top of page
Search
Writer's pictureMyat Tun Oo

မြောက်ပိုင်းအဖွဲ့ဆက်တိုက်ရင်ဘာဖြစ်မလဲ?


ေျမာက္ပိုင္းအဖြဲ႕ဆက္တိုက္ရင္ဘာျဖစ္မလဲ?

DASSK မတက္ခင္NCA ထိုးခ်ိန္မွာေျမာက္ပိုင္းသံုးဖြဲ႕မပါရလို႔ဂ်ပုကစည္းကမ္းထုတ္ခဲ့ပါတယ္။ဒါနဲ႔သူတို႔ကလဲအခါအားေလွ်ာ္စြာဟိုဝင္တိုက္ဒီဝင္တိုက္လုပ္ပါတယ္။ေနာက္ပိုင္းDASSK ကသြယ္ဝွက္ဖိအားနဲ႔သူတို႔ေတြကိုေၾကညာခ်က္ထုတ္ရင္အေဆြးေႏြးခံမယ္ဆိုတဲ့သေဘာထားအထိဂ်ပုကေပ်ာ့ေျပာင္းလာခဲ့ပါတယ္။ဒါဟာ၂၀၀၈ေျခဥအခင္းအက်င္းၾကားထဲကDASSK လုပ္ေဆာင္ခဲ့တာပါ။ေနာက္ဆံုးဂ်ပုကတစ္ဖက္သတ္အပစ္ရပ္တဲ့အထိအေျခအေနကေကာင္းလာခဲ့ပါတယ္။ဒါေပမယ့္၂၀၁၉ဇန္နဝါရီ၄ရက္ဓာတ္ခဲကဝင္တိုက္အၿပီးမွာအဲ့ဒီတိုးတက္မႈေတြဟာေနာက္ဆုတ္သြားခဲ့ပါတယ္။

ဒီေနရာမွာဓာတ္ခဲေျပာေရးဆိုခြင့္ရွိသူကမီဒီယာေတြကိုတပ္ကဘယ္လိုက်တာဘယ္လိုေသတာေျပာေလ့ရွိပါတယ္။သူတို႔ဘယ္လိုႏိုင္ေနေၾကာင္းေပါ့။ျပည္သူေတြကလဲဟိုဗိုလ္ႀကီးမလိုေကာ္လန္ဖားလႊတ္ေတာ္ထဲကတပ္အမတ္အခ်ိဳ႕ရဲ႕စကားေျကာင့္တပ္ကိုလူမုန္းမ်ားၿပီးဓာတ္ခဲဘာေျပာေျပာယံုလိုက္တာပါဘဲ။ဒီဗိုလ္ႀကီးကဘာမွစစ္တိုက္တတ္သူမဟုတ္သလိုစစ္ဗိုလ္ဆရာဝန္မလဲမဟုတ္ပါ။သူဟာဒီလိုဗိုလ္ျဖစ္ရဖို႔ဘာမဆိုလုပ္မည့္သူမ်ိဳးပါ။သူကလႊတ္ေတာ္ထဲမွာေျပာေလျပည္သူကမုန္းေလပါ။ဒါေပမယ့္ယခုေျမာက္ပိုင္းကိုဝင္တိုက္ၿပီးဒါဟာသူတို႔ကိုတပ္ကစစ္ေရးအရဖိအားေပးလို႔တိုက္ရတာပါဆိုၿပီးလုပ္ပါတယ္။

ယခုလိုတိုက္ပြဲေတြျဖစ္လို႔တိုင္းျပည္ကတ႐ုတ္ကိုပို႔ကုန္ထိခိုက္ပါတယ္။ထို႔အတူပါဘဲတ႐ုတ္ကေနျမန္မာျပည္ထဲကိုသြင္းကုန္ေတြမဝင္ႏိုင္ပါဘူး။နယ္စပ္မွာကတ႐ုတ္ကပံုမွန္မွာကုန္သြယ္ေရးအရပိုေငြျပေနတာပါ။တ႐ုတ္ကုန္မသြင္းႏိုင္တာကျမန္မာကုန္မပို႔ႏိုင္တာထက္ပိုထိပါမယ္။ျမန္မာလူမ်ိဳးကတ႐ုတ္ကုန္ပစၥည္းကိုႏွစ္လေလာက္ေနလို႔မရရင္ထိုင္းတို႔အိႏၵိယတို႔ကစသြင္းမွာပါ။ေစ်းႀကီးႏိုင္ေပမယ့္အရည္အေသြးပိုေကာင္းႏိုင္ပါတယ္။ေရရွည္မွာသူတို႔ကပိတ္တိုက္ေလတ႐ုတ္ကိုကုန္သြယ္ေရးမွီခိုမႈကင္းလာေလေတာင္ျဖစ္လာႏိုင္ပါတယ္။ဒါကစီးပြားေရးအရအဆိုးထဲကအေကာင္းပါ။

ဒီေနရာမွာတ႐ုတ္-ျမန္မာစီးပြားေရးဟာတ႐ုတ္အတြက္မျဖစ္စေလာက္ပါအေရးမႀကီးပါလို႔ေျပာသူမ်ားရွိပါတယ္။ထို႔အတူပါဘဲျမန္မာျပည္ရဲ႕ပို႔ကုန္ကိုေလ့လာရင္တ႐ုတ္ကိုပို႔လို႔ရတဲ့ဝင္ေငြဟာနည္းပါတယ္။ဒါေပမယ့္ေရရွည္မွာေျမာက္ပိုင္းကကုန္သြယ္ေရးလမ္းေၾကာင္းကိုပိတ္ထားရင္တ႐ုတ္ရဲ႕ရပ္ဝန္းပတ္လမ္းBRI စီမံကိန္းဟာခက္လာပါမယ္။ျမန္မာအစိုးရအေနနဲ႔လဲလုပ္ခ်င္ရင္ေတာင္တ႐ုတ္နဲ႔နယ္စပ္မွာသူပုန္ေတြေသာင္းက်န္းေနရင္ဘာစီမံကိန္းမွလုပ္မရပါ။ခြင့္ျပဳလို႔မရပါ။

ဒါဆိုတ႐ုတ္အေနနဲ႔ဒီသူပုန္ေတြကိုထိန္းခ်ဳပ္ဖို႔လိုလာပါမယ္။သူတို႔ရဲ႕ပင္မေရေသာက္ျမစ္ကိုျဖတ္ဖို႔စဥ္းစားရပါမယ္။သူတို႔ဘယ္မွာေနတယ္၊ဘယ္ကဝင္ေငြရတယ္၊ဘာအင္တာနက္သံုးတယ္ဆိုတာတ႐ုတ္သိပါတယ္။မသိရင္စင္ကာပူေထာက္လွမ္းေရးကိုေမးလို႔ရပါတယ္။တ႐ုတ္အေနနဲ႔ခြထိုင္ေနလို႔မရပါ။ဝနဲ႔ေျမာက္ပိုင္းကိုေရြးမလားအစိုးရကိုေရြးမလားစဥ္းစားရပါမယ္။တ႐ုတ္အေနနဲ႔မိမိတို႔ေဒသမူးယစ္တိုက္ဖ်က္ေရးအရကိုဘာေတြျဖစ္ေနလဲေလ့လာသင့္ပါတယ္။

ကုလမွာကာကြယ္ေပးေနလို႔ဒီမိုအစိုးရကေက်းဇူးတင္စရာမရွိပါ။ႀကိဳက္တာလုပ္လို႔ရပါတယ္။တ႐ုတ္ကာကြယ္ေပးသူကုလဆံုးျဖတ္ခ်က္ေၾကာင့္ပါသြားလဲျပည္သူေတြကေအးေဆးပါ။တ႐ုတ္အေနနဲ႔သူ႔ကိုမကာကြယ္ခ်င္ရင္ေတာင္ျမန္မာျပည္ကိုပိတ္ဆို႔မႈလုပ္ၿပီးရင္တ႐ုတ္ရဲ႕ဇင္က်န္ကိစၥနဲ႔တ႐ုတ္ကိုလဲလုပ္လာႏိုင္လို႔ဒီလိုမ်ိဳးအစဥ္အလာမျဖစ္ေအာင္ေတာ့ကုလမွာကာကြယ္ရမွာပါ။

အက်ဥ္းခ်ဳပ္ကေတာ့တ႐ုတ္အေနနဲ႔စဥ္းစားပါ။ဒီလက္နက္ကိုင္ေတြကိုေျခကုပ္မေပးဘဲမိမိေထာက္လွမ္းေရးကိုသံုးၿပီးျပတ္သားမႈကိုျပပါ။ခြထိုင္ေနရင္ေတာ့အလုပ္မျဖစ္ႏိုင္ပါလို႔ေျပာပါရေစ။BRI ဟာႏွစ္ဖက္စလံုးအတြက္ညအက်ိဳးရွိႏိုင္ပါတယ္။ဒါေပမယ့္တ႐ုတ္-ျမန္မာနယ္စပ္မွာသူပုန္ေတြကိုေမြးထားရင္ေတာ့အလုပ္မျဖစ္ႏိုင္ပါလို႔ေျပာပါရေစ။

Unicode version

မြောက်ပိုင်းအဖွဲ့ဆက်တိုက်ရင်ဘာဖြစ်မလဲ?

DASSK မတက်ခင်NCA ထိုးချိန်မှာမြောက်ပိုင်းသုံးဖွဲ့မပါရလို့ဂျပုကစည်းကမ်းထုတ်ခဲ့ပါတယ်။ဒါနဲ့သူတို့ကလဲအခါအားလျှော်စွာဟိုဝင်တိုက်ဒီဝင်တိုက်လုပ်ပါတယ်။နောက်ပိုင်းDASSK ကသွယ်ဝှက်ဖိအားနဲ့သူတို့တွေကိုကြေညာချက်ထုတ်ရင်အဆွေးနွေးခံမယ်ဆိုတဲ့သဘောထားအထိဂျပုကပျော့ပြောင်းလာခဲ့ပါတယ်။ဒါဟာ၂၀၀၈ခြေဥအခင်းအကျင်းကြားထဲကDASSK လုပ်ဆောင်ခဲ့တာပါ။နောက်ဆုံးဂျပုကတစ်ဖက်သတ်အပစ်ရပ်တဲ့အထိအခြေအနေကကောင်းလာခဲ့ပါတယ်။ဒါပေမယ့်၂၀၁၉ဇန်နဝါရီ၄ရက်ဓာတ်ခဲကဝင်တိုက်အပြီးမှာအဲ့ဒီတိုးတက်မှုတွေဟာနောက်ဆုတ်သွားခဲ့ပါတယ်။

ဒီနေရာမှာဓာတ်ခဲပြောရေးဆိုခွင့်ရှိသူကမီဒီယာတွေကိုတပ်ကဘယ်လိုကျတာဘယ်လိုသေတာပြောလေ့ရှိပါတယ်။သူတို့ဘယ်လိုနိုင်နေကြောင်းပေါ့။ပြည်သူတွေကလဲဟိုဗိုလ်ကြီးမလိုကော်လန်ဖားလွှတ်တော်ထဲကတပ်အမတ်အချို့ရဲ့စကားကြောင့်တပ်ကိုလူမုန်းများပြီးဓာတ်ခဲဘာပြောပြောယုံလိုက်တာပါဘဲ။ဒီဗိုလ်ကြီးကဘာမှစစ်တိုက်တတ်သူမဟုတ်သလိုစစ်ဗိုလ်ဆရာဝန်မလဲမဟုတ်ပါ။သူဟာဒီလိုဗိုလ်ဖြစ်ရဖို့ဘာမဆိုလုပ်မည့်သူမျိုးပါ။သူကလွှတ်တော်ထဲမှာပြောလေပြည်သူကမုန်းလေပါ။ဒါပေမယ့်ယခုမြောက်ပိုင်းကိုဝင်တိုက်ပြီးဒါဟာသူတို့ကိုတပ်ကစစ်ရေးအရဖိအားပေးလို့တိုက်ရတာပါဆိုပြီးလုပ်ပါတယ်။

ယခုလိုတိုက်ပွဲတွေဖြစ်လို့တိုင်းပြည်ကတရုတ်ကိုပို့ကုန်ထိခိုက်ပါတယ်။ထို့အတူပါဘဲတရုတ်ကနေမြန်မာပြည်ထဲကိုသွင်းကုန်တွေမဝင်နိုင်ပါဘူး။နယ်စပ်မှာကတရုတ်ကပုံမှန်မှာကုန်သွယ်ရေးအရပိုငွေပြနေတာပါ။တရုတ်ကုန်မသွင်းနိုင်တာကမြန်မာကုန်မပို့နိုင်တာထက်ပိုထိပါမယ်။မြန်မာလူမျိုးကတရုတ်ကုန်ပစ္စည်းကိုနှစ်လလောက်နေလို့မရရင်ထိုင်းတို့အိန္ဒိယတို့ကစသွင်းမှာပါ။စျေးကြီးနိုင်ပေမယ့်အရည်အသွေးပိုကောင်းနိုင်ပါတယ်။ရေရှည်မှာသူတို့ကပိတ်တိုက်လေတရုတ်ကိုကုန်သွယ်ရေးမှီခိုမှုကင်းလာလေတောင်ဖြစ်လာနိုင်ပါတယ်။ဒါကစီးပွားရေးအရအဆိုးထဲကအကောင်းပါ။

ဒီနေရာမှာတရုတ်-မြန်မာစီးပွားရေးဟာတရုတ်အတွက်မဖြစ်စလောက်ပါအရေးမကြီးပါလို့ပြောသူများရှိပါတယ်။ထို့အတူပါဘဲမြန်မာပြည်ရဲ့ပို့ကုန်ကိုလေ့လာရင်တရုတ်ကိုပို့လို့ရတဲ့ဝင်ငွေဟာနည်းပါတယ်။ဒါပေမယ့်ရေရှည်မှာမြောက်ပိုင်းကကုန်သွယ်ရေးလမ်းကြောင်းကိုပိတ်ထားရင်တရုတ်ရဲ့ရပ်ဝန်းပတ်လမ်းBRI စီမံကိန်းဟာခက်လာပါမယ်။မြန်မာအစိုးရအနေနဲ့လဲလုပ်ချင်ရင်တောင်တရုတ်နဲ့နယ်စပ်မှာသူပုန်တွေသောင်းကျန်းနေရင်ဘာစီမံကိန်းမှလုပ်မရပါ။ခွင့်ပြုလို့မရပါ။

ဒါဆိုတရုတ်အနေနဲ့ဒီသူပုန်တွေကိုထိန်းချုပ်ဖို့လိုလာပါမယ်။သူတို့ရဲ့ပင်မရေသောက်မြစ်ကိုဖြတ်ဖို့စဉ်းစားရပါမယ်။သူတို့ဘယ်မှာနေတယ်၊ဘယ်ကဝင်ငွေရတယ်၊ဘာအင်တာနက်သုံးတယ်ဆိုတာတရုတ်သိပါတယ်။မသိရင်စင်ကာပူထောက်လှမ်းရေးကိုမေးလို့ရပါတယ်။တရုတ်အနေနဲ့ခွထိုင်နေလို့မရပါ။ဝနဲ့မြောက်ပိုင်းကိုရွေးမလားအစိုးရကိုရွေးမလားစဉ်းစားရပါမယ်။တရုတ်အနေနဲ့မိမိတို့ဒေသမူးယစ်တိုက်ဖျက်ရေးအရကိုဘာတွေဖြစ်နေလဲလေ့လာသင့်ပါတယ်။

ကုလမှာကာကွယ်ပေးနေလို့ဒီမိုအစိုးရကကျေးဇူးတင်စရာမရှိပါ။ကြိုက်တာလုပ်လို့ရပါတယ်။တရုတ်ကာကွယ်ပေးသူကုလဆုံးဖြတ်ချက်ကြောင့်ပါသွားလဲပြည်သူတွေကအေးဆေးပါ။တရုတ်အနေနဲ့သူ့ကိုမကာကွယ်ချင်ရင်တောင်မြန်မာပြည်ကိုပိတ်ဆို့မှုလုပ်ပြီးရင်တရုတ်ရဲ့ဇင်ကျန်ကိစ္စနဲ့တရုတ်ကိုလဲလုပ်လာနိုင်လို့ဒီလိုမျိုးအစဉ်အလာမဖြစ်အောင်တော့ကုလမှာကာကွယ်ရမှာပါ။

အကျဉ်းချုပ်ကတော့တရုတ်အနေနဲ့စဉ်းစားပါ။ဒီလက်နက်ကိုင်တွေကိုခြေကုပ်မပေးဘဲမိမိထောက်လှမ်းရေးကိုသုံးပြီးပြတ်သားမှုကိုပြပါ။ခွထိုင်နေရင်တော့အလုပ်မဖြစ်နိုင်ပါလို့ပြောပါရစေ။BRI ဟာနှစ်ဖက်စလုံးအတွက်ညအကျိုးရှိနိုင်ပါတယ်။ဒါပေမယ့်တရုတ်-မြန်မာနယ်စပ်မှာသူပုန်တွေကိုမွေးထားရင်တော့အလုပ်မဖြစ်နိုင်ပါလို့ပြောပါရစေ။

1,490 views0 comments

Comentários


bottom of page