top of page
Search
Writer's pictureMyat Tun Oo

မိုးကျနဲ့ ဒီမို ဘယ်သူ့ကို တန်ဖိုးထားလဲ


စာရေးသူက “မိုးကျတော့ မရွေးပါနဲ့ မေမေ” https://www.myattunoo.com/post/မ-က-တ-မရ-ပ-န-မ-မဆိုပြီး ဆောင်းပါးရေးအပြီးမှာ ၂၀၂၁ တိုင်း/ပြည်နယ် ဝန်ကြီးချုပ် ရာထားသူတွေထဲမှာတော့ မိုးကျမပါတာ တွေ့ရပါတယ်။ တိုက်ဆိုင်တာသာ ဖြစ်နိုင်ပေမယ့် ကျေနပ်ပါတယ်။ အဲ့ဒီတင်တဲ့နေ့မှာဘဲ ကျော်ဇေယျက တပ်နဲ့ပေါင်းပြီး ရန်ကုန်အစိုးရကို အယုံအကြည်မရှိကြောင်း အဆိုတင်ခဲ့ပါတယ်။



ဒါအပြီးမှာ မေမြို့ကနေ မိုးကျတစ်ယောက်က အမတ်ဖြစ်ဖို့ ဂျာနယ်တွေနဲ့ အင်တာဗျူး၊ လော်ဘီတွေကတဆင့် အော်တာတွေ ကြားခဲ့ပါတယ်။ သူ့နောက်ကြောင်းသိပေမယ့် ဝင်မပြောခဲ့ပါ။ NLD ကနောက်ဆုံးရွေးတဲ့ ကိုယ်စားလှယ်စာရင်းမှာတော့ သူပါမလာခဲ့ပါဘူး။ NLD က CEC တွေတော်တယ်လို့ပြောရပါမယ်။ သူ့ကို မရွေးတာ သိချိန်မှာဘဲ သူဟာ Facebook ပေါ်ကနေ NLD ပါတီကို စောင်းမြောင်းရေးလာတာတွေ့ရပါတယ်။ စာဖတ်သူများက ဆရာရေးတဲ့အတိုင်း ဖြစ်နေပြီဆိုပြီး လာပြလို့သိတာပါ။


ဒီနေရာမှာ မိုးကျနဲ့ ဒီမိုစစ်စစ်တွေ ဘာကွာလဲဆိုတာ DASSK နဲ့ NLD ခေါင်းဆောင်တွေသိအောင်ရေးပြပါမယ်။


ပထမက ဘဘဦးတင်ဦးနဲ့ ဘထိန်တို့ဟာ တပ်ထွက်ဆိုပေမယ့် သူတို့ဟာ သူတို့ရဲ့ ဒီမိုအတွက် သစ္စာစောင့်သိမှုကို ထောင်ထဲဝင်ပြီး ပြသွားခဲ့ပါတယ်။ နောက်သာဝန်ကြီး။ သူ့ကိုလဲ တပ်ကအရေးယူဖို့ ပေါ်တင်ပြောရတဲ့အထိ သူကလဲ ဒီမိုဘက်ကို ပြောင်းလာခဲ့သူပါ။ ဒါတွေကို ကျော်ပြီး ပုံမှန်မိုးကျများကိုလေ့လာရအောင်။ တပ်ထဲမှာက အရာရှိတွေရဲ့ မိန်းမများဟာ သူတို့အထက်အရာရှိရဲ့ မိန်းမများခိုင်းတာကို လုပ်ပေးရလေ့ရှိပါတယ်။ ကျွန်လိုပါဘဲ။ ဒါကြောင့် သူတို့လုပ်ပုံကိုင်ပုံဟာ သာမန်ဒီမိုတွေရဲ့မိန်းမတွေထက် အပိုးကျိုးတာ ခိုင်းကောင်းတာတွေရှိနိုင်ပါတယ်။ သူတို့က အဖားတော်ပါတယ်။ ဒါကိုသာယာနိုင်ပါတယ်။


နောက်မိုးကျတွေရဲ့ ယုံကြည်ချက်ပါ။ သူတို့ဟာ DASSK ကခေါ်လို့ ဒီမိုတွေမလုပ်တတ်လို့ လာလုပ်တာဆိုတဲ့ အထာကိုင်တဲ့အချိုးတွေ ချိုးတတ်ကြပါတယ်။ အထက်စီးနဲ့ စကားပြောတာပေါ့။ နိုင်ငံရေးဆိုတာ MA (Defence) မှာ သင်ခဲ့ရတာထက် အများကြီး ပိုပါတယ်။ နိုင်ငံရေးဟာ စစ်တိုက်တာထက်အများကြီးပိုပါတယ်။ အမှန်တကယ်တော့ အရပ်သားနိုင်ငံရေးသမားတွေက သူတို့ထက် ၁၀ ဆ ပိုတတ် ပိုတော်ပါတယ်။ မယုံရင် DASSK နားက မိုးကျဝန်ကြီးတွေကို ထွေအုပ်ဝန်ကြီးအနေနဲ့ ဖြစ်ဖြစ်၊အလုပ်သမားဝန်ကြီးအနေနဲ့ ဖြစ်ဖြစ် လှိုင်သာယာက အလုပ်သမားပြဿနာကို သူတို့အသုံးကျတယ်လို့ထင်ရင် ရှင်းခိုင်းကြည့်ပါ။ အလုပ်သမားဆန္ဒပြပွဲဟာ ထိုမိုးကျတွေသာ ဆင်းရှင်းရင် သာမန်ဆန္ဒပြမှုကနေ ၈၈ လောက်ဖြစ်သွားမှာပါ။ ဒါဆိုရင် တပ်ဝင်လာပြီး အစိုးရလဲ ပြဿနာတက်မှာပါ။ ဒါမျိုးတွေကိုကာကွယ်ပေးခဲ့တာက အရပ်သား နိုင်ငံရေးသမားတွေပါ။ ဥပမာအနေနဲ့ ဟိုဘစိန်လက်ထက် သမ္မတရုံးဝန်ကြီး အောင်မင်းနဲ့စိုးသိန်း ကျောင်းသားဆန္ဒပြတာကို သွားရှင်းတာ ဘာဖြစ်သွားခဲ့လဲ အားလုံးမှတ်မိမှာပါ။


နောက်သူတို့တွေဟာ သူတို့တပ်ထဲမှာရှိစဉ်က သူတို့ရာထူးပြုတ်မှာစိုးလို့ DASSK နဲ့ ကင်းကင်းနေခဲ့သူများပါ။ သူတို့မပြောနဲ့ သူတို့မိန်းမတွေ သူတို့သမီးတွေတောင် DASSK ကိုမတွေ့ရဲခဲ့ပါ။ ယခုစာရေးသူတောင် ဘယ်သူပါလို့မပြောရဲသေးပါ။ ရာထူးကြီးလေ ပိုကြောက်လေပါ။ သူတို့တွေကိုတပ်ကဟောက်လိုက်တာနဲ့ ငြိမ်သွားမယ့်သူများပါ။ ဒီမိုတွေကတော့ မိမိတို့ရဲ့ ယုံကြည်ချက်ကြောင့်အကျဉ်းချခံရသူများပါ။


စာရေးသူအနေနဲ့ကတော့ ဦးစိုးဝင်းလို လူမျိုးတွေကို တန်ဖိုးထားလေးစားပါတယ်။ သူတို့လို ဒီမိုတွေကDASSK ကို ပါရမီဖြည့်ခဲ့လို့ ဒီမို ၇၅% ကို ရလာတာပါ။ အလွန်နှမြောပါတယ်။ ထပ်ပြောပါ့မယ်။ မိုးကျဆိုရင် ဘယ်သူ့ကိုမှ တန်ဖိုးမထားပါနဲ့။ ဒီစကားဟာ ၉၅% မှန်ဖို့သေချာပါတယ်။ သူတို့ထောင်ထဲကို ဝင်ပြမှသာ ယုံလိုက်ပါ။ ဒါစကားအကုန်ပါဘဲ။ ဦးစိုးဝင်းကိုတော့ လေးစားပါတယ်။ သူ့အိမ်ကိုတွေ့ရချိန်မှာ ဒီမိုတွေရဲ့ ပေးဆပ်မှုကိုလဲ နားလည်ခံစားမိပါတယ်။ ဦးစိုးဝင်း ကောင်းရာသုဂတိ လားပါစေ။

407 views2 comments

2 comentários


Myat Tun Oo
Myat Tun Oo
28 de jul. de 2020

ဦးစိုးဝင်းက စံပြုထိုက်သူပါ။

Curtir

Myint Soe Oo
Myint Soe Oo
27 de jul. de 2020

ဦးမြတ်! ကွယ်လွန်သူ [ ဦးစိုးဝင်း] ၏ အိမ်ဂေဟာကို Fb ပေါ်မှာတွေ့လိုက်ရလို့ ဤစာစု ရေးဖြစ်မိပါသည်။

လူသားများသာ ချမ်းသာကို ရှာဖွေကြပါသည်။ စားဝတ်နေအတွက် ငွေကြေးဓနကို ဦးစားပေးရှာဖွေကြရာဝယ် ***( ဓနငွေကြေး ရိက္ခာအတွက် ကိုယ်ကျင့်တရား သိက္ခာနှင့် လဲ ဝယ်ယူသူ ရှိသလို ၊ ရိက္ခာထက် သိက္ခာကို ဖက် မေတ္တာအရေးထား သစ္စာကို အသက်သွေးပမာ ကိုးကွယ်သူများလည်းရှိကြပါသည်။ )

မိမိကိုယ်ကို မိမိစစ်ဆေး မေးမြန်းမိပါသည်။

စားဝတ်နေ ရိက္ခာအတွက် (အလွန်အမင်း ချမ်းသာကြွယ်ဝမှု) မည်သို့ရှုမြင်အပ်ပါသနည်း။

မကြာခဏတင်ပြခဲ့သော ထောပတ်အိုးနှိုက် ဥပမာကဲ့သို့သာတည်း။ လက်ဖြောင့်ဖြောင့်လေးနဲ့ နှိုက်ရင် တဝမ်း ဝ၊ တစ်ခါး မျှရုံသာ။ လက်ကို အစွမ်းကုန် ကွေးကောက်ပြီးနှိုက်ရင်တော့ ဇနီးမယား သမီးသားနှင့် ဥာတကာဆွေမျိုး ဝဖြိုးတဲ့ အကျိုးရပါသည်။ကျန်သူအတွက် ဝေစု ဘယ်လိုရှုကြမလဲ။

ကောက်ကွေ့ မှာလား?

အဖြောင့်နဲ့ တွေ့ချင်တာလား?

ကိုယ်ကျင့်တရား သိက္ခာနှင့်ဆိုင်လာပါသည်။

ရိက္ခာဦးစားပေးလွန်းလျှင် ဝိသမလောဘအဆင့် ရောက်ရှိခါ

ကိုယ်ကျင့်သီလ သိက္ခာပျက်ယွင်း

ပြီး ပတ်ဝန်းကျင်လူသူလေးပါးအပေါ် (မေတ္တာမထား) မလေးစားတော့ပါ။ အခြားသူအား သနားကြင်နာခြင်း(ကရုဏာ)ပျက်ယွင်းရပါပြီ။ လူသူလေးပါးကလည်း မိမိအပေါ် မလေးစားအရေးမထား မြို့မေတ္တာခံယူရမည့်သား အဖြစ် မတင့်တယ် လူသူလေးပါးရဲ့ ရင်ဝယ်မှာ လူဆိုးအဖြစ် အမြစ်တွယ် သူတို့၏ ချစ်ခင်မှုနယ်မှ နှင်ထုတ်ကြပါသည်။

ကိုယ်ကျင့်သိက္ခာဆိုသည်မှာ မည်သည့်ဘာသာဝင်မဆို လူမျိုးတိုင်း လူမျိုးတိုင်း လိုက်နာကျင့်သုံးမှသာ ချမ်းသာကြပါသည်။ ကိုယ်ကျင့်တရား မွဲလျှင် ဆင်းရဲပါသည်။

ရိက္ခာကို (ဝိသမလောဘဖြင့်ရှာဖွေခြင်းကြောင့်) ချမ်းသာသော်လည်း

ပတ်ဝန်းကျင်ရဲ့အမြင်မှာတော့? ?

ကိုယ်ကျင့်ဆင်းရဲသမို့ ကဲ့ရဲ့ညိုညင်ပြစ်တင်မှုကို ခံရပါသည်။ ပစ္စပ္ပန်မှာ မကောင်း! သံသရာမှာလည်း အဟောင်းပဲ စားရပါတော့မည်။

မေတ္တာတရားရှိသူဟာ သစ္စာကိုကြိုက်သဖြင့် ရိက္ခာအတွက် မမိုက်။ ကိုယ်ကျင့်တရားကို နှစ်ခြိုက်သဖြင့် လူသူလေးပါး ကြိုက်ကြပါသည်။


Curtir
bottom of page