ဘင်္ဂါလီကိစ္စ
ဒီမိုများအားလုံးဘင်္ဂါလီကိစ္စကိုမပူပါနဲ့။အစိုးရကသူ့အဖွဲ့ဖွဲ့ထားပါတယ်။ဖိလစ်ပိုင်၊ဂျပန်နဲ့ဒေါက်တာအောင်ထွန်းသက်ပါတယ့်အဖွဲ့ပါ။အစိုးရကအထောက်အထားတောင်းချိန်မှာအပြင်ကစွတ်စွဲသူများကမပေးခဲ့ပါ။ယခုအဆိုပါအဖွဲ့ကိုပေးလို့လားအဖွဲ့ကသူ့ဖာသာသတင်းရတာလားတော့မသိပါ။အဲ့ဒီအဖွဲ့ကတပ်ကိုစုံစမ်းခိုင်းလို့တွေ့တာပါ။
စည်းကမ်းဖောက်တာလုပ်ထားရင်အမိန့်မနာခံဘဲလုပ်ထားရင်တော့ခံရမှာပါ။ဒေသခံအစွန်းရောက်အဖွဲ့တွေပြစ်မှုကျူးလွန်ရာမှာပါဝင်နေရင်လဲအပြစ်ဒဏ်ခံရပါမယ်။ဒါဟာအစိုးရရဲ့စုံစမ်းရေးအဖွဲ့အလုပ်လုပ်နေတာကိုပြတာပါ။မြန်မာပြည်မှာတရားဥပဒေစိုးမိုးလာတာကိုပြတာပါ။ရန်သူကိုတိုက်ရမှာဖြစ်ပေမယ့်ဥပဒေအတိုင်းသာဆောင်ရွက်ရမှာပါ။ဒီလိုလုပ်လိုက်ချင်းဖြင့်ပါဝင်ထားတဲ့ဒေသခံတွေနဲ့ဖွဲ့ထားတဲ့လက်နက်ကိုင်တွေလဲတပ်ကိုခြိမ်းခြောက်လို့မရတော့ဘူးပေါ့။
ဒါဟာတိုင်းပြည်အတွက်အဆင်ပြေမှာပါ။စစ်တိုက်ရင်ဥပဒေအတိုင်းပိုလုပ်တန်လာမှာပါ။တရားစီရင်ပြီးပြန်မလွှတ်ပေးဖို့သာအရေးကြီးမှာပါ။
Comments