လူတွေမှာ မိမိယုံကြည်ရာရှိကြပါတယ်။ ကမ္ဘာပေါ်မှာ ဘာသာပေါင်းစုံရှိကြပါတယ်။ ဘာသာပေါင်းစုံမှာ ပြဿနာရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေရှိကြပါတယ်။ လူဆိုတာက မကောင်းတာလုပ်ရင်ဝေဖန်ခံရမှာပါ။ ဥပမာ ဘုန်းကြီး(ခရစ်ယန်/ဗုဒ္ဓဘာသာ) ဘယ်သူဖြစ်ဖြစ်၊ ဗလီဆရာ ဘယ်သူဖြစ်ဖြစ်အဆိုပါလူက လူသတ်ရင်၊ မုဒိမ်းမှုကျးလွန်ရင်၊ ခိုးရင်၊ ဆေးချရင် ဥပဒေက ဘုန်းကြီးဆိုပြီးအပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်မပေးပါ။ ထို့အတူပါဘဲ ဘုန်းကြီးတစ်ပါးဟာ လူသတ်သမားရဲ့ ဆရာဖြစ်နေရင် သူ့ကို လူသတ်သမားဆရာ၊ လူသတ်သမားကိုးကွယ်ခံရသူ၊ လူသတ်မှုအားပေးသူလို့အပြောခံရမှာပါ။ ဒါဟာ လူသတ်သမားနဲ့ ပေါင်းသင်းလို့ရတဲ့ ဆိုးကျိုးပါ။
အချို့ဘုန်းကြီးတွေဟာ NLD အစိုးရလက်ထက် ရေကြီးတာတောင် အင်မတန်စိုးရိမ်တတ်ပြီး မအလလူသတ်တာကို မစိုးရိမ်တတ်တာဟာ တိုက်ဆိုင်တာမဟုတ်ပါ။ အချို့ဘုန်းကြီးများက အသက်ကြီးချိန်မှာ သူငယ်ပြန်တာ၊ မှတ်ဉာဏ်ချို့ယွင်းတာတွေလဲ ဖြစ်တတ်ပါတယ်။ ဘုန်းကြီးက ဘုန်းကြီးအလုပ်လုပ် လူက လူ့အလုပ်လုပ်ရမှာပါ။ လူသတ်သမားရဲ့ ဆရာတော်လို့ အပြောမခံချင်ရင် မပတ်သက်ရုံပါ။ငရဲကြီးတာကိုသာ ကြောက်ရင် မအလလဲ လူမသတ်သင့်ပါ။ လူသတ်တာက ငရဲပိုကြီးမလား ဘုန်းကြီးက ဝိနည်းနဲ့မညီဘဲခိုးလို့ ခိုးတယ်လို့ အမှန်အတိုင်းပြောသူက ငရဲပိုကြီးမလား? ပုံမှန်ဦးနှောက်နဲ့စဉ်းစားပါ။ ဘုန်းကြီးဝတ်နဲ့လူက ခင်ဗျားသမီးကို မုဒိမ်းကျင့်ရင် ငရဲကြီးမှာစိုးလို့ ခင်ဗျားက အဲ့ဒီဘုန်းကြီးကို ရဲမတိုင်ဘဲ ခင်ဗျားသမီးကို နေ့တိုင်းမုဒိမ်းကျင့်ခံမှာလား? ဦးနှောက်နဲ့ စဉ်းစားပါ။ ဘာသာရေးနဲ့ ပတ်သက်ရင် မရေးလိုပေမယ့် လွန်လာသူများ စဉ်းစားနိုင်အောင် ရေးပါတယ်။
ဦးမြတ်!! ဘေးရန်များမှ အကာ အကွယ်ရရန် အားကိုးအားထားပြုခြင်းမှ ကိုးကွယ်ရာ ဟူ၍ပေါ်လာကြောင်းဒေါက်တာနန္ဒမာလာဘိဝံသ ဆရာတော်ကြီးမှ ဆုံးမဟောကြားတော်မူထားပါသည်။
သာသနာမှာ ကိုးကွယ်ရာတွင်
သဒ္ဓါ နှင့် ပညာ ညီစေ
သတိ မလွတ်စေရ ဟူ၍ အဆုံးအမရှိပါသည်။
သဒ္ဓါ လွန်လျှင် ဆွံ့ အ တတ်သည်။ ဟူ၍လည်းဆုံးမထားပါသည်။
သဒ္ဓါလွန် လျောက်တင်မှုကို ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် ပယ်မြစ်တော်မူပါသည်။
မြတ်စွာဘုရားဟာ စားလည်း သိ ၊ သွားလည်း သိ ၊ အိပ်လည်း သိ၊ ဟူ၍ ဝစ္ဆပုဏ္ဏား၏ သဒ္ဓါလွန်လျောက်တင်မှုကို လက်မခံ၊ စွပ်စွဲခြင်းတစ်မျိုးဟု *တေဝိဇ္ဇ ဝစ္ဆသုတ်**တွင် ဟောကြားတော်မူခဲ့ပါသည်။
ယခုလည်း သဒ္ဓါလွန်မှု အကြောင်းပြုခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။
ဘုန်းဘုန်းကြီး ဘုန်းဘုန်းကြီး!!!ပြုံးပြုံးကြီးဖြင့် ခံယူမှုသည် သဒ္ဓါလွန်မှုထဲတွင်ပါပါသည်။ ဘဘုန်း ၊ ဘကြီးဘုန်းကြီး(သက်တော်ဝါတော်အလိုက် ခေါ်ဝေါ်ကြသလို) ဖုန်းဖုန်း(ဘုန်းဘုန်းမှ အီပြစ်သောအသံဖြင့် ခေါ်ဆိုမှု)ထိ ရှိလာပါပြီ။
ထိုသို့ သဒ္ဓါလွန်မှုများသည် ရုပ်ရည်ရူပကာ၊ သံနေထားဖြင့် နာပျော်ဖွယ် ဟောကြားမှု ၊ ခေတ်မီအသုံးအဆောင်မှန်သမျှ မိုဒယ်အမြင့်ကိုင်တွယ်သုံးစွဲမှု၊ ယာဥ်အပါအဝင် အဆောက်အအုံ ခန့်ညားထည်ဝါတောက်ပမှု ၊စသည့်အခြေခံအချက်များအပေါ် မူတည်ပေါ်လာရပါသည်။
အများစုသည် **တရားနာသွားရင် ကုသိုလ်ရတယ်**ရတယ်ဟူသော မိရိုးဖလာအယူအစွဲလည်းပါပါသည်။
ကုသိုလ်ရတော့ လူ နတ် ချမ်းသာ ဖြစ်တာပေါ့။ ဗုဒ္ဓဘာသာဝင်အမည်ခံပြီး သံသရာထဲက မထွက်ချင်ကြပါ။ မထွက်ချင်ခြင်းသည်ပင် တဏှာ။ ဘုရားရှင်မှ ပယ်သတ်ရန်ဟောကြားတော်မူခဲ့ပါသည်။
**အယူအမြင် အမှန်ရအောင် ၊ တရားနာယူရမယ်**ဆိုသော အသိ၊ ဘယ်နှစ်ဦးမျှ ရှိမည်နည်း။အောကာသ ကန်တော့ကျိုးထဲတွင်တော့ မလွတ်တမ်းထည့်ရွတ်ကြပါသည်။ ဗျသနဘေး(ပျက်ဆီးခြင်း)။ ဒိဌိဗျသန = အယူအမြင် ဖောက်ပြန်ပျက်ဆီးမှု။ အယူအမြင်မှားနေသမျှ ကျန်သော ဘေးများမလွတ်နိုင်ပါ။
အယူအမြင် မမှန်သမျှ ကိုးကွယ်ယုံကြည်မှု (သဒ္ဓါ)အားနည်း မခိုင်မြဲပါ။ သဒ္ဓါနည်းသမျှ အမှားအမှန် ဆုံးဖြတ်နိုင်သည့် ပညာ မွဲ နေပါမည်။…