top of page
Search
Writer's pictureMyat Tun Oo

ဘီဘီစီ ဒုတိယကမ္ဘာစစ်မှာ ကြားနေခဲ့လား?


မြန်မာပြည်ကသတင်းတွေကို ရေးကြ ပြောကြရာမှာ Neo Politics, Peoples Media နဲ့ Eleven တို့ကအဘဘောမဆိုတာ ထင်ရှားပါတယ်။ Popular နဲ့ အခြားပြည်တွင်း သတင်းဌာနတွေက မသိမသာ မပါတယ်။

ဒီနေရာမှာ နိုင်ငံခြားက ဘီဘီစီ မြန်မာပိုင်းနဲ့ အမေရိကန်က ဗိုလ်ချုပ်ခင်ရီနဲ့သိတဲ့ ဌာနမှူးကြီးကသတင်းဆိုတာ ဘက်မလိုက်ရဘူး၊ မှန်ကန်ဘက်မျှရမယ်ဆိုပြီး ပြောလေ့ရှိပါတယ်။ သူတို့သတင်းတွေကိုလဲ ဘက်မျှအောင်ဆိုပြီး လုပ်ကြံကြပါတယ်။

ဒီနေရာမှာ ဘီဘီစီ မြန်မာပိုင်းကို လေ့လာရအောင်။ မြန်မာပြည်ထဲက သတင်းဌာနအများစုကို မအလတပ်က ပိတ်လိုက်ပေမယ့် ဘီဘီစီကို မပိတ်ခဲ့တာ အားလုံးသတိထားမိမှာပါ။ ဒါကိုက ထူးဆန်းနေတာစာဖတ်သူများ သတိထားမိမှာပါ။ နောက်ပိုင်းမှာ ဘီဘီစီသတင်းထောက်မမက ဒလန်သေသူများစာရင်းကို အထူးပြုစုလာခဲ့ပါတယ်။ သူမက ထူးဆန်းပါတယ်။ သူက မအလတပ်က သတ်လို့သေတာကို မပြုစုဘဲ ဒလန်သေတာကို ပြုစုတာပါ။ သူက ဒလန်က တကယ့်ဒလန်ဟုတ် မဟုတ် စုံစမ်းတယ်လို့ဆိုပါတယ်။ သူမကဒီလိုစာရင်းလုပ်နေတာကိုသိလို့ စရဖက မန္တလေးကPDF အဖွဲ့ထံကို လူတစ်ယောက်နာမည်မှားကို ဒလန်အနေနဲ့ ရောက်အောက်ပို့ပါတယ်။ ဟိုPDFလေးတွေက ဒလန်လို့ထင်လာချိန် သူမထံ ဒလန်မဟုတ်ကြောင်း စရဖက သတင်းရောက်အောင်ပို့ပြီး သူမက အဆိုပါလူဟာ ဒလန်မဟုတ်ကြောင်း ဝင်ချဲပါတော့တယ်။ သူမကိုယ်တိုင်က သတင်းဖြစ်လာတာပါ။ နောက်အဲဒီလူက သူမကယ်တင်လို့ ဒလန်စာရင်းထဲက ပျက်သွားကြောင်းနဲ့ PDF တွေရဲ့ ဒလန်စာရင်း မမှန်ဘူးဆိုပြီး ဖြစ်လာပါတယ်။ ဒီနေရာမှာ PDF တွေ ဒလန်စာရင်းမပြောနဲ့ အမေရိကန်နဲ့ အင်္ဂလိပ် ဗုံးကြဲရင်တောင် စာရင်း မမှန်တတ်ပါ။ ဒါက CIA နဲ့ MI6 အဆင့်ရှိသူတွေပါ။

နောက်ဘီဘီစီ မြန်မာပိုင်းရဲ့ ထူးခြားတဲ့ ဖော်ထုတ်မှုက ရန်ကုန်စမ်းချောင်းမှာ တိုက်ခန်းပေါ်က စွဲချပြီးသေနတ်နဲ့ အပစ်ခံရတဲ့ ဆရာဝန်လေးသတင်းပါ။ သတင်းဌာနအများစုက ဆရာဝန်လေးတွေကိုလက်နက်မဲ့ပစ်သတ်တယ်လို့ ရေးပါတယ်။ အဲဒီနေရာမှာ ဘီဘီစီသတင်းထောက်မက အမည်မဖော်လိုသူ ဆန္ဒပြသူအမျိုးသမီးဆိုသူကို အင်တာဗျူးပြီး ထိုအမျိုးသမီးက အဆိုပါဆရာဝန်မှာ လက်နက်ရှိတယ်ဆိုပြီး ပြောပါတယ်။ ဘီဘီစီသတင်းထောက်က ထိုအမျိုးသမီးကို စရဖက မမိဘဲ ဘယ်လိုသိပါသလဲ? အဆိုပါမိန်းမကလဲ ဆန္ဒပြသူဆိုပြီး လက်နက်မဲ့ ဆန္ဒပြသူအချင်းချင်းကို နာမည်ပျက်ရအောင်ဘာလို့ ပြောတာလဲ? စဉ်းစားစရာတွေပါ။ သူမအသံအစစ်နဲ့ ပြောသွားတာ မဟုတ်ပါ။ ဘီဘီစီသတင်းထောက်မကတော့ သူကအမှန်တရားအတွက် လိုက်တယ်လို့ ပြောပါလိမ့်မယ်။ ဒီနေရာမှာ သူလိုက်တဲ့အမှန်တရားက မုဒိမ်းကောင်ရဲ့ မုဒိမ်းကျင့်ခံရသူကို စာရင်းမပြုစုဘဲ မုဒိမ်းကောင်အသတ်ခံရတာ တရားမျှတလား မမျှတလား စုံစမ်းသလိုပါ။ ဒါက ကြည့်မြင်တိုင်ကိစ္စမတိုင်ခင်ပါ။ စာရေးသူသံသယဖြစ်ပေမယ့် ကျော်သွားခဲ့ပါတယ်။

ကြည့်မြင်တိုင်ကိစ္စမှာ ဘီဘီစီမြန်မာပိုင်းဟာ လူတိုင်းဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေအတိုက်ခံရလို့သေတဲ့သတင်းကို သေသူကို မျက်မြင်သက်သေမရှိလို့ ရူးချင်ယောင်ဆောင်သွားခဲ့ပေမယ့် စစ်ခွေးကားပေါ်က သူများကိုသတ်ချင်ဇောနဲ့ ပြုတ်ကျတာကို မျက်မြင်သက်သေရှာရပြီး သတင်းလုပ်လွှင့်သွားခဲ့ပါတယ်။ ဒီနေရာမှာ ဘီဘီစီမြန်မာပိုင်းရဲ့ Moral value စိတ်ဓာတ်စံတန်ဖိုးက အောက်တန်းကျတာကိုပြသွားတာပါ။ ဥပမာ သတင်းထောက်မ မုဒိမ်းကျင့်ခံရတဲ့သတင်းနဲ့ မုဒိမ်းကောင်လဲ ခြေကျိုးသွားတယ်ဆိုတဲ့ သတင်းကို အတူတွဲလွှင့်သလိုပါ။ သတင်းမှန်နိုင်ပေမယ့် စံမတူပါဘူး။ နောက်ပိုင်းမှသာပြင်သွားတာပါ။

ဒီနေရာမှာ သတင်းပညာရှင်ကြီးများက သတင်းသမားဆိုတာ အမှန်တရားကိုပြောရတယ် ဘာညာဆိုပြီး စာရေးသူကို သင်တန်းလာပေးနိုင်ပါတယ်။ နီပေါလေးလို့လဲ ခေါ်နိုင်ပါတယ်။ ဒီနေရာမှာ အမှန်တရားကိုပြောတာလက်ခံပါတယ်။ ဘက်လိုက်စရာလဲမလိုပါဘူး။ ဒါပေမယ့် အမှန်တရားဘက်ကိုတော့လိုက်ရပါမယ်။ ဒုတိယကမ္ဘာစစ် ဘီဘီစီကို ပိုက်ဆံပေးထားတဲ့ အင်္ဂလိပ်နဲ့ နာဇီဂျာမနီ စစ်ဖြစ်ချိန်မှာဘီဘီစီဟာ အင်္ဂလိပ်အစိုးရဘက်လိုက်ခဲ့ပြီး ဝါဒဖြန့်တာ၊ အင်္ဂလိပ်စစ်သားတွေ စိတ်တက်ကြွစေတဲ့သတင်းတွေလွှင့်တာ၊ မဟုတ်မမှန်သတင်းတွေကို ဝါဒဖြန့်ဖို့အတွက် လွှင့်တာတွေ လုပ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူ့သခင်တိုင်းပြည်နဲ့ အခြားတိုင်းပြည် စစ်ဖြစ်ခဲ့လို့ပါ။ ဒါပေမယ့် ဘီဘီစီမြန်မာပိုင်းကတော့ ဓမ္မဘက်က မရပ်လိုဘဲ အဓမ္မဘက်ကရပ်လိုတာ တွေ့ရပါတယ်။ မုဒိမ်းကျင့်ခံရသူကို စိတ်မပူဘဲ မုဒိမ်းသမားနဲ့ သူ့အမျိုးတွေ မတရားအသတ်ခံရမှာကို အလွန်စိတ်ပူနေပုံပါ။ ဘီဘီစီမြန်မာပိုင်းကလန်ဒန်မှာနေသူအချို့ဟာ ယခင်နေဝင်းလက်ထက်က မဆလအနွယ်များ၊ အချို့လူများက ထွေအုပ်ရဲ့သားသမီးများနဲ့ ဖွဲ့စည်းထားလို့ ဒေါ်စုကို J ဝင်သူ မြန်မာအများစုလို့ သိထားရပါတယ်။ သူတို့ဟာမြန်မာတွေရဲ့ ရန်ပုံငွေပွဲကို လာလေ့မရှိဘဲ အဘဘောမသံရုံးပွဲသာ တက်သူအများစုလို့ ယူကေရောက်မြန်မာများက ပြောကြပါတယ်။ သူတို့ဘယ်လဲ ဘာလဲဆိုတော ယူကေရောက် မြန်မာများသာ သိမှာပါ။မြန်မာပြည်ထဲက ဘီဘီစီသတင်းထောက်မကတော့ မုဒိန်းဒလန်တွေ အသတ်ခံရတာကို ဆက်ပူနေလိုက်ပါအုံး။ သူမဘာလဲ သိပေမယ့် မရေးသေးပါ။ ဘီဘီစီမြန်မာပိုင်းသိဖို့က ဓမ္မနဲ့ အဓမ္မကြားမှာကြားနေဆိုတာ မရှိပါဘူး။

(ဘီဘီစီသမိုင်းနဲ့ ဒုတိယကမ္ဘာစစ်အကြောင်းကို ဘီဘီစီသတင်းထောက်မ အင်္ဂလိပ်လို ဖတ်နိုင်အောင်အထောက်အထား တင်ပေးလိုက်ပါတယ်။




130 views2 comments

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

ကြေညာချက်က ရန်ဖြစ်စရာမဟုတ်

အချင်းချင်း ရန်မဖြစ်ပါနဲ့။ စာရေးသူက MNDAA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ TNLA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ AA က...

2 Comments


Myint Soe Oo
Myint Soe Oo
Dec 07, 2021

ဦးမြတ်!!! BBC လိမ်နေသည် ၊ညာ နေသည်။

လေလှိုင်းပေါ်က လူသတ်သမား သတိထား။

မိုးလုံးပြည့် မုသာများ။

ပြည်ပအားကိုး ပုဆိန်ရိုး

အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ။


တချိန်က နားမဆံ့ လျှံကျအောင်ကြားခဲ့ရသော အသုံးအနှုန်းများ


ခုတော့လည်း အရာရာဟာ ပြောင်းလဲသွားခဲ့ပါပြီ။ ပြည်တွင်း အားကိုးရတဲ့ ပြန်ကြားရေးရဲ့ စက် ၊ ပျက်ယွင်းတော့

တချိန်က ဂန်းဒစ်တို့ ဘာတေးလစ်တနာတို့နဲ့ အောင်မြင်ခဲ့ဖူးသော BBC ထံ တကျော့ပြန် ချဉ်းကပ်နေသည်ဟု မြင်မိပါသည်။

ပြည်တွင်းမှာ မြန်မာနောင်း ၊ အမှန်တရားအတွက် မည်သည့် သတင်းဌာန ယှဉ်၍ရပါသနည်း။ ကမ္ဘာသာ ပြောင်းလျှင် ပြောင်းသွားမယ် ၊ အမှန်တရားအတွက် မြန်မာနောင်းက ဆက်ရှိနေမှာပါ။ သဒ္ဓါ မချို့တဲ့ မြန်မာ တို့တတွေဟာလည်း မြန်မာနောင်းကို ဒိုနိတ် နေကြပါသည်။ မြန်မာပြည်သူတွေ မ အ တော့ပါ။ အလင်းအရသာ သိသွားကြပါပြီ။

မြန်မာနောင်း အောင်မြင်နေသလောက် အလိုကျ ဖော်ပြပေးနေတဲ့ ပူးမီဒီယာ တောင် လူထုယုံကြည်မှုအရ ယှဉ်မရတော့ပါ။

ဂန်းဒစ်တို့ လစ်တနာတို့ ခေတ်နဲ့ မတူတော့ပါ။ မြေပြင်ခြေနေမှန်ကို အမှန်တိုင်း မှတ်တမ်းတင်နိုင်သည့် ဖုံးများ

လယ်ကွင်းထဲက နွားကျောင်းသားလေးတွေဆီမှာတောင် ရှိပြီးကိုင်ဆောင်ထားနိုင်သည့် အခြေနေပါ။

ကြားနေမရှိ ၊ အမှန်ဖက်က ရပ်။ သည်အယူနှင့် မူ ။ စံနှုန်း ပြင်းအား မည်မျှ ထက်ပါသနည်းဟု မေးလာပါက

စာရေးဆရာ အကြည်တော်ရဲ့**သူခိုး** ဝတ္ထုက

အဖြေပေးပြီးဖြစ်ပါသည်။

အလင်းလာလျှင် အမှောင်က ကြောက်၍

ပျောက် ပြေးရသည်မှာ နိယမပါ။

ခုနောက်ပိုင်း(အဆိုပါဖြစ်စဉ်နောက်ပိုင်း)ဘီဘီစီမှာ လက်ညှိုးထောင်မှုသင်္ကေတတွေ လျော့လာသလို ၊ တဖက်မှာ HA HA နှင့် Angery တုန့်ပြန်မှု သင်္ကေတတွေ တက်နေပါသည်။

စီအင်န်အင်န်က ‌‌‌‌‌မမလေး( ဒေါ်ရပ်ကွက်)


Like

ayeyarr
ayeyarr
Dec 07, 2021

Truth is partisan not neutral.

Like
bottom of page