to retire. He threatened to stage coup against democratically elected government led by Aung San Suu Kyi. This article described how he planned for coup and connection between his PSO and assassination of U Ko Ni and also the plot to stage a fake coup. Pls don’t remove this article based on the information from Myanmar Facebook team as this team is also controlled by ex military personnel as well.)

Cartoon credit: ကြည်ဝေး (ကသာ)

622 views0 comments

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

ကြေညာချက်က ရန်ဖြစ်စရာမဟုတ်

အချင်းချင်း ရန်မဖြစ်ပါနဲ့။ စာရေးသူက MNDAA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ TNLA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ AA က...

コメント


bottom of page