top of page
Search
Writer's pictureMyat Tun Oo

ဘာေၾကာင့္ႏိုင္ငံေရးသမားေတြဝန္ႀကီးျဖစ္သင့္လဲ



စာေရးသူတို႔တိုင္းျပည္မွာအမ်ားစုထင္တာကဆရာဝန္ကက်န္းမာေရးဝန္ႀကီး၊စစ္သားကကာကြယ္ေရးဝန္ႀကီး၊အင္ဂ်င္နီယာကေဆာက္လုပ္ေရးဝန္ႀကီးလုပ္သင့္တယ္လို႔မွတ္ယူၾကပါတယ္။သူတို႔အေျခခံတာကစစ္အစိုးရလက္ထက္ကၽြမ္းက်င္သူေတြဝန္ႀကီးမလုပ္ခဲ့လို႔တိုင္းျပည္ပ်က္တယ္လို႔မွတ္ယူလို႔ပါ။ဒါဟာလဲမွန္သလိုရွိပါတယ္။ဒါေပမယ့္အဓိကကသူတို႔ဟာႏိုင္ငံေရးသမားမဟုတ္လို႔ျပည္သူကိုမ်က္ႏွာမမူလို႔တိုင္းျပည္ဆင္းရဲခဲ့တာပါ။

ဒီေနရာမွာစာေရးသူရဲ႕အသိအခ်ိဳ႕အမ်ိဳးအခ်ိဳ႕ကကြီးၿဖိဳးကိုမႀကိဳက္ပါ။ဘာေၾကာင့္လဲလို႔ေမးရင္သူကေလက်ယ္လို႔ဆိုၿပီးေျပာပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ရန္ကုန္ကိုမီးလာမယ္ေျပာၿပီးမီးပ်က္လို႔ဆိုတာကိုဥပမာျပပါတယ္။ဒီေနရာမွာစာေရးသူကသူတို႔မွားေနတာကိုရွင္းျပပါတယ္။ျမန္မာျပည္မွာလွ်ပ္စစ္ဓာတ္အားထုတ္လုပ္တာဟာျပည္ေထာင္စုအဆင့္ပါ။တိုင္းႏွင့္ျပည္နယ္ေတြကိုလုပ္ပိုင္ခြင့္မေပးထားပါ။ျပည္နယ္တိုင္းေတြကသူတို႔ၿမိဳ႕ေတြမွာလွ်ပ္စစ္မီးလံုေလာက္ေအာင္ဘယ္လိုလုပ္မလဲတင္ျပရင္အထက္ကပယ္ခ်ပါတယ္။ဒါလဲအိုေကပါ။သူ႔လုပ္ပိုင္ခြင့္ပါ။ဥပမာသေဘၤာနဲ႔မီးေပးမယ္ဆိုရင္မလိုဘူးေပါ့။

ရန္ကုန္မွာမီးပ်က္ပါတယ္။ဒီမိုေထာက္ခံသူေရာကန္႔ကြက္သူပါေအာ္ပါတယ္။အဲ့ဒီဝန္ႀကီးရွာမေတြ႕ပါ။အဆဲခံအေလွာင္ခံရေတာ့ဝန္ႀကီးခ်ဳပ္ေတြပါ။သာမန္လူေတြကဘယ္သူ႔မွာတာဝန္ရွိလဲခြဲျခားဖို႔ခက္ပါတယ္။တခ်ိန္ထဲမွာဂန္ဒူးႏိုင္ငံေရးသမားေတြကကြီးၿဖိဳးကေျပာၿပီးဘာမွမျဖစ္သေရာင္ဖြပါတယ္။အဲ့ဒီအခ်ိန္မွာဘဲဉာဏ္နည္းသူအမ်ိဳးမ်ားသူငယ္ခ်င္းမ်ားကတာဝန္ရွိသူဝန္ႀကီးကိုအပစ္မျမင္ဘဲကြီးၿဖိဳးကိုအျပစ္တင္ပါတယ္။

NLD အစိုးရလက္ထက္မွာဝန္ႀကီးအခ်ိဳ႕ကိုေျပာင္းဖို႔ျပင္ပါတယ္။ဒါေပမယ့္ဂန္ဒူးႏိုင္ငံေရးသမားေတြကေျပာင္းမရေအာင္ေကာလဟာလလိုထုတ္ၿပီးသူတို႔ျဖဳတ္လိုတယ့္NLD ဝန္ႀကီးခ်ဳပ္ေတြနာမည္နဲ႔တြဲထုတ္ပါတယ္။ဒါနဲ႔အစီအစဥ္ေတြပ်က္ပါတယ္။

ဒီေနရာမွာရန္ကုန္ကအလုပ္သမားေတြဆႏၵျပေတာ့ကြီးၿဖိဳးကကင္မရာေရွ႕မွာထြက္ရွင္းလိုက္တာမွတ္မိမွာပါ။ဘယ္ျပည္ေထာင္စုဝန္ႀကီးမွဆင္းမလာပါ။ဒါကႏိုင္ငံေရးသမားအေနနဲ႔ႏိုင္ငံေရးအရစြန္႔စားလုပ္သြားတာပါ။ေနာက္ျပႆနာေတြလဲသူရွင္းသြားပါတယ္။ဒါေၾကာင့္အလုပ္သမားေန႔လုပ္ေတာ့အလုပ္သမားေတြကသူ႔နာမည္ကိုအႀကီးအက်ယ္ေခၚၿပီးသူတို႔ခ်စ္ခင္ေၾကာင္းျပၾကပါတယ္။ျပည္ေထာင္စုဝန္ႀကီးကိုရွိတယ္လို႔ေတာင္မထင္ပါ။အလုပ္သမားအမ်ားစုကသူ႔ကိုသာမဲေပးမွာျဖစ္ေၾကာင္းအခ်ိဳ႕ကသူ႔ကိုေတြ႕လိုလို႔ဒီပြဲကိုလာတက္တာျဖစ္ေၾကာင္းသတင္းေထာက္ေတြကိုေျပာပါတယ္။စရဖလဲသိပါတယ္။

လွ်ပ္စစ္ကိုျပန္သြားပါ့မယ္။လွ်ပ္စစ္မွာမီးကိုခိုးသံုးေနသူေတြရွိပါတယ္။ယူနီေဖာင္းေနရာမွာေရာအဘသားသမီးေတြေရာအစံုပါ။ဒါကိုဝန္ႀကီးအေနနဲ႔လိုက္ေဖာ္ထုတ္ၿပီးေတာင္းျပရပါမယ္။ဒါကႏိုင္ငံေရးပါ။ၿပီးရင္မီတာတက္တာကိုကြီးၿဖိဳးကရွင္းျပသလိုအၿမဲျပည္သူကိုရွင္းျပေနရပါမယ္။

လက္ရွိဒုဝန္ႀကီးကပညာရပ္ပိုင္းမွာအလြန္ေတာ္ပါတယ္။ေလးစားပါတယ္။ဒါေပမယ့္လႊတ္ေတာ္မွာမီးမျပတ္ခ်င္ရင္ဘတ္ဂ်က္မျဖတ္နဲ႔ေျပာတာမ်ိဳးကႏိုင္ငံေရးအျမင္မရွိတာကိုျပပါတယ္။ယခုကေတာ့မီတာခကိစၥရွင္းျပဖို႔ကိုေလာ္ဘီလက္ထဲထားခဲ့ရပါတယ္။

ဒါေၾကာင့္ႏိုင္ငံေရးသမားေတြကဝန္ႀကီးျဖစ္ရပါမယ္။ပညာရွင္ေတြကိုအၾကံေပး၊ဒုဝန္ႀကီးခန္႔ၿပီးအုပ္ခ်ဳပ္လို႔ရပါတယ္။ႏိုင္ငံေရးသမားဟာျပႆနာကိုႏိုင္ငံေရးအေနနဲ႔ခ်ဥ္းကပ္ပါတယ္။ဥပမာရန္ကုန္မီးမလာတဲ့အက်ိဳးအျပစ္ကိုႏိုင္ငံေရးနဲ႔တြက္ၿပီးျပင္ပါတယ္။ထို႔အတူဘဲတံတားေဆာက္ရင္ႏိုင္ငံေရးသမားကႏိုင္ငံေရးအရဆံုးျဖတ္ၿပီးျပည္သူကိုခ်ျပစည္း႐ံုးပါတယ္။ပညာရွင္ကေတာ့ျပည္သူပါလာၿပီးရင္ပုံစံစြဲေဆာက္႐ံုပါ။

ဒါေၾကာင့္စာေရးသူအၿမဲေရးပါတယ္။ကြီးၿဖိဳးလိုႏိုင္ငံေရးသမားေတြဝန္ႀကီးထဲမွာမ်ားမ်ားရွိသင့္ပါတယ္။

Unicode version

ဘာကြောင့်နိုင်ငံရေးသမားတွေဝန်ကြီးဖြစ်သင့်လဲ

စာရေးသူတို့တိုင်းပြည်မှာအများစုထင်တာကဆရာဝန်ကကျန်းမာရေးဝန်ကြီး၊စစ်သားကကာကွယ်ရေးဝန်ကြီး၊အင်ဂျင်နီယာကဆောက်လုပ်ရေးဝန်ကြီးလုပ်သင့်တယ်လို့မှတ်ယူကြပါတယ်။သူတို့အခြေခံတာကစစ်အစိုးရလက်ထက်ကျွမ်းကျင်သူတွေဝန်ကြီးမလုပ်ခဲ့လို့တိုင်းပြည်ပျက်တယ်လို့မှတ်ယူလို့ပါ။ဒါဟာလဲမှန်သလိုရှိပါတယ်။ဒါပေမယ့်အဓိကကသူတို့ဟာနိုင်ငံရေးသမားမဟုတ်လို့ပြည်သူကိုမျက်နှာမမူလို့တိုင်းပြည်ဆင်းရဲခဲ့တာပါ။

ဒီနေရာမှာစာရေးသူရဲ့အသိအချို့အမျိုးအချို့ကကွီးဖြိုးကိုမကြိုက်ပါ။ဘာကြောင့်လဲလို့မေးရင်သူကလေကျယ်လို့ဆိုပြီးပြောပါတယ်။ဘာကြောင့်လဲဆိုတော့ရန်ကုန်ကိုမီးလာမယ်ပြောပြီးမီးပျက်လို့ဆိုတာကိုဥပမာပြပါတယ်။ဒီနေရာမှာစာရေးသူကသူတို့မှားနေတာကိုရှင်းပြပါတယ်။မြန်မာပြည်မှာလျှပ်စစ်ဓာတ်အားထုတ်လုပ်တာဟာပြည်ထောင်စုအဆင့်ပါ။တိုင်းနှင့်ပြည်နယ်တွေကိုလုပ်ပိုင်ခွင့်မပေးထားပါ။ပြည်နယ်တိုင်းတွေကသူတို့မြို့တွေမှာလျှပ်စစ်မီးလုံလောက်အောင်ဘယ်လိုလုပ်မလဲတင်ပြရင်အထက်ကပယ်ချပါတယ်။ဒါလဲအိုကေပါ။သူ့လုပ်ပိုင်ခွင့်ပါ။ဥပမာသင်္ဘောနဲ့မီးပေးမယ်ဆိုရင်မလိုဘူးပေါ့။

ရန်ကုန်မှာမီးပျက်ပါတယ်။ဒီမိုထောက်ခံသူရောကန့်ကွက်သူပါအော်ပါတယ်။အဲ့ဒီဝန်ကြီးရှာမတွေ့ပါ။အဆဲခံအလှောင်ခံရတော့ဝန်ကြီးချုပ်တွေပါ။သာမန်လူတွေကဘယ်သူ့မှာတာဝန်ရှိလဲခွဲခြားဖို့ခက်ပါတယ်။တချိန်ထဲမှာဂန်ဒူးနိုင်ငံရေးသမားတွေကကွီးဖြိုးကပြောပြီးဘာမှမဖြစ်သရောင်ဖွပါတယ်။အဲ့ဒီအချိန်မှာဘဲဉာဏ်နည်းသူအမျိုးများသူငယ်ချင်းများကတာဝန်ရှိသူဝန်ကြီးကိုအပစ်မမြင်ဘဲကွီးဖြိုးကိုအပြစ်တင်ပါတယ်။

NLD အစိုးရလက်ထက်မှာဝန်ကြီးအချို့ကိုပြောင်းဖို့ပြင်ပါတယ်။ဒါပေမယ့်ဂန်ဒူးနိုင်ငံရေးသမားတွေကပြောင်းမရအောင်ကောလဟာလလိုထုတ်ပြီးသူတို့ဖြုတ်လိုတယ့်NLD ဝန်ကြီးချုပ်တွေနာမည်နဲ့တွဲထုတ်ပါတယ်။ဒါနဲ့အစီအစဉ်တွေပျက်ပါတယ်။

ဒီနေရာမှာရန်ကုန်ကအလုပ်သမားတွေဆန္ဒပြတော့ကွီးဖြိုးကကင်မရာရှေ့မှာထွက်ရှင်းလိုက်တာမှတ်မိမှာပါ။ဘယ်ပြည်ထောင်စုဝန်ကြီးမှဆင်းမလာပါ။ဒါကနိုင်ငံရေးသမားအနေနဲ့နိုင်ငံရေးအရစွန့်စားလုပ်သွားတာပါ။နောက်ပြဿနာတွေလဲသူရှင်းသွားပါတယ်။ဒါကြောင့်အလုပ်သမားနေ့လုပ်တော့အလုပ်သမားတွေကသူ့နာမည်ကိုအကြီးအကျယ်ခေါ်ပြီးသူတို့ချစ်ခင်ကြောင်းပြကြပါတယ်။ပြည်ထောင်စုဝန်ကြီးကိုရှိတယ်လို့တောင်မထင်ပါ။အလုပ်သမားအများစုကသူ့ကိုသာမဲပေးမှာဖြစ်ကြောင်းအချို့ကသူ့ကိုတွေ့လိုလို့ဒီပွဲကိုလာတက်တာဖြစ်ကြောင်းသတင်းထောက်တွေကိုပြောပါတယ်။စရဖလဲသိပါတယ်။

လျှပ်စစ်ကိုပြန်သွားပါ့မယ်။လျှပ်စစ်မှာမီးကိုခိုးသုံးနေသူတွေရှိပါတယ်။ယူနီဖောင်းနေရာမှာရောအဘသားသမီးတွေရောအစုံပါ။ဒါကိုဝန်ကြီးအနေနဲ့လိုက်ဖော်ထုတ်ပြီးတောင်းပြရပါမယ်။ဒါကနိုင်ငံရေးပါ။ပြီးရင်မီတာတက်တာကိုကွီးဖြိုးကရှင်းပြသလိုအမြဲပြည်သူကိုရှင်းပြနေရပါမယ်။

လက်ရှိဒုဝန်ကြီးကပညာရပ်ပိုင်းမှာအလွန်တော်ပါတယ်။လေးစားပါတယ်။ဒါပေမယ့်လွှတ်တော်မှာမီးမပြတ်ချင်ရင်ဘတ်ဂျက်မဖြတ်နဲ့ပြောတာမျိုးကနိုင်ငံရေးအမြင်မရှိတာကိုပြပါတယ်။ယခုကတော့မီတာခကိစ္စရှင်းပြဖို့ကိုလော်ဘီလက်ထဲထားခဲ့ရပါတယ်။

ဒါကြောင့်နိုင်ငံရေးသမားတွေကဝန်ကြီးဖြစ်ရပါမယ်။ပညာရှင်တွေကိုအကြံပေး၊ဒုဝန်ကြီးခန့်ပြီးအုပ်ချုပ်လို့ရပါတယ်။နိုင်ငံရေးသမားဟာပြဿနာကိုနိုင်ငံရေးအနေနဲ့ချဉ်းကပ်ပါတယ်။ဥပမာရန်ကုန်မီးမလာတဲ့အကျိုးအပြစ်ကိုနိုင်ငံရေးနဲ့တွက်ပြီးပြင်ပါတယ်။ထို့အတူဘဲတံတားဆောက်ရင်နိုင်ငံရေးသမားကနိုင်ငံရေးအရဆုံးဖြတ်ပြီးပြည်သူကိုချပြစည်းရုံးပါတယ်။ပညာရှင်ကတော့ပြည်သူပါလာပြီးရင်ပုံစံစွဲဆောက်ရုံပါ။

ဒါကြောင့်စာရေးသူအမြဲရေးပါတယ်။ကွီးဖြိုးလိုနိုင်ငံရေးသမားတွေဝန်ကြီးထဲမှာများများရှိသင့်ပါတယ်။

400 views0 comments

Comments


bottom of page